ယမန်‌နေ့ တိုက်ပွဲတွင် မိုးဗြဲ PDF က ရဲဘော် (၇) မိုးဗြဲ

RNA_ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။

ဖယ်ခုံမြို့နယ်၊ မိုးဗြဲတိုက်ပွဲတွင် ယမန်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကျအဆုံးခဲ့ရာမှာ မိုးဗြဲ PDF က (၇) ဦးကျဆုံးပြီး (၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မိုးဗြဲမြို့ပေါ်၊ ဟိုက်ကွီဆည်နှင့် ဝါရီဆူးဖလိုင်ရွာနားတွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲတွင် မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊ JPDF ၊ GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်ခဲ့ကြသည်။

” အကြမ်းဖက်စစ်တပ်ကို ရွံ့ရွံ့ချွန်ချွန် ခုခံတိုက်ခိုက်ခဲ့သည့် ပြည်သူရဲဘော်များတွင် မိုးဗြဲ PDF မှ ရဲဘော် (၇)ဦး ကျဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။ ရှေ့တန်းစစ်မြေပြင် ကယ်ဆယ်ရေး ဆရာဝန်တစ်ဦးကျဆုံးခဲ့ပြီး မိုးဗြဲ PDF ကယ်ဆယ်ရေးကား(၁)စီးလည်းပျက်စီးဆုံးရှုံး ခဲ့ပါသည်။ အခြား မဟာမိတ်တပ်ဖွဲ့အချို့မှ ပြည်သူ့ရဲဘော်များလည်း ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပါသည်။ ပြည်သူ့အကျိုးဆောင်ပြီး စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ပြီး ကျဆုံးသွားသော ရဲဘော်များကို ပြည်သူ့အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင် ဦးညွှတ်အပ်ပါသည်” ဟု မိုးဗြဲ PDFက ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ မိုးဗြဲမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း၊ ယမန်နေ့က စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများခဲ့ပေမဲ့ အရေအတွက် မသိရသေးကြောင်း၊ လွိုင်ကော် PDF က အကျအဆုံး မရှိခဲ့ကြောင်း သိရသည်။

Red News Agency

By Editor