အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ကျူးလွန်သူများကို လူမှုရေးပြစ်ဒဏ်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန်တိုက်တွန်း

အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ကျူးလွန်သူများကို လူမှုရေးပြစ်ဒဏ်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန်တိုက်တွန်း

RNA_မတ်(၈)၊၂၀၂၅ခုနှစ်။ ပြည်သူများအနေဖြင့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်ခြင်း ကျူးလွန်သူ မည်သူ့ကိုမဆို ခြွင်းချက်မရှိ လူမှုရေးပြစ်ဒဏ်ပေးခြင်းဖြင့် အမျိုးသမီးများအတွက် တရားမျှတမှု ရှာဖွေခြင်းလမ်းကြောင်းကို ပူးပေါင်းပါဝင်ကြရန် အမျိုးသမီးအဖွဲ့အစည်း (၂၅) ဖွဲ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ထုတ်ပြန်ထားသည်။ ပဋိပက္ခအတွင်း အမျိုးသမီးများပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျူးလွန်မှုများသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း၊ အမျိုးသမီးများအပေး နည်းမျိုးစုံနှင့် အကြမ်းဖက်ခြင်း (ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်း၊ ထိခိုက်နစ်နာစေသော ရိုးရာဓလေ့ထုံးစံများနှင့် နည်းပညာအရေအကြမ်းဖက်ဖြင်း) တို့သည် မည်သို့မျှ သိခံခွင့်လွှတ်၍ မရသည့် လူသားအချင်းချင်းအပေး တန်ဖိုးမထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတွင် ဂျဲန်ဒါတန်းတူရေးမပါပဲ ရရှိလမ့်မည်မဟုတ်

အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတွင် ဂျဲန်ဒါတန်းတူရေးမပါပဲ ရရှိလမ့်မည်မဟုတ်

RNA_မတ်(၈)၊၂၀၂၅ခုနှစ်။ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတွင် ဂျဲန်ဒါတန်းတူရေးမပါဘဲ မည်သည့်အခါမှ ရရှိလိမ့်မည်မဟုတ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဂျဲန်ဒါတန်းတူညီမျှရေးဌာနက ယနေ့ (မတ်လ ၈ ရက်) ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် သတင်းစကား ပါးထားသည်။ KNDF ၏ ကဏ္ဍအသီးအသီးတွင် တော်လှန်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေသည့် အမျိုးသမီးရဲဘော်များအား ဂျဲန်ဒါတန်းတူညီမျှရေးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုကြောင်း၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ အသိုင်းကြောင်းကို ပြန်လှန်ကြည့်လျှင်လည်း အမျိုးသမီးများသည် သမိုင်းတလျှောက် အရေးပါသည့် တော်လှန်ရေးများတွင် တထောင့်တနေရာမှ ဦးဆောင်ပါဝင်ခဲ့ကြကြောင်း၊ ဖိုဝါဒဆန်ဆန်ဖိနှိပ်ထားသည့် လူ့အဖွဲ့အစည်းကြီးကို ခေတ်အဆက်ဆက်တွင် ပုံစံအမျိုးမျိုးဖြင့် ဆန့်ကျင်ခဲ့ကြသည့် အမျိုးသမီးတို့၏ တော်လှန်ရေးသည် ယနေ့အထိပင် ရဲဝံ့စွာ တည်ရှိနေဆဲဖြစ်သည်ဟု သတင်းစကားတွင် ထည့်သွင်းဖော်ပြထားသည်။ (more…)
Read More