Author: Editor

  • မကွေးတိုင်းတွင် ကန္တာရကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ဟုဆို

    မကွေးတိုင်းတွင် ကန္တာရကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ဟုဆို

    မကွေးတိုင်းအတွင် ကန္တာရကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ကြောင်း၊ နှစ်စဉ်ကျရောက်နေသည့် ပိုးကောင်များသာဖြစ်သည်ဟု မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာ ဦးစီးမှူးက ပြော

    ဒီလှိုင်း၊ မကွေး၊ ဇူလိုင် ၉ ရက်။

    မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကြူချောင်းကျေးရွာနှင့် အခြားကျေးရွာ တချို့တွင် ကန္တာရ ကျိုင်းကောင်များ ရောက်ရှိနေသည်မှာ မဟုတ်ကြောင်း၊ ရာသီဥတုကြောင့် နှစ်စဉ်ကျရောက်နေသည့် ကျိုင်းကောင် ( ဒေသအခေါ် – ဓားခုတ်ကောင်) သာဖြစ်ကြောင်း၊ စိုးရိမ်ရသည့် အနေအထားမဟုတ်ကြောင်း မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခိုင်မင်းက ပြောကြားထားပါတယ်။[embedyt] https://www.youtube.com/watch?v=6MgsV-Bt06U[/embedyt]

    Red News Agency

  • “ဒါလား ပြည်သူ့ရဲ” လို့ ရဲတွေလုပ်ရပ်အပေါ် ဒေသခံတွေ မေးခွန်းထုတ်

    “ဒါလား ပြည်သူ့ရဲ” လို့ ရဲတွေလုပ်ရပ်အပေါ် ဒေသခံတွေ မေးခွန်းထုတ်

    ကိုကိုလွင် ပုလဲ၊ ဇူလိုင် ၈ ရက်။

    ”ပြည်သူ့ရဲ ပြည်သူရဲနဲ့ ဒါလား ပြည်သူ့ရဲ။ ပြည်သူတွေကို နှိပ်စက်နေတာ ဒါ ပြည်သူ့ရဲ လားဟ ” ဟု ဒေသခံပြည်သူတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာတွင် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက စစ်ဆေးရေးဂိတ်‌မြေနေရာသတ်မှတ်ရာမှ ရော်ဘာကျည်ဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံ ၃ ဦးထိမှန်ခဲ့ပြီး၊ ၅ ဦးကို ဖမ်းဆီးခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း ၊ ဒေသခံတဦး ရိုက်ကူးထားသည့် ရုပ်သံများကို Red News Agency က ရရှိခဲ့သည်။

    ၁၉၈၂ ခုနှစ် ဧပြီလ ၄ ရက်နေ့က မြကုန်းရွာဟောင်း မီးလောင်သဖြင့် ယခုရွာသစ်နေရာ ၃၂ ဧကကို တစ်ဧကလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူပြီး အဆိုပါ ကတ္တရာလမ်းဘေးရှိ မြေကွက်လပ် အရှည်ပေ ၁၅၀၀ ခန့် အနံပေ ၈၀ ခန့်‌နေရာတွင် ကျွန်း၊ မယ်ဇလီ၊ ထနောင်း၊ ဘောစကိုင်းပင်များကို တစ်အိမ်လျှင် ၁၅ ပင်နှုန်းဖြင့် စိုက်ပျိုးကာ ခြံစီးရိုးခတ် ကာရံခဲ့ကြောင်း၊ ယင်း မြေကွက်လပ်ကို ဒေသခံများ သဘောတူညီမှုမပါပဲ အုပ်ချုပ်ရေးပိုင်းက လုပ်နေသည့်အတွက် အငြင်းပွားမှုများ ဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။[embedyt] https://www.youtube.com/watch?v=vYfOvtro4bY[/embedyt]

    Red News Agency

  • ဖားကန့်မြေပြိုမှု သေဆုံးသူများပြားခဲ့ပြီး၊ သမ္မတဖွဲ့စည်းပေးသည့်အဖွဲ့ စုံစမ်းစစ်ဆေးနေ

