အိုးအိမ်မဲ့

မကွေးတွင် ကျူးကျော်ဟုဆိုကာ အိမ်ခြေ ၁၃၀ ကျော်ကို ပြောင်းရွေ့ပေးရန် အမိန့်စာထုတ်ထား

မကွေးတွင် ကျူးကျော်ဟုဆိုကာ အိမ်ခြေ ၁၃၀ ကျော်ကို ပြောင်းရွေ့ပေးရန် အမိန့်စာထုတ်ထား

ဒီလိုင်း၊ မကွေး၊ ဇူလိုင် ၄ ရက်။ ” ကိုယ့်ဝိုင်းကိုယ့်စည်းနဲ့နေချင်လို့မလို့ ရှိတဲ့ငွေနဲ့‌ခြိုးခြံချွေတာပြီးတော့ ဝယ်ပြီးနေတာပါ၊ အဲဒါကို သူတို့က ကျူးဆိုပြီးသတ်မှတ်ပြီးတော့ ဖယ်ရှားခိုင်းတာပါ။ ကျူးဆိုပြီးတော့ဖယ်ရှားခိုင်းတာ ၁၃၅အိမ်ရှိပါတယ်” ဟု ယင်းနေရာတွင် နေထိုသည့် ဒေါ်ယုဇနလွင်က ပြောထားပါတယ်။ မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊မကွေးမြို့နယ်၊မယ်လှတောင်ကျေးရွာအုပ်စု (ကွင်းအမှတ်-၁၆၅၄-မြင်းကင်းကွင်း) တွင် အခကြေးငွေပေးဝယ်ပြီး အိမ်ဆောက်နေထိုင်သူများကို တရားမဝင် (ကျူးကျော်) ဟုဆိုကာ မကွေးမြို့နယ် အုပ်ချုပ်ရေး ဦးစီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့ နောက်ဆုံးထားရွေ့ပြောင်းရမည်ဟု အမိန့်စာထုတ်ထားကြောင်း ဒေသခံများက ပြောကြားထားသည်။ ” ကျူးကျော်ဆိုပြီးသတ်မှတ်ပြီးရောက်လာပါတယ်၊ ကျွန်မတို့က ကိုယ့်ချွေးနည်းစာနဲ့ဒီရပ်ကွက်မှာရှိတဲ့ပိုင်ရှင်တွေဆီကနေပြီး တတ်နိုင်သလောက်ပေး ဝယ်ထားတာဖြစ်တဲ့အတွက်ကျူးမဟုတ်လို့၊ ကျူးကျော်နေထိုင်တာလို့ မသတ်မှတ်နိုင်ပါဘူး၊ ဒီတစ်ရပ်ကွက်လုံးမှာကျူးကျော်တစ်အိမ်မှမပါဘာဘူး” ဟု ယင်းရပ်ကွက်နေထိုင်သူ တဦးက…
Read More
အိုးအိမ်မဲ့ (ကျူးကျော်) အရေး ဖြေရှင်းရန်အတွက် စာရင်းကောက်

အိုးအိမ်မဲ့ (ကျူးကျော်) အရေး ဖြေရှင်းရန်အတွက် စာရင်းကောက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Women for the world (ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း = အင်းစိန်) တို့ အိုးအိမ်မဲ့ (ကျူးကျော်) အရေး ဖြေရှင်းရန်အတွက် စာရင်းကောက်ခြင်း၊ အိမ်ဆောက်မည့်ပုံစံများ၊ လုပ်ဆောင်မည့်အကြောင်းအရာများကို မေလ ၁၉ ရက်နေ့က လှိုင်သာယာမြို့နယ် (၇) ရပ်ကွက် တေးဥယျာဉ်လမ်း သောင်ကြီးဘုန်းတော်ကြီးကျောင်းတွင် ရန်ကုန် = ပုသိမ် လမ်းမကြီးဘေးမှ ကျူးကျော်များနှင့်တွေ့ဆုံကာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မကြာမှီ ဖော်ဆောင်မဲ့ လူမှုအခြေပြု အစုအဖွဲ့ပိုင် အိမ်ယာစီမံကိန်းကို ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးရေးအသင်း (အင်းစိန်)- Women for the world ၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကြမည်ဖြစ်ကြောင်း သိရသည်။ Red News…
Read More