08
Mar
RNA_မတ်(၈)၊၂၀၂၅ခုနှစ်။ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတွင် ဂျဲန်ဒါတန်းတူရေးမပါဘဲ မည်သည့်အခါမှ ရရှိလိမ့်မည်မဟုတ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဂျဲန်ဒါတန်းတူညီမျှရေးဌာနက ယနေ့ (မတ်လ ၈ ရက်) ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် သတင်းစကား ပါးထားသည်။ KNDF ၏ ကဏ္ဍအသီးအသီးတွင် တော်လှန်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေသည့် အမျိုးသမီးရဲဘော်များအား ဂျဲန်ဒါတန်းတူညီမျှရေးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုကြောင်း၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ အသိုင်းကြောင်းကို ပြန်လှန်ကြည့်လျှင်လည်း အမျိုးသမီးများသည် သမိုင်းတလျှောက် အရေးပါသည့် တော်လှန်ရေးများတွင် တထောင့်တနေရာမှ ဦးဆောင်ပါဝင်ခဲ့ကြကြောင်း၊ ဖိုဝါဒဆန်ဆန်ဖိနှိပ်ထားသည့် လူ့အဖွဲ့အစည်းကြီးကို ခေတ်အဆက်ဆက်တွင် ပုံစံအမျိုးမျိုးဖြင့် ဆန့်ကျင်ခဲ့ကြသည့် အမျိုးသမီးတို့၏ တော်လှန်ရေးသည် ယနေ့အထိပင် ရဲဝံ့စွာ တည်ရှိနေဆဲဖြစ်သည်ဟု သတင်းစကားတွင် ထည့်သွင်းဖော်ပြထားသည်။ (more…)