Tag: ကရင်နီ

  • စနိုက်ပါ (Sniper) အဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ (၄) ဦးသေ

    စနိုက်ပါ (Sniper) အဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ (၄) ဦးသေ

    RNA_ဩဂုတ်၁၈၊၂၀၂၂ခုနှစ်။

    ကရင်နီပြည်၊ ဒီးမော့ဆိုခရိုင်၊ ဖရူဆိုမြို့နယ်၊ ဆိုလာလူးရွာအနီး တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး စနိုက်ပါ ( Sniper) အဖွဲ့သားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၄) ဦးသေဆုံးခဲ့သည်။

    “ဖရူဆိုမြို့နယ် ၊ ဆိုလာလူးရွာအနီးတွင် တပ်စွဲထားသောရန်သူစခများအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးSniper အဖွဲ့ ၊ KNDF Sniper အဖွဲ့ ၊ Loikaw PDF Sniper အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်၊ ပူးပေါင်းအဖွဲ့၏တိုက်ခိုက်မှုကြောင့် ( ၃ ) ရက်အတွင်းရန်သူစခ ( ၄ ) ကောင်သေဆုံးခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဆိုလာလူးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဩဂုတ် (၁၄) ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က (၁) ဦးသေပြီး၊ ဩဂုတ် (၁၆) ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးခဲ့ကြသည်။

    Red News Agency

  • ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

    ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

    ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

    RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။

    ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အနီး ​ဝါှရီဆူးပလိုင်၊ လေဝိုး​၊ ဝီသဲကူး​(မြောက်ရွာ)တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ တပ်သားပါအဝင် (၄၀) ဦးထက်မနည်း သေဆုံစခဲ့သည်ဟု မြေပြင်သတင်းအရ DMO-PDF ကထုတ်ပြန်ထားသည်။

    ” အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကား(၃)စီးပျက်ဆီးခဲ့ပြီး အရာရှိအရာခံအပါအဝင် (၄၀)ဦးထက်မနည်းသေဆုံးခဲ့ဟု ​မြေပြင်သတင်းအရသိရသည်။ အထိနာခဲ့သောအကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ခမရ ၄၂၂ တပ်၊ ခမရ ၅၄တပ်မှ လက်နက်ကြီး ပစ်ကူခဲ့သလို ည​နေ(၄)နာရီဝန်ကျင်ခန့်တွင် တိုက်လေယာဉ် ၂ စီး၊ ည​နေ (၅)နာရီအချိန်တွင် တိုက်​လေယာဥ် (၂)စီး စုစု​ပေါင်း (၄)စီးဖြင့် (၉)ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ (more…)

  • ကရင်နီပြည်နယ် KGZ-Army က တပ်မဟာ (၅) ထပ်မံဖွဲ့စည်းကာ အင်အားဖြည့်

    ကရင်နီပြည်နယ် KGZ-Army က တပ်မဟာ (၅) ထပ်မံဖွဲ့စည်းကာ အင်အားဖြည့်

    RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

    တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြည်နယ်၏ ၉၀ ရာခိုင်နှုန်း ထိန်းချုပ်ထားသည့် ကရင်နီပြည်နယ် (ကယား)တွင် Karenni Generation Z ( KGZ-Army)က အင်အားဖြည့်သည့်အနေဖြင့် တပ်မဟာ (၅) ကို ထပ်မံဖွဲ့စည်းလိုက်နိုင်ပြီဟု ယနေ့ အသိပေးလာသည်။

    Red News Agency

  • ကရင်နီပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်း ရပ်တန့်

    ကရင်နီပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်း ရပ်တန့်

    RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

    ကရင်နီ (ကယား)ပြည်နယ်၌ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း စစ်ကောင်စီအုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်းအထိ ရပ်တန့်သွားပြီဖ့စ်ကြောင်း ယနေ့တွင် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် -KNDF က ထုတ်ပြန်ထားသည်။

    ကရင်နီပြည်နယ် အဝင် အထွက် လမ်းကြောင်းအားလုံးနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီတပ်အတွက်လက်နက်နှင့် ရိက္ခာကို ထောက်ပို့လေယာဉ် အသုံးပြုနေရကြောင်း၊ တပြည်နယ်လုံးရှိ ကျေးရွာ (၇၀၀) ကျော်တွင် ရွာလုံးကျွတ် စစ်ဘေးရှောင်ရွာမှအပ ကျေးရွာပေါင်း (၄၀၀) ခန်းတွင် စာသင်ကျောင်း၊ ဆေးပေးခန်းများကို ပြည်သူများက ကိုယ်ထူကိုယ်ထ စီမံအုပ်ချုပ်မှုဖြင့် လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

    Red News Agency

  • စစ်ဘေးကြောင့် ကရင်နီပြည်မှာ ဆန်အစားထိုး ပြောင်း‌ကောက် စားနေရ 

    စစ်ဘေးကြောင့် ကရင်နီပြည်မှာ ဆန်အစားထိုး ပြောင်း‌ကောက် စားနေရ 

    RNA_ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။

    တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည် (ကယား)၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူးဆို မြို့နယ်ကြားက ကျေးရွာတွေမှာ ဆန်မရှိတော့သည့်အတွက် အရက်ချက်ရာတွင် အသုံးပြုသည့် ပြောင်းကောက်ကို ချက်စားနေရကြောင်း ဒေသခံတချို့ထံက သိရသည်။

