တအာင်းပြည်ကောင်စီ

PSLF/TNLA ၏ အပတ်စဉ် (၁) နိုင်ငံရေးသိပ္ပံကျောင်း ကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ

PSLF/TNLA ၏ အပတ်စဉ် (၁) နိုင်ငံရေးသိပ္ပံကျောင်း ကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ

RNA_ဇွန်(၃၀)၊၂၀၂၅ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဦးဆောင်ဖွင့်လှစ်ထားသော နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဥ် (၁) ကျောင်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်း အခမ်းအနားအား တအာင်းပြည်တစ်နေရာတွင် ဇွန်လ ၂၅ ရက်နေ့က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဟု ယနေ့ TNLA ကထုတ်ပြန်ထားသည်။ နိုင်ငံရေးသိပ္ပံကျောင်း ကျောင်းဆင်းပွဲ အခမ်းအနားသို့ PSLF/TNLA၏ ဒုဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ တအာင်းပြည်ကောင်စီ ဒုဥက္ကဌ (၁) ဒီဒီမိုခမ်း၊ တအာင်းမြေတက္ကသိုလ် ဒေါက်တာဟောည်၊ ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးကြီး တားပန်လအပါအဝင် တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းတာဝန်ရှိသူများ၊ ကျောင်းသူ ကျောင်းသား မိသားစုဝင်များပါအဝင် (၆၀၀) ကျော်တက်ရောက်ခဲ့သည်ဟု သိရသည်။ (more…)
Read More