Author: Editor

  • စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA၏ စစ်သုံ့ပန်း (၅၀) ကျော်သေဆုံး

    စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA၏ စစ်သုံ့ပန်း (၅၀) ကျော်သေဆုံး

    RNA_စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။

    အာရက္ခတပ်တော် – AA သိမ်းပိုက်ထားသော ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်းကို စစ်ကောင်စီက စက်တင်ဘာလ (၉) ရက်နေ့ ည (၉) နာရီ (၃၀) မိနစ်ခန့်က လေကြောင်းမှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ၂ ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် အာရက္ခတပ်တော်မှ ခေတ္တဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံးပန်းများထဲမှ (၅၀) ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

    သေဆုံးခဲ့သည့် စစ်သုံးပန်းများမှာ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသူများ၊ ARSA ၊ RSO မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ သတင်းပေးများ၊ ALP နှင့် ဆက်စပ်နေသောသူများ၊ သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့အပါအဝင် (၅၀) ကျော် သေဆုံးကာ ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသူများလည်းရှိကြောင်း AA ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDFတို့အကြား စစ်ရေးတင်းမာနေသော်လည်း လုံးခင်းကျေးရွာအုပ်စုတွင် ကျောက်တူးဖော်ရေး မြေကွက်များလိုက်လံတိုင်းတာနေ

    ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDFတို့အကြား စစ်ရေးတင်းမာနေသော်လည်း လုံးခင်းကျေးရွာအုပ်စုတွင် ကျောက်တူးဖော်ရေး မြေကွက်များလိုက်လံတိုင်းတာနေ

    RNA_ဖားကန့်၊ စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။
     
    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ Lucky Man Hotel & KTV ၌ KIA/KPDF အချို့အား စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားပြီး နှစ်ဖက် စစ်ရေးတင်းမာနေချိန်တွင် လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာတွင် ကျောက်မျက်တူးဖော်ရးအတွက် လုပ်ကွက်တိုင်းတာခြင်း၊ အိမ်ရာမြေကွက်များတိုင်းတာခြင်းများ ယခုရက်ပိုင်း လုပ်ဆောင်နေသည်။
     
    ဆန်ခါကျေးရွာတွင် ရွာလမ်းမ၏ တစ်ဖက်ခြမ်းအား ကုမ္ပဏီလုပ်ကွက်တစ်ခု၊ အခြားတစ်ဖက်ခြမ်းအား ကုမ္ပဏီလုပ်ကွက်တစ်ခု တူးဖာ်မည်ဖြစ်ပြီး စုပေါင်းကုမ္ပဏီပုံစံသွားမည်ဖြစ်ကြောင်း၊ ဆန်ခါကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျာင်း၊ ခရစ်ယာန်ဘုရားကျောင်းများပါမကျန် တူးဖော်ရန် KIA မြေတိုင်းတာရေးအဖွဲ့က လုပ်ကွက်ဆွဲထားပြီး အလားတူ တစ်ဆက်တည်းရှိနေသည့် မဇွပ်ယန်ကျေးရွာရှိ နေအိမ်အချို့နှင့်စာသင်ကျောင်းတို့ ပါဝင်သည်။

    (more…)

  • တိုက်ပွဲမဖြစ်ပွားရေး ဝင်ရောက်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကျည်ထိ

    တိုက်ပွဲမဖြစ်ပွားရေး ဝင်ရောက်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကျည်ထိ

    RNA_ဖားကန့်၊ စက်တင်ဘာ (၉)၊ ၂၀၂၄ ခုနှစ်။

    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအတွင်း ပိတ်မိနေသော စစ်ကောင်စီတပ်သားများ ထွက်ခွင့်ရရေးနှင့် KIA/KPDF တိုက်ပွဲမဖြစ်ပွားရေးအတွက် ယနေ့ ညှိနှိုင်းမှု သွားရောက်ပြုလုပ်သည့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးယွပ်ဇော်ခေါင် ပေါင်တွင် သေနတ်ကျည်ထိကာ ညှိနှိုင်းမှု အဆင်မပြေခဲ့ဟု သိရသည်။

