Tag: စစ်ကိုင်းတိုင်း

  • ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများတွေ့ရှိ

    ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများတွေ့ရှိ

    RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများ တွေ့ရှိသဖြင့် သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့ရဲဘော်များ သွာရောက်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

    ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများ၊ မပေါက်ကွဲသေးသည့်လက်နက်ကြီးအစစ် အဖူးများ စသည်တို့ကိုတွေ့ရှိပါက ကိုင်တွယ်ခြင်း မီးရှို့ခြင်းနှင့် လက်တည့်စမ်းပစ်ခတ်ခြင်း၊ လွှင့်ပစ်ခြင်းများမပြုလုပ်ကြရန် သတိပေးထားပြီး၊ တွေ့ရှိပါက နီးစပ်ရာ PDF တပ်ဖွဲ့များ အကြောင်း ကြားပေးရန် အသိပေးကြေဘာထားသည်။

    နွေဦးတော်လှန်ရေးကာလ လက်နက်အစစ်ရှားပါးသည့်အတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ်လက်နက်ကြီးများပြုလုပ်ကာ စမ်းသပ်မှုများပြုလုပ်နေကြရကြောင်း၊ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့မှာလည်း ကေါက်ကွဲမှု မရှိကြောင်း သိရသည်။

    #RedNewsAgency

  • ချင်းတွင်းဒေသရောက်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

    ချင်းတွင်းဒေသရောက်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

    RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ချင်းတွင်းဒေသအတွင်း လက်နက်တပ်ဆင်ပေးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် – ABSDF) သင်တန်းဆင်းရဲဘော်များ ပြန်လည်ရောက်ရှိလာသည့်အတွက် ပြည်သူများက အောင်သပြေပန်းများဖြင့် ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။

    ” လက်နက်တပ်ဆင်အပြီး ချင်းတွင်းဒေသကို ပြန်လည်ရောက်ရှိလာတဲ့ အမှတ်စဉ် (၁) သင်တန်း ဆင်း ABSDF ရဲဘော်တွေကို ဖေဖော်ဝါရီ(၂၄) ရက် ညနေ (၃) နာရီမှာ ဒေသခံပြည်သူ​တွေက အောင်သပြေပန်းတွေနဲ့ ဝမ်းသာအားရကြိုဆိုခဲ့ကြတယ်” ဟု Nothern ABSDF က ယနေ့ အသိပေးထားသည်။

    (more…)

  • တပ်ဖွဲ့ဝင် ၂၅၁ ယောက်ရှိသည့် NUG အသိအမှတ်ပြု တပ်ရင်းမှာ သိန်း (၄၀၀) အကြွေးတင်နေ

    တပ်ဖွဲ့ဝင် ၂၅၁ ယောက်ရှိသည့် NUG အသိအမှတ်ပြု တပ်ရင်းမှာ သိန်း (၄၀၀) အကြွေးတင်နေ

    RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် တပ်ရင်း (၁၇) B.21 Kani -PDF မှာ လက်နက်ဝယ်ယူထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေသည်ဟု ယနေ့ ပြည်သူများကို အသိပေးထားသည်။

    တပ်ဖွဲ့ဝင် (၂၅၁) ဦးရှိသည့် B.21 Kani PDF တွင် NUG မှ လက်နက် (၁) လက်မှမရှိသေးကြောင်း၊ M4 A1 (၂) လက် အကြွေးနှင့်ဝယ်ထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေကြောင်း၊ တပ်ဖွဲ့ဝင်များ၏ စားသောက်နေထိုင်ရေးကို ဒေသခံ ရွာများမှ ကူညီနေကြောင်း သိရသည်။

    (more…)

  • တရားမဝင်ခိုးတူးလုပ်ငန်းရှင်များက စစ်ရှောင်ရွှေ့ပြောင်း‌နေအိမ်များကို ဖယ်ရှားခိုင်း

    တရားမဝင်ခိုးတူးလုပ်ငန်းရှင်များက စစ်ရှောင်ရွှေ့ပြောင်း‌နေအိမ်များကို ဖယ်ရှားခိုင်း

    RNA_ဖားကန့်၊ဖေဖော်ဝါရီ (၂၁)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့်အတွက် စစ်ကိုင်းတိုင်းမှ စစ်ဘေးရှောင် ရွှေ့ပြောင်းလုပ်သားအများစုနေထိုင်သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ရတနာနယ်မြေအတွင်းမှ နေအိမ်များကို တရားမဝင်ခိုးတူးနေသည့် လုပ်ငန်းရှင်များက ဖယ်ရှားခိုင်းနေကြောင်း သိရသည်။

    ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာအနီးရှိ မြေလွတ်နေရာပေါ်မှာ နေထိုင်ကြသည့် အိုးအိမ်များပျက်စီးပြီး အသက်ဘေးမှလွတ်လာသည့် စစ်ကိုင်း တိုင်းအတွင်းမှ ဒုက္ခသည်စစ်ဘေးရှောင်ပြည်သူအများစုအပါအဝင် အိမ်ခြေ(၁၅၀)ခန့်ကို ကျောက်တွင်းခိုးတူး‌နေသည့်လုပ်ငန်းရှင်များက လုပ်ကွက်ကျင်းတူးရန်ဟုဆိုကာ အဓမ္မ ဖိအားပေး ဖယ်ရှားခိုင်းနေခြင်း ဖြစ်သည်။

