Tag: ရန်ကုန်

  • ပေါက်ကွဲပစ်ခတ်မှု နေ့တိုင်းဖြစ်နေသည့်ရန်ကုန်မှာ ဟန်ပြသင်္ကြန်ပွဲ ကျင်းပရန် စီစဥ်နေ

    ပေါက်ကွဲပစ်ခတ်မှု နေ့တိုင်းဖြစ်နေသည့်ရန်ကုန်မှာ ဟန်ပြသင်္ကြန်ပွဲ ကျင်းပရန် စီစဥ်နေ

    RNA_မတ်၂၂၊၂၀၂၂ခုနှစ်။

    နိုင်ငံရေးမတည်ငြိမ်ဖြစ်နေသည့်ကာလ အများ
    ပြည်သူ စိတ်နှလုံးမသာမယာ ဖြစ်နေသည့် ယခုလိုကာလတွင်း လက်နက်နှင့် အုပ်ချုပ်နေရသည့် စစ် ကောင်စီက ရန်ကုန်တွင် သင်္ကြန်ကျင်းပရန် စီစဥ်နေသည်။

    ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုဖြစ်ပြီး စီးပွားရေးကျင်းနေချိန် ၊ပြည်သူ လူထု အလုပ်အကိုင်မဲ့ ဖြစ်နေချိန်တွင် စစ်ကောင်စီ အာဏာလုခဲ့သည့်အတွက် လူထုမှာ ကိုဗစ်ဘေးကော၊ ကိုစစ်ဘေးကော နေ့စဥ် ရင်ဆိုင်နေရပြီး နေ့စဥ် သောကရောက်နေကြရပြီး၊ မလုံခြုံမှုနှင့် စိုးရိမ်ထိန့်လန့်မှုများ နေ့စဥ် ကြုံတွေ့ခံရနေကြရသည်။

    ထိုအခြေအနေတွင် စစ်ကောင်စီက နဂိုပုံမှ​န်အခြေအနေ ပြန်ရောက်ပြီပြသရန်၊ အုပ်ချုပ်ရေး အာဏာသက်ရောက်ပြီဆိုသော အဖြစ်ကို ပြသရန် သင်္ကြန်ပွဲကျင်းပနိုင်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ (more…)

  • နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

    နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

    RNA_မတ်၂၁၊၂၀၂၂ခုနှစ်။

    နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း (ခ) ခိုင်ကိုမွန်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အင်း‌စိန်အကျဥ်းထောင် အထူးတရားရုံးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ‌ယနေ့ ထောင်ဒဏ် (၃) နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

    အာဏာသိမ်း စစ်ကောင်စီနှင့် အပေါင်းအပါများကို ခုခံစစ်ဆင်နွှဲရန်အတွက် သင်တန်းသားရှာဖွေစုဆောင်းခြင်းစသည့် လုပ်ငန်းများ လုပ်နေသည်ဟု သတင်းပေါက်ကြားပြီး ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ (၄) ရပ်ကွက်၊ ပြည်လမ်း (၉) မိုင် သီရိကွန်ဒို အခန်း အမှတ် (B-508)မှာ ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ ကိုငြိမ်းချမ်း စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

    ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလက ကိုငြိမ်းချမ်းသည် Generation Wave အဖွဲ့တွင်ပါဝင်ခဲ့ပြီး ထောင်ကျခံရကာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဖမ်းဆီးခံရကာ စစ်ကြောရေးနှိပ်စက်ခံရမှုများရှိပြီး ယနေ့ ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

    Red News Agency

  • ပြည်သူ (၇) ဦးကျဆုံးမှု တနှစ်ပြည့် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေ 

    ပြည်သူ (၇) ဦးကျဆုံးမှု တနှစ်ပြည့် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေ 

    RNA_မတ်၃၊၂၀၂၂ခုနှစ်။

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီလက်အောက်ခံများက ပစ်ခတ်သတ်ဖြတ်သည့်အတွက် တရက်တည်း (၇) ဦး ကျဆုံးခဲ့ရပြီး ယနေ့အထိ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေကြောင်း သိရသည်။ 

