ဖားကန့်မြေပြိုကျ သေဆုံးသူများနှင့်ပတ်သက်ပြီး သေဆုံးသူများမှာသာ တာဝန်ရှိဟု လွှတ်တော်ကိုယ်စားလှယ်ပြော

တာလင်းမောင် ၊ ဖားကန့်၊ ဇူလိုင် ၄ ရက်။

”တာဝန်အရှိဆုံးက အဲဒီကျင်းကို တူးတဲ့လူတွေ တာဝန်အရှိဆုံးဘဲ။ သူတို့ဘာသာ သူတို့တူးတဲ့ ကိစ္စ။ ကျန်တဲ့သူ ဘယ်သူ့မှာတာဝန်ရှိတယ် ဘယ်အဖွဲ့အစည်းမှာ ဘယ်လို ပြောစရာမလိုဘူး ဒီတူးတဲ့လူတွေ တာဝန်အရှိဆုံးဘဲ” ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောကြားထားပါတယ်။

ဖားကန့်မြို့နယ်၊ ဝှေခါရပ်ကွက် လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ဗဏီ လုပ်ကွက်အတွင်း ဇူလိုင်လ ၂ ရက်နေ့က ကမ်းပါးပြိုကျခဲ့ရာတွင် ဇူလိုင်လ ၃ ရက်နေ့ထိ သေဆုံးသူ ရုပ်အလောင်း ၁၆၉ လောင်း ဆယ်ယူနိုင်ခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၄၃ ဦးရှိခဲ့သည်။

Red News Agency

By Editor