NUG၏ သင်ရိုးညွန်းတမ်းနှင့် ကန့်ဘလူမြို့နယ်မှာ အခြေခံ စာသင်ကျောင်း ဖွင့်လှစ်

RNA_ဖေဖော်ဝါရီ ၂၆၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ ဦးဆောင်ပီး CDMဆရာ ဆရာမများ‌၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းကာ အခြေခံပညာကျောင်သူကျောင်းသားများကိုအမျိုးသားညီညွတ်ရေးအစိုးရNUG၏သင်ရိုးညွန်းတမ်းနှင့်အညီ နေရာ တချို့တွင် စာပေသင်ကြားနေပီဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီလက်အောက်က စာသင်ကျော်များ ပိတ်ထားပြီး၊ စစ်ကောင်စီတပ် လက်အောက်မှ လွတ်မြောက်သည့် နေရာတချို့တွင် ကိုယ်ထူကိုယ်ထ CDM ဆရာ ဆရာမများ၏ သင်ကြားမှုဖြင့် NUG ၏ လမ်းညွှန်မှုဖြင့် စာသင်ကျောင်းများ ဖွင့်လှစ်ကြကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းစတင်လုပ်ဆောင်နေကြပြီး၊ကျောင်းသား များပညာရေးအတွက် စာရေးကရိယာနှင့်အခြားသင်ထောက်ကူပစ္စည်းများ လိုအပ်နေသည်ဟု ကန့်ဘလူမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားသည်။

RedNewsAgency

By Editor