    ဖားကန့်မြေပြိုမှု သေဆုံးသူများပြားခဲ့ပြီး၊ သမ္မတဖွဲ့စည်းပေးသည့်အဖွဲ့ စုံစမ်းစစ်ဆေးနေ

    ဖားကန့်မြေပြိုမှု လူ ၁၇၄ ဦးသေဆုံးမှု( ၂ဦးပျောက်နေ) စုံစမ်းစစ်ဆေးနေ၊ သေဆုံးသူ မိသားစုများကို ထောက်ပံ့ငွေပေး

    ကိုတာ
    ဖားကန့်၊ ဇူလိုင် ၅ ရက်။

    ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး မြေပြိုမှုတွင် ဆယ်သူရရှိထားသည့်အလောင်းမှာ ၁၄၇ ဦးဖြစ်ပြီး ၊ စာရင်းများအရ ၂ လောင်းပျောက်နေကြောင်း၊ မြေပြို လူသေသည့် ကိစ္စနှင့် ပတ်သက်ပြီး သမ္မတဖွဲ့စည်းပေးထားသည့်အဖွဲ့က ဇူလိုင် ၄ ရက်နေ့ကစတင်ပြီး စစ်ဆေးနေပြီဖြစ်ပါတယ်။

    သေဆုံးသူ ၁၇၄ ဦးအတွက် မိသားစုများကို ထောက်ပံ့ငွေ ၅ သိန်း၊ ဒဏ်ရာရရှိသူ ၅၄ ဦးကို ၂ သိန်းယနေ့ ထောက်ပံ့ခဲ့ကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး ဖားကန့်မှ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ ဒဏ်ရာရရှိသူများ၊ ဒေသခံစသည်တို့ကို စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ဆုံ မေးမြန်းခဲ့ကြပါတယ်။

    ဇူလိုင်လ ၃ ရက်နေ့က သမ္မတဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဥက္ကဌအဖြစ်တာဝန်ယူထားပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်စသည်တို့ ဖြစ်ပါတယ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ ရပ်ကွက် (၆) ၊ လခူချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ဗဏီ (ဒေသအခေါ် တစ်သုံးလုံး ကုမ္ဗဏီ) အတွင်း ဇူလိုင် ၂ ရက်နေ့ နံနက် ၆ နာရီခွဲဝန်းကျင်က ပေ ၁၀၀၀ ဝန်းကျင် အမြင့်မှ မြေပြိုကျမှု ဖြစ်ပွားစဉ် ကျောက်ရှာနေသူများ သေဆုံးမှု အများအပြားဖြစ်ပွားခဲ့ခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=83yCnFVk6p8[/embedyt]

    Red News Agency

  • မကွေးတွင် ကျူးကျော်ဟုဆိုကာ အိမ်ခြေ ၁၃၀ ကျော်ကို ပြောင်းရွေ့ပေးရန် အမိန့်စာထုတ်ထား

    မကွေးတွင် ကျူးကျော်ဟုဆိုကာ အိမ်ခြေ ၁၃၀ ကျော်ကို ပြောင်းရွေ့ပေးရန် အမိန့်စာထုတ်ထား

    ဒီလိုင်း၊ မကွေး၊ ဇူလိုင် ၄ ရက်။

    ” ကိုယ့်ဝိုင်းကိုယ့်စည်းနဲ့နေချင်လို့မလို့ ရှိတဲ့ငွေနဲ့‌ခြိုးခြံချွေတာပြီးတော့ ဝယ်ပြီးနေတာပါ၊ အဲဒါကို သူတို့က ကျူးဆိုပြီးသတ်မှတ်ပြီးတော့ ဖယ်ရှားခိုင်းတာပါ။ ကျူးဆိုပြီးတော့ဖယ်ရှားခိုင်းတာ ၁၃၅အိမ်ရှိပါတယ်” ဟု ယင်းနေရာတွင် နေထိုသည့် ဒေါ်ယုဇနလွင်က ပြောထားပါတယ်။

    မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊မကွေးမြို့နယ်၊မယ်လှတောင်ကျေးရွာအုပ်စု (ကွင်းအမှတ်-၁၆၅၄-မြင်းကင်းကွင်း) တွင် အခကြေးငွေပေးဝယ်ပြီး အိမ်ဆောက်နေထိုင်သူများကို တရားမဝင် (ကျူးကျော်) ဟုဆိုကာ မကွေးမြို့နယ် အုပ်ချုပ်ရေး ဦးစီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့ နောက်ဆုံးထားရွေ့ပြောင်းရမည်ဟု အမိန့်စာထုတ်ထားကြောင်း ဒေသခံများက ပြောကြားထားသည်။

    ” ကျူးကျော်ဆိုပြီးသတ်မှတ်ပြီးရောက်လာပါတယ်၊ ကျွန်မတို့က ကိုယ့်ချွေးနည်းစာနဲ့ဒီရပ်ကွက်မှာရှိတဲ့ပိုင်ရှင်တွေဆီကနေပြီး တတ်နိုင်သလောက်ပေး ဝယ်ထားတာဖြစ်တဲ့အတွက်ကျူးမဟုတ်လို့၊ ကျူးကျော်နေထိုင်တာလို့ မသတ်မှတ်နိုင်ပါဘူး၊ ဒီတစ်ရပ်ကွက်လုံးမှာကျူးကျော်တစ်အိမ်မှမပါဘာဘူး” ဟု ယင်းရပ်ကွက်နေထိုင်သူ တဦးက ပြောထားပါတယ်။[embedyt] https://www.youtube.com/watch?v=CVTpDldPztY[/embedyt]

    Red News Agency

  • သေဘေးမှ သီသီလေး လွှတ်မြောက်လာသူ

    သေဘေးမှ သီသီလေး လွှတ်မြောက်လာသူ

    ရေမဆေးကျောက်ရှာဖွေဖို့သွားသော်လည်း သေဘေးမှ လွတ်မြောက်လာသူ

    တာလင်းမောင် ၊ ဖားကန့်၊ ဇွန် ၃ ရက်။

    ဇွန်လ ၂ ရက်နေ့ ရေမဆေးကျောက်ရှာဖွေရန်သွားခဲ့သူ၊ သေဘေးမှ လွတ်မြောက်ခဲ့သူ တစ်ဦးဖြစ်သူက ဖြစ်စဉ်တချို့ကို ပြောပြထားပါတယ်။ ဖားကန့်မြိုကနယ် ဝှေခါကျေးရွာ ရပ်ကွက် (၆)၊ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ဗဏီ ( ဒေသအခေါ် တစ်သုံးလုံး ကုမ္ဗဏီ) အတွင်း ကျင်းကမ်းပါး ပြိုကျမှုကြောင့် ယနေ့ နေလည်ပိုင်းအထိ သေဆုံးသူ ရုပ်အလောင်း ၁၆၈ ဦးကို ဆယ်ယူပြီးကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=BfVsVfOPcq4[/embedyt]

    Red News Agency

  • ဖားကန့်မြေပြိုကျ သေဆုံးသူများနှင့်ပတ်သက်ပြီး သေဆုံးသူများမှာသာ တာဝန်ရှိဟု လွှတ်တော်ကိုယ်စားလှယ်ပြော

    ဖားကန့်မြေပြိုကျ သေဆုံးသူများနှင့်ပတ်သက်ပြီး သေဆုံးသူများမှာသာ တာဝန်ရှိဟု လွှတ်တော်ကိုယ်စားလှယ်ပြော

    တာလင်းမောင် ၊ ဖားကန့်၊ ဇူလိုင် ၄ ရက်။

    ”တာဝန်အရှိဆုံးက အဲဒီကျင်းကို တူးတဲ့လူတွေ တာဝန်အရှိဆုံးဘဲ။ သူတို့ဘာသာ သူတို့တူးတဲ့ ကိစ္စ။ ကျန်တဲ့သူ ဘယ်သူ့မှာတာဝန်ရှိတယ် ဘယ်အဖွဲ့အစည်းမှာ ဘယ်လို ပြောစရာမလိုဘူး ဒီတူးတဲ့လူတွေ တာဝန်အရှိဆုံးဘဲ” ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောကြားထားပါတယ်။

    ဖားကန့်မြို့နယ်၊ ဝှေခါရပ်ကွက် လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ဗဏီ လုပ်ကွက်အတွင်း ဇူလိုင်လ ၂ ရက်နေ့က ကမ်းပါးပြိုကျခဲ့ရာတွင် ဇူလိုင်လ ၃ ရက်နေ့ထိ သေဆုံးသူ ရုပ်အလောင်း ၁၆၉ လောင်း ဆယ်ယူနိုင်ခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၄၃ ဦးရှိခဲ့သည်။[embedyt] https://www.youtube.com/watch?v=1GBYhMBbhNs[/embedyt]

    Red News Agency

  • အညတရမှသည် တက္ကသိုလ်ဆီသို့

    အညတရမှသည် တက္ကသိုလ်ဆီသို့

    “ငယ်ငယ်ကတည်းက ရက်ရက်စက်စက် ဆင်းရဲခဲ့တယ်၊ အိမ်ကို ဝါးခြမ်းနဲ့ကာထားရတယ်၊ ဆောင်းတွင်း လေတိုက်ရင် ချမ်းလွန်းလို့ စောင် လေးကာပြီး အိပ်ရတယ်၊ ဆိုင်းထမ်းတံပိုးကျိုးအောင် ထမ်း‌ပြီးလုပ်ကိုင်စားသောက်ခဲ့ရတယ်”

    ကိုကိုလွင်

    “ထီးပြင်တယ်၊ ဖိနပ်ပြင်တယ်၊ ဖိနပ်သည်းကြိုးတွေ လဲတယ်၊ လက်နှိပ်ဓါတ်မီးတွေလည်း ပြင်တယ်…..” ထိုအသံကို ကျွန်တော်ငယ်ငယ်ကတည်းက ကြားဖူးနေကြ အသံ။ အသံက အောင်မြင်သည်။ ဩဇာဓါတ်ပါသည်။ ထို့ကြောင့်လည်း ယခုအချိန်ထိ သူအော်ကျစာသားကို အလွတ်ရနေခြင်းပင် ဖြစ်သည်။
    သူ့ပုံကိုကြည့်ရင်တော့ မဲမဲသဲသဲ၊ ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်။ မျက်နှာမှာလည်း အရေးအကြောင်းတွေနဲ့။

    သစ်သားသေတ္တာနှစ်လုံးကို ဆိုင်းထမ်းတံပိုးဖြင့် ထမ်းကာ နှစ် ၄၀ ကျော် ၅၀ နီးပါး တစ်ရွာဝင် တစ်ရွာထွက် ရွာစဉ်လှည့်လည်ပြီး သားသမီး ၆ ယောက်ကို လုပ်ကိုင်ကျွေး‌မွေးခဲ့သူ။ မိမိက ပညာမတက်ခဲ့သော်လည်း မိဘတို့ရဲ့မေတ္တာတရားအတိုင်း သားသမီးကို ပညာတက်မြောက်စေချင်ခဲ့သည်။ သို့အတွက်ကြောင့် ထိုအလုပ်ဖြင့်ပင် သမီးထွေးလေးကို ကျောင်းဆရာမဖြစ်သည်အထိ ကြိုးစားရုန်းကန်ခဲ့ရသည်။

    ယခုအချိန်မှာမူ သူ့ပခုံးနှစ်ဘက်ပေါ်မှာ အသမာ ဘု ကြီးတွေ ထွက်နေလေပြီ။ ထိုသူကား ဦချစ်သောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဖလန်ကန်ကျေးရွာက ဖြစ်သည်။ ယခု အသက် ၆၉ နှစ်ရှိပြီ၊ အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်တဲ့အတွက် ထီးဖိနပ်ပြင်သည့် အလုပ်ကို လွန်ခဲ့သည့် ၅ နှစ်ခန့်က ရပ်နားလိုက်သော်လည်း နွားကျောင်း၊ ထင်းခွေ၊ အိမ်မှုကိစ္စအလုပ်များကို ဖျက်လတ်စွာ လုပ်ကိုင်နေဆဲဖြစ်သည်။

