08
Mar
RNA_မတ်(၈)၊၂၀၂၅ခုနှစ်။ ပြည်သူများအနေဖြင့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်ခြင်း ကျူးလွန်သူ မည်သူ့ကိုမဆို ခြွင်းချက်မရှိ လူမှုရေးပြစ်ဒဏ်ပေးခြင်းဖြင့် အမျိုးသမီးများအတွက် တရားမျှတမှု ရှာဖွေခြင်းလမ်းကြောင်းကို ပူးပေါင်းပါဝင်ကြရန် အမျိုးသမီးအဖွဲ့အစည်း (၂၅) ဖွဲ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ထုတ်ပြန်ထားသည်။ ပဋိပက္ခအတွင်း အမျိုးသမီးများပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျူးလွန်မှုများသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း၊ အမျိုးသမီးများအပေး နည်းမျိုးစုံနှင့် အကြမ်းဖက်ခြင်း (ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်း၊ ထိခိုက်နစ်နာစေသော ရိုးရာဓလေ့ထုံးစံများနှင့် နည်းပညာအရေအကြမ်းဖက်ဖြင်း) တို့သည် မည်သို့မျှ သိခံခွင့်လွှတ်၍ မရသည့် လူသားအချင်းချင်းအပေး တန်ဖိုးမထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)