“ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် ရန်ကုန်ဆန္ဒပြပွဲ

RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။

စစ်အာဏာရှင်နှင့် လက်ပါးစေများကို “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” စာတန်းကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် အထိမ်းအမှတ် ဝမ်းနည်းခြင်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ရန်ကုန်သပိတ်အင်အားစုများက ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်တွင် ဆန္ဒပြခဲ့ကြသည်။

အာဇာနည် မြသွဲ့သွဲ့ခိုင်၊ နွေဦးတော်လှန်ရေးတွင် ကျရာကဏ္ဍမှ အသက်ပေးကျဆုံးသွားသည့် အာဇာနည်အပေါင်းအား ၀မ်းနည်းဂုဏ်ယူကြောင်း နှင်းဆီပန်းအနီများ လက်တွင် ကိုင်ဆောင်ပြီး ခတ္တမျှ ငြိမ်သက်အလေးပြုကာ ထိုအသက်ပေးသွားသည့် အာဇာနည်သူရဲကောင်းများထုံးကို နှလုံးမူ၍ ဆက်လက်တိုက်ပွဲ၀င်သွားမည်ဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ဆန္ဒပြပွဲကို လူငယ်များ သမဂ္ဂ မှ ဦးဆောင်ကာ Labour Alliance အဖွဲ့ဝင် CTUM, ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း),LGBT Community Yangon, Revolution Force (RF), Youth Association of Thingangyun (YAT) , တော်လှန်သွေးမကုန် တောင်ဒဂုံ သပိတ်အင်အားစု , ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂ နှင့် ပညာနန်းတော် ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ တို့မှ ညီညွှတ်စွာပူးပေါင်းပါဝင်ပြီး ဆန္ဒပြခဲ့ကြသည်။

Red News Agency

By Editor