    စက်တင်ဘာ (၆) ရက်နေ့ည (၁၂)နာရီ‌‌ခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ကာ ဆိပ်မူကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး Lucky Man Hotel & KTV ကို ဝင်စီးခဲ့ရာ ဟိုတယ်အတွင်းမှ KIA/KPDF အချို့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည့် အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသည့် KIA/KPDF အချို့ကို လွတ်ပေးပြီးနောက် စစ်ကောင်စီလက်အောက်ခံများ ရွာအတွင်းပိတ်မိနေခြင်း ဖြစ်ကြောင်းသိရသည်။

    (more…)

  • လက်နက်ကြီး၊ လေကြောင်းအန္တရာယ်နှင့် မြေမြှုပ်မိုင်း အန္တရာယ်ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုပြုလုပ်

    လက်နက်ကြီး၊ လေကြောင်းအန္တရာယ်နှင့် မြေမြှုပ်မိုင်း အန္တရာယ်ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုပြုလုပ်

    RNA_စက်တင်ဘာ(၉)၊၂၀၂၄ ခုနှစ်။

    စစ်ကောင်စီသည် တိုက်ပွဲဖြင်ပွားရာ ဒေသများအတွင်း စစ်ဘေးရှောင်များနှင့် အရပ်သားပြည်သူများရှိသည့်နေရာများကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် မြေမြှပ်မိုင်းထောင်ထားမှုများကြောင့် လူဝီဇာဖောင်ဒေးရှင်း အဖွဲ့ဝင်များက လက်နက်ကြီး၊ လေကြောင်းအန္တရာယ်နှင့် မြေမြှုပ်မိုင်း အန္တရာယ် ကာကွယ်ရေးအသိပညာပေး လှုပ်ရှားမှုပြုလုပ်နေကြောင်း သိရသည်။

    (more…)

  • အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ဓလေ့ထုံးတမ်းနဲ့ ဖိနှိပ်ခံရမှုများ

    အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ဓလေ့ထုံးတမ်းနဲ့ ဖိနှိပ်ခံရမှုများ

    RNA_စက်တင်ဘာ(၈)၊၂၀၂၄ ခုနှစ်။

    အညာက အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ဖိနှိပ်ခံရမှုတွေ၊ Feminism ဆိုတာဘာလဲ၊ ဘယ်လို ပေါ်ပေါက်လာတာလဲ၊ ဘာတွေကို ရည်ရွယ်သလဲဆိုတာတွေအပြင် အညာတခွင်က စိတ်ဝင်စားစရာ ကြုံတွေ့နေရတဲ့ ဖိနှိပ်ခံထားရတာတွေကို Red News Agency ရဲ့ Podcast အစီအစဉ်မှာ တင်ဆက်ထားပါတယ်။

    [embedyt] https://www.youtube.com/watch?v=vGmvfdbR3x4[/embedyt]

    #RedNewsAgency

  • CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

    CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

    RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။

    စစ်ကောင်စီ၏ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ လူငယ်ထိန်းသိမ်းရေးစခန်း (ကလေးထောင်) တွင် အစ္စလာမ်ဘာသာဝင် ( မွတ်ဆလင် ရိုဟင်ဂျာလူမျိုး) မိန်းကလေးငယ်များကို CCTV ပိတ်ပြီး အဝတ်အစားချွတ်ကာ ညှင်းပန်းနှိမ်စက်မှုများ ပြုလုပ်နေသည်ဟု လွတ်မြောက်လာသူ မအိစန္ဒာကျော်က ပြောပြထားသည်။

    [embedyt] https://www.youtube.com/watch?v=H0YXmcUJ_tg[/embedyt]

    တွံတေးမြို့နယ်၊ ငယ်ထိန်းသိမ်းရေးစခန်းတွင် ပုဒ်မ ၅၀ (ဈ)ဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်းထိ နေထိုင်ခဲ့ရပြီးနောက် ဩဂုတ်လ အတွင်းက လွတ်မြောက်လာသူ မအိစန္ဒာကျော်က အစ္စလာမ် ဘာသာဝင် အမျိုးသမီးငယ်များနှင့် ပတ်သက်ပြီး ကြုတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ပြောပြထားခြင်းဖြစ်သည်။

    Red News Agency

  • နမ့်ခမ်းမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသည့်အတွက် ပြည်သူ (၁၁) ဦးသေဆုံး

