၂၀၂၅ ခုနှစ်တွင် မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက် ရှိသည်ဟု SAF ထုတ်ပြန်

RNA_ဇန်နဝါရီ(၁)၊၂၀၂၅ခုနှစ်။

၂၀၂၅ ခုနှစ်သည် တောင်တန်းဒေသမှ မြေပြန်ဒေသများဆီသို့ တော်လှန်စစ်ကို ဝတ်နှုန်ကူးလာရမည့် နှစ်တစ်နှစ်ဖြစ်ပြီး၊ မြန်မာပြည် အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်အတွက် ဝတ်မှုန်ကူးသယ်ဆောင်လာမည်ဟု ကျောင်းသားလက်ရုံးတပ်တော် -SAF ကထုတ်ပြန်ထားသည်။

ကျောင်းသားလက်ရုံးတပ်တော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်နှင့် ပူးတွဲတိုက်ပွဲဝင်ခဲ့မှုများအပါအဝင် လေးနှစ်တာ ကာလအတွင်း လူမျိုးစုလူမျိုးစု လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ထံမှ သင်ယူဆည်းပူး အတွေ့အကြုံရယူခဲ့သည့် လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊ စစ်ဆင်ရေး၊ စည်းရုံးရေးဆိုင်ရာ အတွေ့အကြုံများကို မြန်မာပြည် အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

#RedNewsAgency #REDNEWS #RNA #AhNyar

By RNA Editor