ပဇီးကြီးရွာ

စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး

စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး

RNA_ဧပြီ(၁၁)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီးကြီးရွာမှာ ယနေ့ နံနက် (၈) နာရီဝန်းကျင်တွင် ပြည်သူလုံခြုံရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံးသွားကြောင်း သိရသည်။   " လူစုနေတဲ့အထဲ ဗုံးလေးလုံးကြဲသွားတယ်ပြောတယ်၊ သေတဲ့သူတွေ အတော်များပါတယ်၊အခု ၆၀ လောက်သေတယ်ပြောတယ်၊ ပျောက်နေတာတွေလည်း အများကြီးပဲ၊ အခုထိလည်း လေယာဉ်တွေက ဝဲနေတုန်းပဲ၊ ကယ်ထုတ်နေကြတုန်း စစ်ကြောင်း လာနေပြီပြောတယ်၊ အသိ ပကဖ တဦးလည်း ကျသွားတယ် " ကန့်ဘလူ ပကဖ နှင့် နီးစပ်သူတဦးက ပြောသည်။ (more…)
Read More