    “ထီးဖိနပ်ပြင်တဲ့အလုပ်ကို အိမ်ထောင်ကျပြီးချိန် တော်လှန်ရေးကောင်စီခေတ်ကတည်းက ဇောက်ချလုပ်ခဲ့တာ၊ ဦးသန်းရွှေ၊ ဦးသိန်းစိန် လက်ထက်အထိပဲ၊ အခုအစိုးရ တက်ခါနီးဆဲဆဲ သမီးလေး ဆရာမဖြစ်ပြီးမှ နားလိုက်တာ” ဟု ဦးချစ်သောင်းက ပြောသည်။
    ညီအစ်သုံးယောက်ရှိသည့်အနက် ဦးချစ်သောင်းမှာ အလတ်ဖြစ်သည်။ မိဘများမှာ ဆင်းရဲနွမ်းပါးသဖြင့် ငယ်စဉ်က ဆရာတော် ဦးဣန္ဒာစာရ၏ ရွှေကူကျောင်းတိုက်တွင် ၅ နှစ်ခန့် ညအိပ် ကျောင်းသားအဖြစ် နေခဲ့ရသည်။

    (more…)

  • တပ်မတော် နိုင်ငံရေးကနေ ဘယ်တော့ထွက်မလဲ

    တပ်မတော် နိုင်ငံရေးကနေ ဘယ်တော့ထွက်မလဲ

    နိုင်ငံတော်လုံခြုံရေး တာဝန်ကို ယူရမဲ့ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်နေမှုနှင့် ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်ရဲ့ အမြင်သဘောထားက ဘာတွေဖြစ်မလဲ။ [embedyt] https://www.youtube.com/watch?v=sXCsO_pUYa0[/embedyt]

    Red News Agency

  • ရခိုင်ကိုအမြစ်ဖြတ်ချေမှုန်းရေးနှင့် အင်အားအလွန်အကျွံ အသုံးပြုမှုရဲ့နောက်ဆက်တွဲ

    ရခိုင်ကိုအမြစ်ဖြတ်ချေမှုန်းရေးနှင့် အင်အားအလွန်အကျွံ အသုံးပြုမှုရဲ့နောက်ဆက်တွဲ

    အစိုးရတစ်ရပ်အနေနဲ့ပြည်သူလူထုရဲ့ အသက်စည်းစိမ်ကို အကာ အကွယ် မပေးနိုင်သည့်အပြင် ပြည်သူလူထုကို အလေးမထား ထင်သလိုလုပ်နေပါက ပြည်သူလူထု အနေနဲ့လည်းမိမိတို့ရဲ့ဆုံးရှုံးနစ်နာမှုများကို သေချာမှတ်တမ်းတင်ပြုစုကာ နိုင်ငံတ ကာသို့ တိုင်တန်းပြီး တရားမျှတမှုကို ရယူနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရခိုင်ကို အမြစ်ဖြတ်ချေမှုန်းဖို့ အစိုးရဖက်က တရားဝင်ခွင့်ပြုထားတယ်လို့ မြန်မာ့တပ်မတော် ဘက်က ထုတ်ဖော်ပြောကြားထားတာမို့ ရခိုင်ပြည်သူလူထုရဲ့ဆုံးရှုံးနစ်နာမှုအတွက် လက်ရှိအစိုးရမှာ တာဝန်အပြည့်အဝရှိနေပါတယ်