    ဓာတ်ပုံ: ဒေသခံတစ်ဦး။ 

     

    ဆန်ပြတ်လတ်သည့် ကျေးရွာများမှာ စစ်ဘေးကြောင့် ရှောင်တိမ်းနေကြရသူများရှိပြီး ခရီးသွားလာရေးနှင့် စားနပ်ရိက္ခာဝယ်ယူရေး မလွယ်ကူတော့ကြောင်း၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း၊ ကရင်နီပြည်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး ဆေးဝါး၊ စားနပ်ရိက္ခာများ ဖြတ်ထားကြောင်း သိရသည်။

    ဓာတ်ပုံ: ဒေသခံတစ်ဦး။ 

    ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူးဆိုစသည့် မြို့နယ်များမှာ နေ့စဉ်နှင့်အမျှတိုက်ပွဲဖြစ်နေပြီး၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခတ်မှုများကြောင်း ‌စစ်ဘေးရှောင်နှင့် ပြည်သူများ သေဆုံးနေကြရကြောင်း၊ ဆေးဝါးနှင့်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေပြီး၊ တပြည်နယ်လုံးတွင် စစ်ဘေးရှောင် သိန်းချီရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

    Red News Agency

  • ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း အသက်(၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရ

    ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း အသက်(၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရ

    RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။

    ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး၊ ရွှေယောက်ရပ်ကွက်တွင် ကင်းပုန်းဝပ်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်က တိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ( DMO-PDF) က အသက် (၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရသည်ဟု သိရသည်။

    စစ်ကောင်စီတပ် ကင်းပုန်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုနှင့် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေချိန် ဒဏ်ရာရရှိသူများကို ကယ်ထုတ်နေစဉ် စစ်ကောင်စီဘက်က စနိုက်ဘာဖြင့် ပစ်ခတ်သည့်အတွက် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရခြင်းအတွက် မိသားစုများနှင့် ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း၊ တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားခဲ့သော ရဲဘော် မောင်အယ်လ်ဖောင်းရှိုသည် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)မှ ပြည်သူ့သူရဲကောင်းအဖြစ် အလေးနီပြု မှတ်တမ်းတင်အပ်ပါသည်ဟု DMO-PDF ယနေ့ ထုတ်ပြန်ထားသည်။

    ကရင်နီပြည် ( ကယား) ဒီးမာ့ဆို၊ လွိုင်ကော်စသည့် မြို့နယ်များတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် KNDF၊ KA၊ KDZ Army ၊ KPDFစသည့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက အကြမ်းဖက် စစ်ကောင်စီတပ်ကို အသက်စွန့် တိုက်ခိုက် နေကြကြောင်း၊ စစ်ကောင်စီတပ် အသေအဆုံးများသည့်အလက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တချို့ ကြဆုံးရပြီး တသိန်းကျော် စစ်ဘေးရှောင် နေကြရ ကြောင်း သိရသည်။

    Red News Agency

  • လွိုင်​ကော်မှာ စစ်ကောင်စီတပ်က (၅) ဦးသေဆုံးနိုင်ပြီး အရှင် (၃) ဦးဖမ်းဆီးခံရ

    လွိုင်​ကော်မှာ စစ်ကောင်စီတပ်က (၅) ဦးသေဆုံးနိုင်ပြီး အရှင် (၃) ဦးဖမ်းဆီးခံရ

    RNA_ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။

    ကရင်နီပြည် ( ကယား)၊ လွိုင်ကော်မြို့တွင် ယနေ့ နံနက်ပိုင်းမှ ည (၇) နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က (၅) ဦးဝန်းကျင်သေဆုံးနိုင်ပြီး အရှင် (၃) ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

    လွိုင်​ကော်မြို့၊ ​ဒေါဥခူရပ်ကွက် အကျဥ်း​ထောင်​ဘေးပတ်လည်တွင် ကင်းပုန်းဝပ်ချထား​သော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)၊ KDF၊ KGZ တပ်ဖွဲ့များ ပူးပေါင်းကာ ယနေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲတွင် စစ်ကောင်စီတပ်က (၅) ဦးဝန်းကျင်သေဆုံးနိုင်ကြောင်း၊ မိုင်းလုံးရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်ကို DMO-PDF၊ လွိုင်​ကော်(PDF)၊ KNDF၊ KA နှင့် အခြား​သော​တော်လှန်​ရေးတပ်ဖွဲ့များ ပူးပေါင်းကာ နံနက် ၈ နာရီမှ ည ၇ နာရီဝန်းကျင်အထိ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၃) ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း DMO-PDF ကထုတ်ပြန်ထားသည်။