    (more…)

  • ရွာပြင်ထွက်လာသည့် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများ မိုင်းခွဲပစ်ခတ်ခံရ

    ရွာပြင်ထွက်လာသည့် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများ မိုင်းခွဲပစ်ခတ်ခံရ

    RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ရွာနှင့်ကံဆည်းရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများ ရွာပြင်ထွက်လာစဉ် မိုင်းခွဲ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

    အမြင့်ကျေးရွာနှင့် တောကျောင်းလေးကျေးရွာဘက် လယ်ကွင်းများအတွင်း စပါးရိတ်သိမ်းနေသည့် ပြည်သူများကို နှောက်ယှက်ဖျက်ဆီးရန်ထွက်လာကြသည့် ကင်းမွန်ထော်ရွာနှင့်ကံဆည်းရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သား အင်အား (၃၀) ခန့်သည် ဖော်ဝါရီလ (၁၈) ရက်နံနက် (၉) ဝန်းကျင်က မုံရွာခရိုင်တပ်ရင်း -၁၇ ( We Must Win -ပြောက်ကျားတပ်)နှင့် MG6 ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    (more…)

  • လယ်ကွင်းပြင်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် (၁၄) ဦးအတွက် အလေးပြု ဦးညွှတ်ဂုဏ်ပြုပွဲ

    လယ်ကွင်းပြင်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် (၁၄) ဦးအတွက် အလေးပြု ဦးညွှတ်ဂုဏ်ပြုပွဲ

    RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ လယ်ကွင်းပြင်တိုက်ပွဲတွင် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့သည့် သူရဲကောင်း အာဇာနည် (၁၄) ဦးအတွက် တနှစ်ပြည့် အလေးပြု ဦးညွှတ်ဂုဏ်ပြုပွဲ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း K.K.K Defence Force မှ ဆရာဦးစောထွေး၊ ဦးထွန်းထွန်းဝင်း၊ ဦးကျော်မိုးနှင့်ဦးဇော်မင်းထွန်း တို့အပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ရဲဘော် (၁၄) ဦး ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တဦးက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=VVsOpvKNCVw[/embedyt]

    (more…)

  • ကျေးရွာများသပိတ်စစ်ကြောင်းမှ ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

    ကျေးရွာများသပိတ်စစ်ကြောင်းမှ ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

    RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းမှ ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

    (more…)

  • ယနေ့ ဆန္ဒပြပွဲတွင် 96 Soldiers -PDF အညာဒေသတပ်ခွဲ ရဲဘော်များ ပူးပေါင်း

    ယနေ့ ဆန္ဒပြပွဲတွင် 96 Soldiers -PDF အညာဒေသတပ်ခွဲ ရဲဘော်များ ပူးပေါင်း

    RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။

    “ခွင့်တူညီမျှသည့် ပြည်ထောင်စုဆီသို့” ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ယနေ့ ကျရောက်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြုလုပ်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပြည်သူများနှင့်အတူ 96 Soldiers -PDF (အညာဒေသတပ်ခွဲ) ရဲဘော်များ ပူးပေါင်းခဲ့ကြောင်း သိရသည်။

    #RedNewsAgency

  • စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ 

    စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ 

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက် (၈) နာရီ (၁၅) မိနစ်ဝန်းကျင်ခန့်က ဇီးဖြူကုန်းရွာသို့အသွားတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ ပျူစောထီးများကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ ဗိုလ်ဂျပန်ကြီး (T.T.T)-SHWEBO LPDFအဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ် ညီကိုများမှ ဆွဲမိုင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့က ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=J8FnSbVrlk4[/embedyt]

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး (၇) ဦးသေဆုံးပြီး (၃) ဦးအပြင်းအထန် ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red News Agency အနေဖြင့် သီးခြား တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိကြောင်း အသိပေးအပ်ပါသည်။

    Red News Agency

  • မဆုမွန်ထက်ကျဆုံး သတင်းမှားအတွက် တောင်းပန်ခြင်း

    မဆုမွန်ထက်ကျဆုံး သတင်းမှားအတွက် တောင်းပန်ခြင်း

    RNA_ဖေဖော်ဝါရီ(၆)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ပြီး လက်နက်အင်အားမမျှသည့်အတွက် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ အသက် (၂၀) အရွယ် ဆေးတပ်သား ရဲမေ မဆုမွန်ထက် ယမန်နေ့က ကျဆုံးခဲ့ရသည်ဟု Red News Agency သတင်းမှား တင်ခဲ့မိသည့်အတွက် စာဖတ်ပရိတ်သတ်များအား တောင်းပန်ပါသည်။

    စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်အခြေစိုက် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒလန်များကို တိုက်ခိုက်ရှင်းလင်းနေကြောင်း၊ တိုက်ပွဲအတွင်း လက်နက်အင်အား မမျှသည့်အတွက် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ မဆုမွန်ထက်အပါအဝင် ကျဆုံးရဲဘော် (၈) ဦးထိ ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်ကို ရေးသားခဲ့‌ သော်လည်း ၎င်းအဖွဲ့မြေပြင်မှာ အမှန်တကယ်မရှိကြောင်း စစ်ကိုင်းတိုင်းအတွင်းအဖွဲ့အစည်းများက အသိပေးထားသည်။

    Red News Agency