18
May
”တီးကွက်နဲ့အတူလည်း မကနဲ့။ဘာနဲ့မှ မကနဲ့။နင်ဗိုက်ချောင်သွားရင် ထမင်းထပ်စားဦးမယ်မဟုတ်လား။ဆန်ကုန်တယ်။ကပ်ကြီးပြီးမှ ဝအောင်ကတော့ဟဲ့” အောင်မှူးဝေ [၁] ကိုရီနိုင်သည် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် အိမ်ထဲအောင်းနေရသည့်အချိန် ကြာသည်နှင့်အမျှ စိတ်ကယောက်ကယက်ဖြစ်လာ၏။မြင်မြင်သမျှ အလိုမကျ၊ကြားကြားသမျှ အလိုမကျ၊နံနံသမျှအလိုမကျ၊စားစားသမျှ အလိုမကျ၊တွေ့ထိသမျှ အလိုမကျ ဖြစ်နေသည်။ ” ဒီစာအုပ်တွေ ဒီနားထောင်ထားတာ အကြည့်ရဆိုးတယ်ဆိုတာ မသိဘူးလား ဟမ်။ဒီမိန်းမဟာ အသုံးကိုမကျဘူး” ” ဪ..ကိုကိုပဲ လူမြင်ကွင်းမှာမထားနဲ့ လူတွေက ငှားဖတ်ပြီး ပြန်မပေးကြဘူးဆို” ” လူတွေမှ ငွေရှာမရလို့ မွဲတော့မှာပါဆို ဘာကြောင့် နဂါးနီသီချင်းပဲ ထပ်ကာထပ်ကာဖွင့်နေရတာလဲ” “ဪ..ကိုကိုပဲ ဇမ္ဗူဒိပ်နိမိတ်ဆို၊ဒီသီချင်းနေ့တိုင်းဖွင့်ရမယ်ဆို” ” တောက်..ဒီအနံ့ကြီးက ဘာအနံ့ကြီးလဲ။အန်တောင် အန်ချင်လာပြီကွာ” ” ဪ..ကိုကိုကြိုက်လို့ ကိုကိုဝယ်လာတဲ့ ဂျာမနီပရုတ်လုံးနံ့လေ။ကြွက်ပြေးတယ်ဆို” ” ကောင်းကွာ…