    ယနေ့ လွိုင်ကော်တွင် စစ်​ကောင်စီတပ်စခန်းခန်းချထား​​သော​ နေရာတွင် ပြည်သူပိုင်အိုးအိမ်(၂)လုံး မီး​လောင်ပျက်စီးခဲ့ပြီး၊ စစ်ကောင်စီတပ် အသေအဆုံး များနိုင်ကြောင်း၊ စစ်ကောင်စီတပ်အထိနာသည့်အတွက် ညနေ ၆ နာရီဝန်းကျင်က တိုက်​လေယာဥ်(၁)စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ၂ ရက်အတွင်း တိုက်ပွဲတွင် ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)က ရဲ​ဘော်(၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လွိုင်​​ကော်မှာ ပြည်သူ ၅ ဦးဝန်းကျင် သေဆုံး

    စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လွိုင်​​ကော်မှာ ပြည်သူ ၅ ဦးဝန်းကျင် သေဆုံး

    RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။

    ကရင်နီပြည် ( ကယား)၊ လွိုင်​ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက်တွင် အမာခံတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်​ရေး တော်လှန်း​ရေးတပ်ဖွဲ့များပူး​ပေါင်း တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦးထက်မနည်း သေဆုံးကြောင်း DMO- PDF ကထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်က လေကြောင်းမှ ခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူ ထောင်ချီထွက်ပြေးနေကြရကြောင်း၊ ယနေ့တိုက်ပွဲတွင် စစ်ကြောင်စီဘက်က အသေအဆုံးများကြောင်း သိရသည်။

    မိုင်းလုံးရပ်ကွက်ရှိစစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)၊ လွိုင်​ကော်(PDF)၊ ဖယ်ခုံ(PDF)၊ မိုးဗြဲ(PDF)၊ KNDF၊ KA၊ KDF၊ KGZ၊ GZ-21အပြင် အခြားတော်လှန်​​ရေးတပ်ဖွဲ့များပူး​ပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိမှုများရှိပြီး တဦးကျဆုံးကြောင်း သိရသည်။

    Red News Agency

  • လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့ ထိခိုက်ဒဏ်ရာရရှိ

    လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့ ထိခိုက်ဒဏ်ရာရရှိ

    RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီးပြည် (ကယား) ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး ယနေ့ နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်းခဲ့ပြီး စစ်ကောင်စီတပ်လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ : ယနေ့ ငွေတောင်ဆည်အနီးတိုက်ပွဲ လေကြောင်း ပစ်ခတ်မှုကြောင့် ဒဏ်ရာရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ဆေးတပ်ဖွဲ့က သယ်ယူနေစဉ် _ CJ။

    အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO- PDF) ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ လွိုင်ကော် PDF ၊ KGZ၊ KNDF နှင့် အခြား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက် (၉) နာရီမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ် အထိနာပြီး လက်နက်ကြီး ပစ်ကူယူသလို ဂျက်ဖိုက်တာ တိုပ်လေယာဉ် ၂ စီးဖြင့် ညနေ ၃ နာရီ ၄၀ မိနစ်အချိန်မှစတက်ကာ မိနစ် (၂၀) ကြာ လာရောက်တိုက်ခိုက်ခဲ့ကြောင်း DMO- PDF ကထုတ်ပြန်ထားသည်။

    ယနေ့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အသေအဆုံးရှိသော်လည်း အတိအကျမသိရသေးကြောင်း၊ ညနေပိုင်းအထိ တိုက်ပွဲမပြီးသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့မှလည်း ဒဏ်ရာရရှိသူများရှိသော်လည်း အတိအကျ မသိရသေးကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

    Red News Agency

  • စစ်ကောင်စီတပ်က ကရင်နီပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်

    စစ်ကောင်စီတပ်က ကရင်နီပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီပြည် (ကယား) နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဆိုမိုကျေးရွာအနီးမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြည်သူ့စစ် (၄) ဦး၊ ပြည်သူ (၃၅) ဦးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်စုဆိုင်ရာ လူမျိုးတုံး သတ်ဖြတ်ဖြစ်ကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ တပ်မ (၆၆) ၊ ခမရ (၁၀၈) စစ်ကြောင်းတို့က ဆိုမိုကျေးရွာအနီး ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးသည့်အတွက် တားမြစ်သည့် ပြည်သူ့စစ် (၄) ဦး လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခဲ့ကြောင်း၊ စစ်ဘေးရှောင်ထွက်ခွါသည့် ပြည်သုများ စစ်ကြောင်းနှင့်တွေ့ကာ ဒန်ပါကား (၃) စီး၊ ကားငယ် (၃) စီး၊ ထော်လော်ကြည်နှင့် ဆိုင်ကား (၅) တို့နှင့်အတူ ပြည်သူ (၃၅) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ခမရ (၅၄) တပ်မှ လက်နက်ကြီးပစ်ခတ်သဖြင့် လွိုင်ကော်မြို့နယ် ဘာဒိုရွာနှင့် နာနတ်တောရပ်ကွက်အတွင်း။ လက်နက်ကြီးကျကာ အိုးအိမ်များပျက်စီးခဲ့ရပြီး ပြည်သူ (၁) ဦး သေဆုံးခဲ့ရသည်။

    (more…)