    “ဒီနေ့က ရက်ရက်စက်စက် လူတောထဲကို စက်သေနတ်နဲ့ ပစ်ခံရတဲ့နေ့ပေါ့ တရက်တည်း (၇) ယောက်ကျတယ် ၊ ဒဏ်ရာရတဲ့သူတွေ နောက်ရက်မှာ ဆက်ကျတာရှိတယ်၊ သွေးကြွေးဆိုတဲ့အတိုင်း အခုထိ မြို့နယ်ထဲမှာ ပူးပေါင်းလုပ်ဆောင်နေတာတွေရှိတယ်၊ ပြည်သူတွေ ထိတ်လန့်သလို ပြည်ဟူကို သတ်ဖြတ်ခဲ့တဲ့ကောင်တွေ အားပေးနေတဲ့ ဒလန်တွေဟာ အမြဲထိတ်လန့်နေရမယ်၊ ပြည်သူတွေအောင်ပွဲနဲ့အတူ ပြည်သူ့တရားစီရင်ရေးမှာ သစ္စာဖောက်တွေအတွက် နေရာမရှိစေရဘူး၊ ဘာတွေလုပ်နေတယ်ဆိုတာတော့ ပြောလို့မရဘူး လုပ်နေတယ် မြို့နယ်နေ လူထုသိတယ် ဒီလောက်ပါပဲ” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။ (more…)

  • “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် ရန်ကုန်ဆန္ဒပြပွဲ

    “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် ရန်ကုန်ဆန္ဒပြပွဲ

    RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။

    စစ်အာဏာရှင်နှင့် လက်ပါးစေများကို “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” စာတန်းကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် အထိမ်းအမှတ် ဝမ်းနည်းခြင်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ရန်ကုန်သပိတ်အင်အားစုများက ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်တွင် ဆန္ဒပြခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=W1C1rkKOrX8[/embedyt] အာဇာနည် မြသွဲ့သွဲ့ခိုင်၊ နွေဦးတော်လှန်ရေးတွင် ကျရာကဏ္ဍမှ အသက်ပေးကျဆုံးသွားသည့် အာဇာနည်အပေါင်းအား ၀မ်းနည်းဂုဏ်ယူကြောင်း နှင်းဆီပန်းအနီများ လက်တွင် ကိုင်ဆောင်ပြီး ခတ္တမျှ ငြိမ်သက်အလေးပြုကာ ထိုအသက်ပေးသွားသည့် အာဇာနည်သူရဲကောင်းများထုံးကို နှလုံးမူ၍ ဆက်လက်တိုက်ပွဲ၀င်သွားမည်ဖြစ်သည်။ (more…)

  • အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

    အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

    ရန်ကုန်၊ဖေဖော်ဝါရီ ၁၂ရက်၊၂၀၂၂ ခုနှစ်။

    အတုအယောင်ပြည်ထောင်စုကို ဆက်ပြီး လက်မခံတော့ကြောင်း ပြည်သူများက ကြွေးကြော်သံများဖြင့် ယနေ့ ရန်ကုန်မြို့ လူစည်ကားရာ ‌နေရာတွင် လက်သုံးချောင်းထောင် စုရုံးကြွေးကြော်ကာ စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြကြောင်း သိရသည်။

    Photo-CJ

    ဖေဖော်ဝါရီ ၁၂ လူထုလူပ်ရှားမူကို ပြည်သူအများပါဝင်ခဲ့သလို စစ်အာဏာရူး ဗိုလ်ရှုသဘင်ကို တီဗီ စောင့်ကြည့်ခြင်း၊ ထိုပွဲကို လူမူစာမျက်နှာများတွင် ဖော်ပြခြင်း၊ ဖြန့်ဝေခြင်း၊ မှတ်ချက်ပေးခြင်းတို့ကို မပြုလုပ်ပဲ စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

    Photo_CJ

    Red News Agency

  • အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

    အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

    RNA_ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။

    ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့် အခြေအနေများကြောင်း ထောင်တွင်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။

    အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားများ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က ဆန္ဒပြကြရာနှင့် ယင်းနေ့ ညပိုင်းတွင် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရသူများထဲတွင် ကိုအောင်အောင်ပါဝင်ခဲ့ကြောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများနှင့် တိုက်ပိတ်ခံရမှုအတွင်း ဆေးကုသခွင့်တောင်းသော်လည်း မရရှိခဲ့ကြကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။ (more…)

  • စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ကျောင်းသားလူငယ် ၁ ဦးကျဆုံး

    စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ကျောင်းသားလူငယ် ၁ ဦးကျဆုံး

    RNA_ဖေဖော်ဝါရီ ၆ ရက်၊၂၀၂၂ ခုနှစ်။

    ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အင်းယားကန် ဘောင်တွင် ယနေ့ မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြကျောင်းသားလူငယ် ၁ ဦးကျဆုံးသွားကြောင်း သိရသည်။

    ကျဆုံးသွားသည့်ကျောင်းသားလူငယ်မှာ Yangon International Schools Students’ Union (YISUU) ကအလုပ် အမှုဆောင် ရဲဘော်တစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

    မြကန်သာလမ်း ပြည်လမ်း လူကူးကုန်းကျော်တံတားပေါ်တွင် လူငယ်လေးဦးက စစ်အာဏာရှင် ဆန့်ကျင်ရေး ဗီနိုင်းတက်ရောက် ချိတ်ဆွဲစဥ် စစ်တပ်နှင့်ရဲက လိုက်လံဖမ်းဆီး ပစ်ခတ်သဖြင့် ဆန္ဒပြလူငယ် ၁ ဦးကို ကျည်မှန်ပြီး ကျဆုံးသွားခဲ့ပြီး ကျန် ၃ ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။

    Red News Agency

  • စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

    စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

    RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်တပ်အာဏာသိမ်းခဲ့သည့် နှစ်ပတ်လည် ပြည့်မြောက်သည့် နောက်တရက် ပြီးခဲ့သည့်နှစ်ကလည်း စစ်အာဏာရှင်အလိုမရှိကြောင်း သံပုံးတီးခဲ့သလို ယနေ့ည(၈) နာရီမှာလည်း ရန်ကုန်မြို့ မြို့နယ်တချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ်ကို တကျော့ပြန် လုပ်ဆောင်ခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=t0Bv5-zz9Ik[/embedyt]

    Red News Agency

  • ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော် သံပုံးတီးကမ်ပိန်း

    ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော် သံပုံးတီးကမ်ပိန်း

    RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    ပြည်သူ့အစိုးရထံက စစ်တပ်အာဏာသိမ်းပြီး ပထမဆုံးလက်တွေ့ ဆန့်ကျင်ဆန္ဒပြခဲ့သည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီ သံပုံးတီးကမ်ပိန်း ဖြစ်သည်။

    စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့ကြသည့် သံပုံးတီးကမ်ပိန်းသည် ကမ္ဘာကျော်ခဲ့ပြီး၊ ယခုရုပ်သံသည် ရန်ကုန်မြို့ မြောက်ဥက္လာပမြို့နယ်၊ ရပ်ကွက်တခုအတွင်းက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီမှာ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးမှု မြင်ကွင်း ဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=59I51zc-Zmc[/embedyt]

    ယနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်းကစပြီး လက်နက်ကိုင်တော်လှန်ရခရီးကို လျှောက်လှမ်းနေကြသည့် အချိန်ဖြစ်ပြီး၊ စစ်တပ်အာဏာသိမ်းမှုသည် တနှစ်ကြာသည်အထိ အောင်မြင်မှုမရှိကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်နေသည့် တိုင်းနှင့်ပြည်နယ်တချို့ပါရှိလာပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြကြောင်း သိရသည်။

    Red News Agency

  • Silence Strike ပြုလုပ်မည့်နေ့ ဆိုင်ပိတ်ပါက အရေးယူခံရမည်ဟု ချိန်းခြောက်

    Silence Strike ပြုလုပ်မည့်နေ့ ဆိုင်ပိတ်ပါက အရေးယူခံရမည်ဟု ချိန်းခြောက်

    RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။

    လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် Silence Strike အသံတိက်သပိတ်နှင့် အသံထွက်သပိတ် ပြုလုပ်မည့်ဖေဖော်ဝါရီ၁ ရက်နေ့တွင် ဆိုင်ပိတ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရန်ကုန်စည်ပင်ကော်မတီဟုဆိုသော
    ကော်မတီက ဗီနှိုင်း​ဖြင့် ချိတ်ဆွဲ ကြေညာကာ ခြိမ်းခြောက်ထားသည်။

    CRPH၊ NUG နှင့် ယင်းတို့လက်အောက်ခံ အဖွဲ့ အစည်း များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှတစ်ဆင့် Silence Strike (အသံတိတ်သပိတ်)ပြုလုပ်ရန် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ် )များ ပြုလုပ်ရန်လှုံ့ဆော်ခြင်း၊ ပြုလုပ်ထားကြောင်း ရန်ကုန်စည်ပင်ကော်မတီဟုဆိုသော ကော်မတီက ချိတ်ဆွဲထားသော အပြာရောင်ဗီနှိုင်းတွင် ရေးထားသည်။ (more…)