    နမ့်ခမ်းမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသည့်အတွက် ပြည်သူ (၁၁) ဦးသေဆုံး

    RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။
     
    TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့၊ ညစျေးအနီးရှိ ပြည်သူများနေအိမ်ပေါ်နှင့် ကျားဖြူခန်းမအနီးကို စက်တင်ဘာလ ၆ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က စစ်ကောင်စီတပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့သည့်အတွက် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ (၁၁) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     
    စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူများထဲတွင် ကလေးငယ် (၂)၊ အမျိုးသား(၅) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီ ၁ ဦးအပါအဝင် (၄) ဖြစ်ပြီး၊ ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ် (၂)ဦး အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၅)ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် (၆)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

    (more…)

  • PDF များပူးပေါင်းတိုက်ခိုက်သည့်အတွက် ကမ္မစက်ရုံရဲကင်းစခန်းရှိ စစ်ကောင်စီလက်အောက်ခံများ စခန်းစွန့်ခွါ

    PDF များပူးပေါင်းတိုက်ခိုက်သည့်အတွက် ကမ္မစက်ရုံရဲကင်းစခန်းရှိ စစ်ကောင်စီလက်အောက်ခံများ စခန်းစွန့်ခွါ

    RNA_စက်တင်ဘာ(၅)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မစက်ရုံရဲကင်းစခန်းကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖိအားပေးတိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံများ စက်တင်ဘာလ ၄ ရက်နေ့က စခန်းစွန့်ခွါ ထွက်ပြေးသွားကြကြောင်း သိရသည်။


    (more…)

  • စစ်ကောင်စီလက်အောက်မှ ဆင် ၁၃၈ ကောင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ ထိမ်းသိမ်းစောင့်ရှောက်ထား

    စစ်ကောင်စီလက်အောက်မှ ဆင် ၁၃၈ ကောင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ ထိမ်းသိမ်းစောင့်ရှောက်ထား

    RNA_စက်တင်ဘာ(၃)၊၂၀၂၄ ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီ၏ သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်များနှင့် ဆင်အုပ်၊ ဆင်ထိန်း မိသစုများ ပြည်သူ့လွတ်မြောက်ရေးတပ်တော် – PLA စိုးမိုးနယ်မြေအတွင်း ရှောင်တိမ်းလာသူများအပါအဝင် စုစုပေါင်း ဆင် ၁၃၈ ကောင်ပါဝင်သော ဆင်ဝိုင်း ၂၁ ဝိုင်းကို PLA ၂၂၂ တပ်ရင်းမှ ထိမ်းသိမ်းကာကွယ်ထားသည်ဟု သိရသည်။

    PLA အနေဖြင့် ပြည်သူ့ဒီမိုကရေစီ အစိုးရသစ် လက်ထက်တွင် ပြန်လည် ၍ သက်ဆိုင်ရာဌာနများသို့ အပ်နှံသွားမည်ဖြစ်ကြောင်း၊ ဆင်များကို ပြည်သူပိုင်ရတနာအဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာအသိပေး အကြောင်းကြားထားသည်။

    (more…)

  • မြင်းခြံခရိုင်အတွင်း စစ်ရေးအသာစီးရနေသော်လည်း ခဲယမ်းလိုအပ်ချက်ရှိနေ

    မြင်းခြံခရိုင်အတွင်း စစ်ရေးအသာစီးရနေသော်လည်း ခဲယမ်းလိုအပ်ချက်ရှိနေ

    RNA_စက်တင်ဘာ(၃)၊၂၀၂၄ ခုနှစ်။
     
    မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ တိုက်ပွဲများတွင် စစ်ရေးအသာစီးရနေသော်လည်း ခဲယမ်းလိုအပ်ချက်များရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း – Myingyan Black Tiger (MBT) တာဝန်ခံ ဗိုလ်မိုက်ခဲကပြောသည်။
     
    မြင်းခြံခရိုင် PDF ရဲဘော်များ ပူးပေါင်းကာ ဩဂုတ်လ နောက်ဆုံးပတ်အတွင်းက “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)” အဖြစ် မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ ဂိတ်များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြကြောင်း သိရသည်။

    (more…)