နေပြည်တော်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ မြေကွက်ချထားပေးသည့်ကိစ္စမှန်သည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြော

ဇင်လင်းနိုင်၊ နေပြည်တော်၊ ဇွန် ၁၉ ရက်။

နေပြည်တော်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေကို မြေကွက်ချထားပေးသည့်ကိစ္စမှန်သည်ဟု ဆိုသော်လည်း ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည့် မြေကွက် ဧရိယာမှာ မှားယွင်းနေကြောင်း ဇွန်လ ၁၉ ရက်နေ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဥတ္တရသီရိမြို့နယ်အတွင်းမှာ နေပြည်တော်စည်ပင်က မြေ ၂ ဧကရှိသည့် မြေကွက် ၁၀ ကွက်၊ မြေ ၁ ဧက ရှိသည့် မြေကွက် ၆ ကွက်ကို ပြည်ထောင်စုအဆင့်တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စု ဝန်ကြီးနှင့်အထက် နိုင်ငံရေးရာထူးရှိ ပုဂ္ဂိုလ်တွေ လျှောက်ထားလာသူတွေကို သတ်မှတ်ဈေးနှုန်းနှင့် ချပေးတာဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက သတင်းသမားများကို ပြောကြားခဲ့သည်။

Red News Agency

By Editor