ဆန်ပြတ်လတ်

စစ်ဘေးကြောင့် ကရင်နီပြည်မှာ ဆန်အစားထိုး ပြောင်း‌ကောက် စားနေရ 

စစ်ဘေးကြောင့် ကရင်နီပြည်မှာ ဆန်အစားထိုး ပြောင်း‌ကောက် စားနေရ 

RNA_ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။ တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည် (ကယား)၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူးဆို မြို့နယ်ကြားက ကျေးရွာတွေမှာ ဆန်မရှိတော့သည့်အတွက် အရက်ချက်ရာတွင် အသုံးပြုသည့် ပြောင်းကောက်ကို ချက်စားနေရကြောင်း ဒေသခံတချို့ထံက သိရသည်။   ဆန်ပြတ်လတ်သည့် ကျေးရွာများမှာ စစ်ဘေးကြောင့် ရှောင်တိမ်းနေကြရသူများရှိပြီး ခရီးသွားလာရေးနှင့် စားနပ်ရိက္ခာဝယ်ယူရေး မလွယ်ကူတော့ကြောင်း၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း၊ ကရင်နီပြည်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး ဆေးဝါး၊ စားနပ်ရိက္ခာများ ဖြတ်ထားကြောင်း သိရသည်။ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူးဆိုစသည့် မြို့နယ်များမှာ နေ့စဉ်နှင့်အမျှတိုက်ပွဲဖြစ်နေပြီး၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခတ်မှုများကြောင်း ‌စစ်ဘေးရှောင်နှင့် ပြည်သူများ သေဆုံးနေကြရကြောင်း၊ ဆေးဝါးနှင့်ရိက္ခာအတွက်…
Read More