“ဒါလား ပြည်သူ့ရဲ” လို့ ရဲတွေလုပ်ရပ်အပေါ် ဒေသခံတွေ မေးခွန်းထုတ်

ကိုကိုလွင် ပုလဲ၊ ဇူလိုင် ၈ ရက်။

”ပြည်သူ့ရဲ ပြည်သူရဲနဲ့ ဒါလား ပြည်သူ့ရဲ။ ပြည်သူတွေကို နှိပ်စက်နေတာ ဒါ ပြည်သူ့ရဲ လားဟ ” ဟု ဒေသခံပြည်သူတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာတွင် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက စစ်ဆေးရေးဂိတ်‌မြေနေရာသတ်မှတ်ရာမှ ရော်ဘာကျည်ဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံ ၃ ဦးထိမှန်ခဲ့ပြီး၊ ၅ ဦးကို ဖမ်းဆီးခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း ၊ ဒေသခံတဦး ရိုက်ကူးထားသည့် ရုပ်သံများကို Red News Agency က ရရှိခဲ့သည်။

၁၉၈၂ ခုနှစ် ဧပြီလ ၄ ရက်နေ့က မြကုန်းရွာဟောင်း မီးလောင်သဖြင့် ယခုရွာသစ်နေရာ ၃၂ ဧကကို တစ်ဧကလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူပြီး အဆိုပါ ကတ္တရာလမ်းဘေးရှိ မြေကွက်လပ် အရှည်ပေ ၁၅၀၀ ခန့် အနံပေ ၈၀ ခန့်‌နေရာတွင် ကျွန်း၊ မယ်ဇလီ၊ ထနောင်း၊ ဘောစကိုင်းပင်များကို တစ်အိမ်လျှင် ၁၅ ပင်နှုန်းဖြင့် စိုက်ပျိုးကာ ခြံစီးရိုးခတ် ကာရံခဲ့ကြောင်း၊ ယင်း မြေကွက်လပ်ကို ဒေသခံများ သဘောတူညီမှုမပါပဲ အုပ်ချုပ်ရေးပိုင်းက လုပ်နေသည့်အတွက် အငြင်းပွားမှုများ ဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Red News Agency

By Editor