လေးကေ့ကော် တိုက်ပွဲ (၂) ရက်အတွင်း စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေ

Written by

in

RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

စစ်ကောင်စီတပ်က စဖွင့်လိုက်သည့် တိုက်ပွဲများကြောင့် ၂ ရက်အတွင်း လေးကေ့ကော်၊ မယ့်ထော်သလေး စသည့်ကျေးရွာများက စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိနေပြီး ထိုင်းနိုင်ငံအတွင်း ၁၅၀၀ ကျော်ယနေ့ ရောက်ရှိသွားကြောင်း သိရသည်။

‌မြဝတီမြို့တောင်ဘတ် (၁၀) ဝန်းကျင်က KNU တပ်မဟာ (၆) နယ်မြေ လေးကေ့ကော်မြို့သစ်က ရပ်ကွက်အတွင်းစစ်ကောင်စီတပ်များ အင်အားအလုံးအရင်ဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့နံနက်စောစော ဝင်ရောက်ရှာဖွေခြင်း၊ KNU ထံ ခိုလှုံသူတချို့ကို ဖမ်းဆီးခြင်း စသည်တို့ကို လုပ်ခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်က စတင်ကာ လက်နက်ကြီးပစ်ပြီး စစ်ပွဲကို စတင်ခဲ့ကြောင်း သိရသည်။

လေးကေ့ကော်နှင့် မယ့်ထော်သလေးကျေးရွာများမှစစ်ဘေးရှောင်ပြည်သူများကို ထိုင်းနိုင်ငံမဲဆောက်မြို့ မယ်တောင်ကန်ကျေးရွာ မယ့်တောင်ကန်းစာသင်ကျောင်းတွင်လက်ခံထားရှိကြောင်း၊ လူဦးရေ ၁၅၀၀ ကျော်လောက်ရှိနေပြီး၊ ထိုင်းဘက်နယ်စပ် အခြမ်းတွင်း လက်နက်ကြီးကျရောက်နိုင်ပြီး မလုံခြုံသည့်အတွက် စာသင်ကျောင်းကိုနေရာရွှေ့ခြင်းဖြစ်ကြောင်း သိရသည်။

” မဲဆောက်လူထုဆုံမှတ်အနေနဲ့ စစ်ဘေးရှောင်များထံသွားရောက်ကာအဝတ်အထည်များ၊ အစားအစာနဲ့ သောက်ရေများတက်စွမ်းသ၍သွားရောက်ကူညီပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းညီအကိုမောင်နှမများအနေနဲ့ တက်စွမ်းသ၍ပါဝင်ကူညီပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်၊ စစ်ဘေးရှောင်များအတွက် အစား အသောက်နဲ့ဆေးဝါးများ ယာယီလိုအပ်နေဦးမှာဖြစ်ပါတယ်” ဟု မဲဆောက်လူထုဆုံမှတ်(MCF)က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ ၏ တပ်များသည် လေးကေ့ကော်မြို့တွင်းသို့ ထပ်မံဝင်ရောက်ပြီး ရှာဖွေ စစ်ဆေး ဖမ်းဆီးမှုများလုပ်သည့်အပြင် ပြည်သူလူထု၏ နေအိမ်အချို့ကို ဖျက်ဆီးမှုများပြုလုပ်သောကြောင့် နံနက် ၁၀း၀၀ နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း – ၂၇ ( ပူးပေါင်းတပ်ဖွဲ့ ) နှင့် အာဏာသိမ်း စစ်ကောင်စီ၏ တပ်တို့ကြား ထိတွေ့ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *