ရန်ကုန်

၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသည့် အာဇာနည်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့ လမ်းမများပေါ်၌ ကားဟွန်းများတီးသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ [embedyt] https://www.youtube.com/watch?v=2IhaRHuPrJ0[/embedyt] Red News Agency
Read More
ရပ်ကွက်က ဝိုင်းဖမ်းစဉ် ” ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ” ဟု ပြောဆို‌ခဲ့ 

ရပ်ကွက်က ဝိုင်းဖမ်းစဉ် ” ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ” ဟု ပြောဆို‌ခဲ့ 

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ရပ်ကွက်-ယုဇနဥယျာဉ်မြို့တော်၊ ၁၀လမ်း(A)ဘလောက် တိုက် (၁၆) ရှိ အခန်းမှာ ပေါက်ကွဲမှုဖြစ်အပြီး တယောက်ပြေးဆင်းလာရာ ရပ်ကွက်လမ်းထိပ်က လူများဝိုင်းဖမ်းစဉ် " ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ" ဖမ်းဆီးခံရသည့် လူငယ်က အော်ဟစ်ပြောဆိုခဲ့ကြောင်း ရပ်ကွက်အတွင်းမှ ပြည်သူတဦးက အသိပေးလာသည်။ (more…)
Read More
ဈေးတခုအတွင်း ဆန္ဒပြလူငယ်တွေကို ပြည်သူတွေ လက်ခုပ်တီးအားပေး

ဈေးတခုအတွင်း ဆန္ဒပြလူငယ်တွေကို ပြည်သူတွေ လက်ခုပ်တီးအားပေး

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ "ဒီမှာမင်းအောင်လှိုင် ငါတို့ လူထုတရပ်လုံး မင်းတို့ စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး ဟေ့" ဆိုသည့် ကြွေးကြော်သံများနှင့် ရန်ကုန်မြို့ ဈေးတခုအတွင်း လူငယ်များဆန္ဒပြခဲ့ကြရာ ပြည်သူများက လပ်ခုပ်တီး အားပေးခဲ့ကြသည်။ ရန်ကုန်မြို့၏ လူစည်ကားရာနေရာတခုမှာ ချင်းကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း(၄၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သူရဲကောင်း ဆလိုင်းတင်မောင်ဦးက ကြိုးစင်ထက်က ဟစ်ကြွေးသံဖြစ်သည့် " 'မင်းတို့ စစ်ဖိနပ်အောက် ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး" ဆိုသည့် ကြွေးကြေည်သံများနှင့် ယနေ့ လှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု-AJAY မှ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ပေါက်ကွဲပစ်ခတ်မှု နေ့တိုင်းဖြစ်နေသည့်ရန်ကုန်မှာ ဟန်ပြသင်္ကြန်ပွဲ ကျင်းပရန် စီစဥ်နေ

ပေါက်ကွဲပစ်ခတ်မှု နေ့တိုင်းဖြစ်နေသည့်ရန်ကုန်မှာ ဟန်ပြသင်္ကြန်ပွဲ ကျင်းပရန် စီစဥ်နေ

