ကျောင်းထိုင်ဆရာတော် အရှင်ဓမ္မသရ နှင့် ကပ္ပိယဖြစ်သူ အိုက်ဘီးတို့ကို ပစ်ခတ်ခဲ့ဟု ပျားစစ်ကြောင်းဝန်ခံ

RNA_မတ်(၉)၊၂၀၂၅ခုနှစ်။

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုန်တိုင်းကျေးရွာတွင် စစ်ဘေးရှာင် သီတင်းသုံးနေသော “ဖယ်ခုံမြို့၊ ရှမ်းကျောင်းဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် အရှင်ဓမ္မသရ နှင့် ကပ္ပိယဖြစ်သူ အိုက်ဘီးတို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပျားစစ်ကြောင်းက ဝန်ခံလိုက်သည်။

၂၀၂၅ ခုနှစ်၊ မတ်လ (၄) ရက် ညနေတွင် အရှင်ဓမ္မသရ နှင့် အိုက်ဘီးတို့ပစ်ခတ်ခံခဲ့ရ၍ သေဆုံးသွားခဲ့ကြောင်း၊ ပျံလွန်တော်မူသွားသော အရှင်ဓမ္မသရနှင့် အိုက်ဘီးတို့သည် စစ်ကောင်စီသတင်းပေးများဖြစ်သော်လည်း ရုန့်ရင်းဆန်ခတ်ဖြစ်မှုအတွင်း ပျားစစ်ကြောင်းမှ ရဲဘော်ဘလက်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံထားသည်။

 

ပျံလွန်တော် မူသွားခဲ့သော ကျောင်းထိုင်ဆရာတော် အရှင်ဓမ္မသရ နှင့် ကပ္ပိယဖြစ်သူ အိုက်ဘီးတို့သည် ဖယ်ခုံမြို့သို့ စစ်ရှောင်များပြန်ကြရန် စည်းရုံးနေသည့်အပြင် ဖုန်းဖြင့်လည်း စစ်ကောင်စီထောက်တိုင်များနှင့် ပြောဆိုမှုမှတ်တမ်းများစသဖြင့်ရှိကြောင်၊ စစ်ကောင်စီသတင်းပေးဟု ယူဆသည့်အတွက်မဟုတ်ဘဲ တိကျခိုင်မာမှုရှိသဖြင့် စိစစ်ပြီးမှဆောင်ရွက်စဉ် ရုန့်ရင်းဆန်ဖြစ်မှုအပေါ် စိတ်မထိန်းနိုင်ပဲ စိတ်လိုက်မာန်ပါ ပစ်ခတ်ခဲ့သော ရဲဘော်ဘဘက်ကို ပျားစစ်ကြောင်းအနေဖြင့် တပ်ခုံရုံးဖွဲ့၍ တပ်စည်းကမ်းအတိုင်းအရေးယူမည်ဟု ဝန်ခံချက်တွင် ဖော်ပြထားသည်။

တရားမဝင်အာဏာသိမ်းစစ်တပ် သတင်းပေး (ဒလန်)ဟု ယူဆရသူများနှင့် လက်နက်ချ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ဥပဒေကြောင်းအရ တရားစီရင်မှုမပြုဘဲ လက်လွတ်စပယ် သတ်ဖြတ်ခြင်းသည် နိုင်ငံတကာ ဥပဒေပြဋ္ဌာန်းချက်များနှင့် သွေဖီသည့်လုပ်ရပ် ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်ကို အကြောင်းပြု၍ တရားမဝင်အာဏာသိမ်းစစ်တပ်မှ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ပိုမိုကြီးထွားလာစေရန် ရည်ရွယ်ချက်ဖြင့် ဝါဒဖြန့်ချိမှုများ နည်းမျိုးစုံ ဖန်တီး ပြုလုပ်နေခြင်းကို ပြည်သူတိုင်း အထူး သတိထားကြရန် အရေးကြီးသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက မတ်လ (၈) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor