Y-8 လေယာဉ်တစင်း ထပ်ပျက်သွားသည့်အတွက် စစ်ကောင်စီမှာ သုံးရသည့် Y-8 လေယာဉ် ၂ စင်းသာကျန်တော့

Written by

in

RNA_ဇန်နဝါရီ(၂၃)၊၂၀၂၄ခုနှစ်။

စစ်ကောင်စီတပ်တွင် Y – 8 လေယာဉ် ၆ စင်း ရှိသော်လည်း ၂ စင်း ပျက်ကျသွားပြီဖြစ်သည့်အတွက် ၄ စင်းကျန်သော်လည်း ၂ စီးသာ အသုံးပြုရကြောင်း လေတပ် CDM တပ်ကြပ်ကြီးတဦးက Red News Agency ကိုပြောသည်။

ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ တိုက်ပွဲများအတွင်း အိန္ဒိယဘက် ထွက်ပြေးသည့် စစ်ကောင်စီလက်အောက်ခံများကို ယနေ့ နံနက် ၁၀ နာရီကျော်က ပြေးလမ်းချော်ကာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ယန်၊ အိုင်ဇောလ်မြို့အနီး Lengoui လေဆိပ်အဆင်း အရှိန်မထိမ်းနိုင်သည့်အတွက် တိမ်းမှောက်သွားခဲ့သည်ဟု သိရသည်။


“စစ်သားတွေကိုသွားခေါ်တယ်ဆိုပေမယ့် တခြားအသုံးအဆောင်တွေကို အထက်လူကြီးတွေက လမ်းကြုံတင်ကြတာရှိတယ်၊ ပြောရရင် over weight ကြောင့်ပေါ့၊ ၂၀၁၇ တုန်းကလည်း ဘိတ်ကနေ ရန်ကုန်ကို အထွက်မှာ တန်ပိုတင်လို့ပျက်ကျဖူးတယ်။ ဒုတိယအချက်က လေယာဥ်က အင်ဂျင် ၄ လုံးပါတယ်၊ ပုံမှန်ဆို ဆီစားသက်သာအောင် ဆင်းခါနီး အင်ဂျင် ၂ လုံးစက်သတ်တယ်၊ အင်ဂျင် ၂ လုံးနဲ့ ဆင်းရတဲ့အချိန် ရာသီဥတုကြောင့် ပိတ်လို့ ပြေးလမ်းချော်တယ်လို့ မြင်တယ်။ လေတပ်အခေါ်ဆို weather ပိတ်တယ်ပေါ့” ဟု လေတပ် CDM တပ်ကြပ်ကြီးက ပြောသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်တွင် Y-8 လေယာဉ်အသုံးပြုပြီး တိုက်ပွဲအတွင်းနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများတွင် ဗုံးကြဲသည်ဟု ပြောဆိုမှုများရှိသော်လည်း Red News Agency အနေဖြင့် အတည်မပြုနိုင်သေးကြောင်း၊ စစ်ကောင်စီတပ်တွင် Y-8 လေယာဉ် ယခင်က ၄ စီးရှိသော်လည်း ၂၀၁၆ က ၂စီးထပ်မံဝယ်ယူဖြည့်တင်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်က မြိတ်အထွက်တွင် Y-8 (၅၈၂၁ ) တစင်းပျက်ကျခဲ့ကြောင်း၊ ယနေ့ ၁ စင်း ထပ်ပျက်ပြီး ကျန် ၄ စင်းတွင် ၂ စင်းသာ အသုံးပြုရကြောင်း သိရသည်။

#RedNewsAgency