Author: Editor
-

ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်နိုင်ခဲ့
RNA_စက်တင်ဘာ(၃)၊၂၀၂၄ခုနှစ်။ကရင်နီပြည်နယ် လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီးပါအဝင် ဖရူဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ် စသည်တို့တွင် ဩဂုတ်လအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဘော်လခဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ဩဂုတ်လ(၁)ရက်နေ့မှစ၍ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ များအား မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်ခဲ့၍ ပန်ကန်း ၊ ဒေါပိုးစီ ၊ (၆)မိုင်စံပြ ကျေးရွာများတစ်လျှောက် တစ်လတာလုံး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဘောလခဲမြို့ နှင့် မယ်စလောင်းတောင်အကြားရှိ စစ်ကောင်စီမှ အခိုင်အမာတပ်စွဲထားသော ရေကျော်စခန်းအား ဩဂုတ်လ (၈)ရက်နေ့တွင် KA ၊ KNDF ၊ KNPLF တို့ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ကာ ရှင်းလင်းနိုင်ခဲ့သည်ဟု KNDF ကယနေ့ ထုတ်ပြန်ထားသည်။ -

အညာဒေသအတွင်းမှာ ကြိုးစားရုန်းကန်နေသော အမျိုးသမီးများ
RNA_စက်တင်ဘာ(၁)၊၂၀၂၄ ခုနှစ်။
စစ်ကောင်စီ၏ ရက်စက်မှုအပေါင်း ခံနေရသော အညာဒေသအတွင်းရှိ အမျိုးသမီးများမှာ ယခင်ထက်သန်မာပြီး ကြိုးစားရုန်းနေရသော အခြေအနေများ၊ ဒေသတွင်း ဖြစ်ပျက်နေသော အခြေအနေများနှင့်ပတ်သက်ပြီး 96 Soldiers PDF – အညာတပ်ခွဲရဲ့ ဘဏ္ဍာရေးတာဝန်ခံ ရဲဘော် Phoo က ပြောပြထားသည်။
[embedyt] https://www.youtube.com/watch?v=HxyQHKJJ_RE[/embedyt]
Red News Agency
-

၁၀ တန်းကျောင်းသူ တစ်ယောက်ရဲ့ စစ်ကြောရေးနဲ့ ကလေးထောင် ငရဲခန်းအကြောင်း
RNA_ဩဂုတ်(၃၁)၊၂၀၂၄ခုနှစ်။မြဝတီစစ်ကြောရေးအတွင်း ရိုက်နှက်ခံရမှုများ၊ လူငယ်ထိန်းသိမ်းရေးစခန်းအတွင်း မိမိကိုယ်မိမိ သတ်သေဖို့အထိ ကြံစည်ခဲ့မိသည့်ဖြစ်ရပ်များကို မအိစန္ဒာကျော်က ပြောပြထားပါတယ်။[embedyt] https://www.youtube.com/watch?v=XJxjoYp7RXo[/embedyt]စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့သော မအိစန္ဒာကျော်ကို ၂၀၂၁ ခုနှစ် မေလ ၂၃ ရက်နေ့က မြဝတီမြို့၌ ဖမ်းဆီးခံရစဉ် အသက် ၁၆ နှစ်ကျော်လေးသာ ရှိသေးသည့်အတွက် ကလေးထောင်ဟု အများခေါ်ဝေါ်သည့် တွံတေးမြို့နယ်အတွင်းက လူငယ်ထိန်းသိမ်းရေးစခန်းမှာ ပုဒ်မ ၅၀ (ဈ)ဖြင့် အသက် ၂၀ အထိ နေခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လူငယ်ထိန်းသိမ်းရေးစခန်းမှ လွတ်မြောက်လာတဲ့အတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ပါပြီ ဖြစ်ပါတယ်။#RedNewsAgency #RNA -

မန္တလေး PDF ရဲဘော်များ၏ ရှမ်းမြောက်ခရီးစဉ်အတွင်း ပြည်သူများ ဝမ်းသာအားရ နှုတ်ဆက်ကြိုဆို
RNA_ဩဂုတ်(၂၈)၊၂၀၂၄ခုနှစ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များ၏ မန္တလေးတိုင်းမှ ရှမ်းမြောက်သွားသည့် ခရီးစဉ်အတွင်း လမ်းတလျှောက်ရှိ ပြည်သူများက ဝမ်းသာအားရ နှုတ်ဆက်ကြိုဆိုသည့် ရုပ်သံကို ယနေ့ ထုတ်ပြန်ထားသည်။
“မန္တလေး – ရှမ်းမြောက် ဖြစ်ပြီးရင် …… မန္တလေးမှသည် နေပြည်တော် ဆိုတာလည်း မဝေးတော့ဘူး ဆိုတာ အသေအချာပါဘဲ …မဝေးကွာတော့တဲ့ ခရီးစဉ်များအတွက် အသက်ပေးလှူသွားရသော စစ်သည် / စစ်မေများနှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်လှူဒါန်းသွားသော စစ်သည် စစ်မေများကို ဦးညွှတ် ဂုဏ်ပြုလျက် …” ဟု ရုပ်သံထုတ်ပြန်ချက်တွင် ရေးသားထားသည်။
[embedyt] https://www.youtube.com/watch?v=jNxaOEYJsLY[/embedyt]
Red News Agency
-

သပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀) တပ်စခန်းကို မန္တလေး PDF သိမ်းပိုက်
RNA_ဩဂုတ်(၂၆)၊၂၀၂၄ ခုနှစ်။မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀) တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ် စိုးထိုက်ကျော်ဦးစီးပြီး အင်အား ၄၀၀ ခန့်ဖြင့် အခြေပြုလှုပ်ရှားနေသော တပ်စခန်းကို ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။စစ်ကောင်စီ၏ ကွင်း(၅၀၀)တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက ဩဂုတ်လ ၅ ရက်နေ့မှ စတင်တိုက်ခိုက်ရာ ဩဂုတ်လ ၂၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိကြောင်း၊ ရန်သူ့လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။#RedNewsAgency #RNA -

ယောနယ်ရဲ့ တော်လှန်ရေးကြောင့် ပြောင်းလဲမှုများ
ခေတ်ငြိမ်းအေး“တဖက်တလမ်းကနေ တော်လှန်ရေးကို ကူညီနေကြသလို တခြားတဖက်မှာလည်း ရနိုင်သလောက် ကွန်ပျူတာတွေစုပြီး ကွန်ပျူတာသင်တန်းဖွင့်တာတွေလုပ်ကြတယ်။ ယောနယ်ရဲ့ ရိုးရာလုပ်ငန်းတခုဖြစ်တဲ့ ယောထည်ရက်လုပ်နည်းကိုလည်း သင်တန်းတွေ ဆင့်ပွားပေးကြပြီး လက်မှုပညာကို လက်ဆင့်ကမ်းလာကြတယ်”[embedyt] https://www.youtube.com/watch?v=oLmdxqoUuuA[/embedyt]#RedNewsAgency #RNA -

မြိုင်နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီီး (၁၂) ဦးသေဆုံး
RNA_ဩဂုတ်(၂၂)၊၂၀၂၄ ခုနှစ်။မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်ကျေးရွာ အထိုင်ချပြီး လှုပ်ရှားနေသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၆ ရီခန့်က ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ မျက်မြင် (၁၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု မြိုင် ပကဖ ထံမှ သိရသည်။တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးမျက်မြင်သေဆုံးပြီး (၅) ဦးလက်နက်ချ အညံ့ခံခဲ့ကြောင်း၊ MA1 – ၆ လက်၊ MA2 – ၃ လက်၊ MA3 – ၄လက်၊ MA4 – ၁ လက်၊ MA11 – ၁ လက်၊ G3 – ၂လက်၊ 79MM – ၁ လက်၊ BA100( ၆၀ မမ) – ၁ လက်၊ G3 ကျည် ၁၉၂ တောင့်၊ MA ကျည် ၈၆၇ တောင့်၊ ၉မမကျည် ၁၉၆ တောင့်၊ ၆၀ မမ အဖူး ၁ ဖူး၊ ၈၁ မမအဖူး ၅ ဖူး၊ ၄၀ မမအဖူး ၁၂ ဖူး၊ အီနာဂါ ၃ ဖူး၊ RPG အဖူး ၃ ဖူး၊ လက်ပစ်သီး ၃ အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ -

ဒီပဲယင်းမြို့တိုက်ပွဲတွင် အချုပ်သား (၂၀) ဦးနှင့် ပြည်သူ ၇၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့
RNA_ဩဂုတ်(၂၁)၊၂၀၂၄ ခုနှစ်။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၄) ဦးကျဆုံးခဲ့ရကာ အချုပ်သား (၂၀) ဦးနှင့် ပြည်သူ ၇၀ ကျော်ကိုယ် ကယ်ထုတ်နိုင်ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။ဩဂုတ်လ ၁၈ ရက်နေ့က ဒီပဲယင်းမြို့တွင်းရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက ကျောင်းတို့အား တိုက်ခိုက် သိမ်းပိုက်ခြင်းဖြစ်ပြီးနောက် မြို့တွင်းပိတ်မိနေသည့် ပြည်သူများနှင့် ဖမ်းဆီးခံထားရသည့် အချုပ်သားများကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ -

ရန်ကုန်မြို့မှာ စက်သုံးဆီ ရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရ
RNA_ဩဂုတ်(၁၇)၊၂၀၂၄ ခုနှစ်။စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် စီးပွားရေးအဆမတန်ကျဆင်းကာ ရန်ကုန်မြို့တွင် စက်သုံးဆီရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရပြီး ညအိပ်တန်းစီနေရသည့်အနေအထားများနှင့်ပါ ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့ခံများထံမှ သိရသည်။ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဩဂုတ်လဆန်းပိုင်းမှစတင်ကာ စက်သုံးဆီပြတ်လပ်မှုများ ကြုံတွေ့နေရသည်မှာ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့အထိ ပြတ်လပ်နေကြောင်း၊ မြို့ပြင်စက်သုံးဆီ အရောင်းဆိုင်များတွင်လည်း အကန့်အသတ်နှင့် ရောင်းချပေးမှုများရှိနေသည်ဟု သိရသည်။