RNA_မတ်၂၂၊၂၀၂၂ခုနှစ်။ နိုင်ငံရေးမတည်ငြိမ်ဖြစ်နေသည့်ကာလ အများ ပြည်သူ စိတ်နှလုံးမသာမယာ ဖြစ်နေသည့် ယခုလိုကာလတွင်း လက်နက်နှင့် အုပ်ချုပ်နေရသည့် စစ် ကောင်စီက ရန်ကုန်တွင် သင်္ကြန်ကျင်းပရန် စီစဥ်နေသည်။ ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုဖြစ်ပြီး စီးပွားရေးကျင်းနေချိန် ၊ပြည်သူ လူထု အလုပ်အကိုင်မဲ့ ဖြစ်နေချိန်တွင် စစ်ကောင်စီ အာဏာလုခဲ့သည့်အတွက် လူထုမှာ ကိုဗစ်ဘေးကော၊ ကိုစစ်ဘေးကော နေ့စဥ် ရင်ဆိုင်နေရပြီး နေ့စဥ် သောကရောက်နေကြရပြီး၊ မလုံခြုံမှုနှင့် စိုးရိမ်ထိန့်လန့်မှုများ နေ့စဥ် ကြုံတွေ့ခံရနေကြရသည်။ ထိုအခြေအနေတွင် စစ်ကောင်စီက နဂိုပုံမှ​န်အခြေအနေ ပြန်ရောက်ပြီပြသရန်၊ အုပ်ချုပ်ရေး အာဏာသက်ရောက်ပြီဆိုသော အဖြစ်ကို ပြသရန် သင်္ကြန်ပွဲကျင်းပနိုင်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ (more…)
Read More
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

RNA_မတ်၂၁၊၂၀၂၂ခုနှစ်။ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း (ခ) ခိုင်ကိုမွန်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အင်း‌စိန်အကျဥ်းထောင် အထူးတရားရုံးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ‌ယနေ့ ထောင်ဒဏ် (၃) နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီနှင့် အပေါင်းအပါများကို ခုခံစစ်ဆင်နွှဲရန်အတွက် သင်တန်းသားရှာဖွေစုဆောင်းခြင်းစသည့် လုပ်ငန်းများ လုပ်နေသည်ဟု သတင်းပေါက်ကြားပြီး ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ (၄) ရပ်ကွက်၊ ပြည်လမ်း (၉) မိုင် သီရိကွန်ဒို အခန်း အမှတ် (B-508)မှာ ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ ကိုငြိမ်းချမ်း စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ ၂၀၀၇…
Read More
ပြည်သူ (၇) ဦးကျဆုံးမှု တနှစ်ပြည့် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေ 

ပြည်သူ (၇) ဦးကျဆုံးမှု တနှစ်ပြည့် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေ 

RNA_မတ်၃၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီလက်အောက်ခံများက ပစ်ခတ်သတ်ဖြတ်သည့်အတွက် တရက်တည်း (၇) ဦး ကျဆုံးခဲ့ရပြီး ယနေ့အထိ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေကြောင်း သိရသည်။  "ဒီနေ့က ရက်ရက်စက်စက် လူတောထဲကို စက်သေနတ်နဲ့ ပစ်ခံရတဲ့နေ့ပေါ့ တရက်တည်း (၇) ယောက်ကျတယ် ၊ ဒဏ်ရာရတဲ့သူတွေ နောက်ရက်မှာ ဆက်ကျတာရှိတယ်၊ သွေးကြွေးဆိုတဲ့အတိုင်း အခုထိ မြို့နယ်ထဲမှာ ပူးပေါင်းလုပ်ဆောင်နေတာတွေရှိတယ်၊ ပြည်သူတွေ ထိတ်လန့်သလို ပြည်ဟူကို သတ်ဖြတ်ခဲ့တဲ့ကောင်တွေ အားပေးနေတဲ့ ဒလန်တွေဟာ အမြဲထိတ်လန့်နေရမယ်၊ ပြည်သူတွေအောင်ပွဲနဲ့အတူ ပြည်သူ့တရားစီရင်ရေးမှာ သစ္စာဖောက်တွေအတွက် နေရာမရှိစေရဘူး၊ ဘာတွေလုပ်နေတယ်ဆိုတာတော့ ပြောလို့မရဘူး လုပ်နေတယ် မြို့နယ်နေ လူထုသိတယ် ဒီလောက်ပါပဲ" ဟု မြောက်ဥက္ကလာပမြို့နယ်…
Read More
“ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် ရန်ကုန်ဆန္ဒပြပွဲ

“ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် ရန်ကုန်ဆန္ဒပြပွဲ

RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။ စစ်အာဏာရှင်နှင့် လက်ပါးစေများကို "ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး" စာတန်းကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် အထိမ်းအမှတ် ဝမ်းနည်းခြင်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ရန်ကုန်သပိတ်အင်အားစုများက ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်တွင် ဆန္ဒပြခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=W1C1rkKOrX8[/embedyt] အာဇာနည် မြသွဲ့သွဲ့ခိုင်၊ နွေဦးတော်လှန်ရေးတွင် ကျရာကဏ္ဍမှ အသက်ပေးကျဆုံးသွားသည့် အာဇာနည်အပေါင်းအား ၀မ်းနည်းဂုဏ်ယူကြောင်း နှင်းဆီပန်းအနီများ လက်တွင် ကိုင်ဆောင်ပြီး ခတ္တမျှ ငြိမ်သက်အလေးပြုကာ ထိုအသက်ပေးသွားသည့် အာဇာနည်သူရဲကောင်းများထုံးကို နှလုံးမူ၍ ဆက်လက်တိုက်ပွဲ၀င်သွားမည်ဖြစ်သည်။ (more…)
Read More
အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၂ရက်၊၂၀၂၂ ခုနှစ်။ အတုအယောင်ပြည်ထောင်စုကို ဆက်ပြီး လက်မခံတော့ကြောင်း ပြည်သူများက ကြွေးကြော်သံများဖြင့် ယနေ့ ရန်ကုန်မြို့ လူစည်ကားရာ ‌နေရာတွင် လက်သုံးချောင်းထောင် စုရုံးကြွေးကြော်ကာ စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၂ လူထုလူပ်ရှားမူကို ပြည်သူအများပါဝင်ခဲ့သလို စစ်အာဏာရူး ဗိုလ်ရှုသဘင်ကို တီဗီ စောင့်ကြည့်ခြင်း၊ ထိုပွဲကို လူမူစာမျက်နှာများတွင် ဖော်ပြခြင်း၊ ဖြန့်ဝေခြင်း၊ မှတ်ချက်ပေးခြင်းတို့ကို မပြုလုပ်ပဲ စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။ Red News Agency
Read More
အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

RNA_ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့် အခြေအနေများကြောင်း ထောင်တွင်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။ အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားများ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က ဆန္ဒပြကြရာနှင့် ယင်းနေ့ ညပိုင်းတွင် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရသူများထဲတွင် ကိုအောင်အောင်ပါဝင်ခဲ့ကြောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများနှင့် တိုက်ပိတ်ခံရမှုအတွင်း ဆေးကုသခွင့်တောင်းသော်လည်း မရရှိခဲ့ကြကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။ (more…)
Read More
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ကျောင်းသားလူငယ် ၁ ဦးကျဆုံး

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ကျောင်းသားလူငယ် ၁ ဦးကျဆုံး

RNA_ဖေဖော်ဝါရီ ၆ ရက်၊၂၀၂၂ ခုနှစ်။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အင်းယားကန် ဘောင်တွင် ယနေ့ မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြကျောင်းသားလူငယ် ၁ ဦးကျဆုံးသွားကြောင်း သိရသည်။ ကျဆုံးသွားသည့်ကျောင်းသားလူငယ်မှာ Yangon International Schools Students' Union (YISUU) ကအလုပ် အမှုဆောင် ရဲဘော်တစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မြကန်သာလမ်း ပြည်လမ်း လူကူးကုန်းကျော်တံတားပေါ်တွင် လူငယ်လေးဦးက စစ်အာဏာရှင် ဆန့်ကျင်ရေး ဗီနိုင်းတက်ရောက် ချိတ်ဆွဲစဥ် စစ်တပ်နှင့်ရဲက လိုက်လံဖမ်းဆီး ပစ်ခတ်သဖြင့် ဆန္ဒပြလူငယ် ၁ ဦးကို ကျည်မှန်ပြီး ကျဆုံးသွားခဲ့ပြီး ကျန် ၃ ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။ Red…
Read More