ကျားဖြန့်နှိမ်နင်းရေး အရှိန်လျော့လုပ်ဆောင်တော့မည်

RNA_မတ်(၉)၊၂၀၂၅ခုနှစ်။
 
မြဝတီဒေသအတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များအတွင်း လူကုန်ကူးခံထားရသူများ (နေရပ်ပြန်လိုသော နိုင်ငံခြားသား) နှင့်ပတ်သက်ပြီး အရှိန်လျော့လုပ်ဆောင်သွားတော့မည်ဟု ကရင်နည်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကပြောကြားထားသည်။

 
ကရင်ပြည်နယ်၊ မြဝတီဒေသ၊ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များအတွင်းမှ တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို မတ်လ ၆ ရက်မှ ယနေ့ (မတ်လ ၉ ရက်) အထိ လေကြောင်းလိုင်းဖြင့် မဲဆောက်မှတဆင့် တရုတ်နိုင်ငံကို ပြန်ခေါ်သွားခဲ့သော်လည်း BDF ထိန်းသိမ်းထားမှုအတွင်း အခြားသော နိုင်ငံ (၂၇) နိုင်ငံမှ ထောင်ချီသော လူကုန်ကူးခံရသူများရှိနေသေးကြောင်း သိရသည်။
 
#RedNewsAgency #REDNEWS #RNA
By RNA Editor