မကွေးတွင် ကျူးကျော်ဟုဆိုကာ အိမ်ခြေ ၁၃၀ ကျော်ကို ပြောင်းရွေ့ပေးရန် အမိန့်စာထုတ်ထား

ဒီလိုင်း၊ မကွေး၊ ဇူလိုင် ၄ ရက်။

” ကိုယ့်ဝိုင်းကိုယ့်စည်းနဲ့နေချင်လို့မလို့ ရှိတဲ့ငွေနဲ့‌ခြိုးခြံချွေတာပြီးတော့ ဝယ်ပြီးနေတာပါ၊ အဲဒါကို သူတို့က ကျူးဆိုပြီးသတ်မှတ်ပြီးတော့ ဖယ်ရှားခိုင်းတာပါ။ ကျူးဆိုပြီးတော့ဖယ်ရှားခိုင်းတာ ၁၃၅အိမ်ရှိပါတယ်” ဟု ယင်းနေရာတွင် နေထိုသည့် ဒေါ်ယုဇနလွင်က ပြောထားပါတယ်။

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊မကွေးမြို့နယ်၊မယ်လှတောင်ကျေးရွာအုပ်စု (ကွင်းအမှတ်-၁၆၅၄-မြင်းကင်းကွင်း) တွင် အခကြေးငွေပေးဝယ်ပြီး အိမ်ဆောက်နေထိုင်သူများကို တရားမဝင် (ကျူးကျော်) ဟုဆိုကာ မကွေးမြို့နယ် အုပ်ချုပ်ရေး ဦးစီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့ နောက်ဆုံးထားရွေ့ပြောင်းရမည်ဟု အမိန့်စာထုတ်ထားကြောင်း ဒေသခံများက ပြောကြားထားသည်။

” ကျူးကျော်ဆိုပြီးသတ်မှတ်ပြီးရောက်လာပါတယ်၊ ကျွန်မတို့က ကိုယ့်ချွေးနည်းစာနဲ့ဒီရပ်ကွက်မှာရှိတဲ့ပိုင်ရှင်တွေဆီကနေပြီး တတ်နိုင်သလောက်ပေး ဝယ်ထားတာဖြစ်တဲ့အတွက်ကျူးမဟုတ်လို့၊ ကျူးကျော်နေထိုင်တာလို့ မသတ်မှတ်နိုင်ပါဘူး၊ ဒီတစ်ရပ်ကွက်လုံးမှာကျူးကျော်တစ်အိမ်မှမပါဘာဘူး” ဟု ယင်းရပ်ကွက်နေထိုင်သူ တဦးက ပြောထားပါတယ်။

Red News Agency

By Editor