    ကောင်းမြတ်နိုင်

    ရခိုင်မှာ လက်ရှိဖြစ်ပျက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း အစိုးရလက်နက်ကိုင်တပ်ဘက်ကတော့ အမြစ်ဖြတ်ချေမှုန်းရေးလို့ တရားဝင်ပြောထားပြီး ဖြစ်ပါတယ်။၂၀၁၈ ဒီဇင်ဘာလကတည်းက စတင်ပြင်းထန်လာနေတဲ့ ပဋိပက္ခဟာခုချိန်ထိ အားကောင်းကောင်းနဲ့ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး နောက်ထပ် ဘယ်လောက်ထိ ပြင်းထန်လာမလဲဆိုတာကို အတိအကျမသိနိုင်ကြပေမယ့် ပိုပြီးပြင်းထန်လာမှာကတော့ သေချာနေပါတယ်။

    ရခိုင်ပြည်နယ်အစိုးရအဖွဲ့က နယ်လုံဝန်ကြီးလက်မှတ် ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုကိစ္စဟာ အစိုးရအနေနဲ့ အာဏာအလွှဲသုံးပြီး အင်အားအလွန်အကျွံအသုံးပြုမှုကို ပြသနေတာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ ဘယ်နေ့ကနေ ဘယ်နေ့ထိ ခေတ္တခဏရှောင်တိမ်းနေရမယ် အဲဒီလို ပြောင်းရွေ့နေစဉ်ကာလအတွင်း အဲဒီရွာသား အားလုံးရဲ့စားဝတ်နေရေးကို ဘယ်လိုတာဝန်ယူဖြေရှင်းပေးမယ်ဆိုတာမပါရှိသလို အဲဒီလို နယ်မြေရှင်းလင်းရေးအတွင်း ပျက်စီး ဆုံးရှုံးသွားတဲ့ ရွေ့ပြောင်းနိုင်တဲ့ပစ္စည်း မရွေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေအတွက် ဘယ်လိုအစားထိုး ဆောင်ရွက်ပေးမယ်ဆိုတာ ဖော်ပြထားတာကို မတွေ့ရပါဘူး။

    ဒီထုတ်ပြန်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို အတိအလင်း ချိုးဖောက်ရာရောက်သလို လူ့အခွင့်အ ရေး နိုင်ငံတကာစစ်မျဉ်းတွေကို ချိုးဖောက်ရာလည်းရောက်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များပါ ၃၅၆ မှာတော့ “နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွေ့ပြောင်းနိုင်သောပစ္စည်း မရွေ့ပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်း ၍ ဥပဒေအရ အကာအကွယ်ပေးရမည် “လို့ အတိအကျ ရေးသားဖော်ပြထားပါတယ်။

    (more…)

  • နေပြည်တော်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ မြေကွက်ချထားပေးသည့်ကိစ္စမှန်သည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြော

    နေပြည်တော်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ မြေကွက်ချထားပေးသည့်ကိစ္စမှန်သည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြော

    ဇင်လင်းနိုင်၊ နေပြည်တော်၊ ဇွန် ၁၉ ရက်။

    နေပြည်တော်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေကို မြေကွက်ချထားပေးသည့်ကိစ္စမှန်သည်ဟု ဆိုသော်လည်း ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည့် မြေကွက် ဧရိယာမှာ မှားယွင်းနေကြောင်း ဇွန်လ ၁၉ ရက်နေ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

    ဥတ္တရသီရိမြို့နယ်အတွင်းမှာ နေပြည်တော်စည်ပင်က မြေ ၂ ဧကရှိသည့် မြေကွက် ၁၀ ကွက်၊ မြေ ၁ ဧက ရှိသည့် မြေကွက် ၆ ကွက်ကို ပြည်ထောင်စုအဆင့်တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စု ဝန်ကြီးနှင့်အထက် နိုင်ငံရေးရာထူးရှိ ပုဂ္ဂိုလ်တွေ လျှောက်ထားလာသူတွေကို သတ်မှတ်ဈေးနှုန်းနှင့် ချပေးတာဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက သတင်းသမားများကို ပြောကြားခဲ့သည်။[embedyt] https://www.youtube.com/watch?v=mxTfPCvHGsE[/embedyt]

    Red News Agency