အညတရမှသည် တက္ကသိုလ်ဆီသို့

အညတရမှသည် တက္ကသိုလ်ဆီသို့

အညတရမှသည် တက္ကသိုလ်ဆီသို့

“ငယ်ငယ်ကတည်းက ရက်ရက်စက်စက် ဆင်းရဲခဲ့တယ်၊ အိမ်ကို ဝါးခြမ်းနဲ့ကာထားရတယ်၊ ဆောင်းတွင်း လေတိုက်ရင် ချမ်းလွန်းလို့ စောင် လေးကာပြီး အိပ်ရတယ်၊ ဆိုင်းထမ်းတံပိုးကျိုးအောင် ထမ်း‌ပြီးလုပ်ကိုင်စားသောက်ခဲ့ရတယ်” ကိုကိုလွင် “ထီးပြင်တယ်၊ ဖိနပ်ပြင်တယ်၊ ဖိနပ်သည်းကြိုးတွေ လဲတယ်၊ လက်နှိပ်ဓါတ်မီးတွေလည်း ပြင်တယ်…..” ထိုအသံကို ကျွန်တော်ငယ်ငယ်ကတည်းက ကြားဖူးနေကြ အသံ။ အသံက အောင်မြင်သည်။ ဩဇာဓါတ်ပါသည်။ ထို့ကြောင့်လည်း ယခုအချိန်ထိ သူအော်ကျစာသားကို အလွတ်ရနေခြင်းပင် ဖြစ်သည်။ သူ့ပုံကိုကြည့်ရင်တော့ မဲမဲသဲသဲ၊ ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်။ မျက်နှာမှာလည်း အရေးအကြောင်းတွေနဲ့။ သစ်သားသေတ္တာနှစ်လုံးကို ဆိုင်းထမ်းတံပိုးဖြင့် ထမ်းကာ နှစ် ၄၀ ကျော် ၅၀ နီးပါး တစ်ရွာဝင် တစ်ရွာထွက် ရွာစဉ်လှည့်လည်ပြီး သားသမီး…
Read More