ရန်ကုန်

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှု ကိုလင်းထက်နိုင် မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုတချို့ သေဆုံးမှုရှိ

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှု ကိုလင်းထက်နိုင် မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုတချို့ သေဆုံးမှုရှိ

RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ ခုနှစ်။ ယနေ့ နံနက်အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုတွင် ထောင်ဝင်စာသွားပို့သည့် ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်း မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တချို့ သေဆုံးသွားကြောင်း သိရသည်။ "ကိုဂျိမ်းအမေ ဆုံးသွားတာ သေချာပါပြီ၊ ၁၀ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါတယ်၊ ဝန်ထမ်းက ၃ ဦး၊ အရပ်သားစုစုပေါင်းက ၅ ဦးထိ အတည်ပြုရပါတယ်"ဟု အင်းစိန်ထောင်အသိုင်းအဝန်းနှင့် နီးစပ်သူ တဦးကပြောသည်။ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်က အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများ (တိုက်ထောင်ဝင်စာ) အတွက်ပေးပို့နေသည့် ထောင်ဝင်စာဌာန ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ အင်းစိန်ထောင်ကို စစ်ကောင်စီတပ်သားများဖြင့် အဝင်အထွက်ပိတ်ထားကြောင်း၊ CCTV မှတဆင့် စုံစမ်းနေကြောင်း သိရသည်။…
Read More
အင်းစိန်ထောင် ပါဆယ်ဌာန ဗုံးပေါက်ကွဲမှု အနည်းဆုံး ၂ ဦးသေ

အင်းစိန်ထောင် ပါဆယ်ဌာန ဗုံးပေါက်ကွဲမှု အနည်းဆုံး ၂ ဦးသေ

RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ ခုနှစ်။   ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် တိုက်သမားများထံပို့သည့် ပါဆယ်ဌာနတွင် ယနေ့ ( အောက်တိုဘာ ၁၉ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်း တစ်ဦးပါအဝင် အနည်းဆုံး (၂) ဦးသေဆုံးကြောင်း သိရသည်။   " အခုပေါက်တာက ပါဆယ်ဌာနပေါ့၊ တိုက်ထဲနေရာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆီကို ပါဆယ်ပို့တဲ့ နေရာလေ၊ ဖြစ်နိုင်တာက PDF တွေ လုပ်တာ မဖြစ်နိုင်ဘူး၊ အင်းစိန်ထောင်က အစစ်အဆေးတအား ကြပ်နေတာလေ ပျူစောထီးတွေလုပ်တာဖြစ်နိုင်တယ်၊ အခု ဝန်ထမ်းတဦးက တန်းသေတယ်၊ နောက်ထပ်တယောက်က သတိမေ့သွားပြီးမှ သေတယ်၊ အပြင်က ထောင်ဝင်စာလာတဲ့အထဲကလည်း ကလေးတယောက်…
Read More
အင်းစိန်အကျဥ်းထောင်က ဂျန်မာ (Jammer) မိုးကြိုးပစ်ခံရ

အင်းစိန်အကျဥ်းထောင်က ဂျန်မာ (Jammer) မိုးကြိုးပစ်ခံရ

RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။ ယနေ့ နေ့လည်ပိုင်း ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်း မိုးရွာသွန်းချိန် အင်းစိန်ထောင် မိုးကြိုးပစ်ခံရမှု ဂျန်မာ (Jammer) ထိခိုက်သွားကြောင်း သိရသည်။ "လွန်ခဲ့တဲ့တနာရီက မိုးရွာတော့ ထောင်ကို မိုးကြိုး ပစ်တယ်၊ ဘယ်ထိလဲ ကျနော်တို့လိုက်စစ်တော့ ဂျန်မာထိသွားတယ်၊ အခုတန်းပြန်ဆင်မလား ဘယ်လိုလုပ်လဲ မသိသေးဘူး" ဟု ဝန်ထမ်းတဦးက ပြောပြသည်။ အင်းစိန်အကျဉ်းထောင်တွင် ဒရုန်း ( Drone) အပါ အဝင် အဝေးထိန်းစနစ်ဖြင့် တိုက်ခိုက်ဖောက်ခွဲမှုများ ပြုလုပ်မရစေရန်အတွက် ကန့်သတ်ထားသည့် ဧရိယာထဲ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ပေးထားသည့် ဂျန်မာများ တပ်ဆင်ထားသည်။ (more…)
Read More
“မင်းတို့က ဖိနှိပ်လေလေ ငါတို့ကပုန်ကန်ထကြွလေလေ”

“မင်းတို့က ဖိနှိပ်လေလေ ငါတို့ကပုန်ကန်ထကြွလေလေ”

"မင်းတို့က ဖိနှိပ်လေလေ ငါတို့ကပုန်ကန်ထကြွလေလေ စာတန်း ကိုင်ဆောင်ပြီး ရန်ကုန်မှာ လမ်းပေါ်ထွက်ဆန္ဒပြ RNA_စက်တင်ဘာ(၁၈)၊၂၀၂၂ခုနှစ်။ (more…)
Read More
ပန်းပင်နီ ( ပန်းပင်ကြီး) လမ်းမှာ လူငယ် ၂၇ ဦးကို ဒုတိယဗိုလ်မှူးကြီးရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူးတို့ ဦးဆောင်အကြမ်းဖက် ဖမ်းဆီးခဲ့

ပန်းပင်နီ ( ပန်းပင်ကြီး) လမ်းမှာ လူငယ် ၂၇ ဦးကို ဒုတိယဗိုလ်မှူးကြီးရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူးတို့ ဦးဆောင်အကြမ်းဖက် ဖမ်းဆီးခဲ့

RNA_စက်တင်ဘာ ၁၄၊ ၂၀၂၂ ခုနှစ်။   ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိိ စစ်ကောင်စီတပ် အမှတ် ၁၃၉ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းအောင်တို့ ဦးစီးပြီး ယမန်နေ့ ( စက်တင်ဘာလ ၁၃ ရက်) ညနေ ၆ နာရီဝန်းကျင်က ငြိမ်းချမ်းစွာဆန္ဒပြကြမည့် လူငယ်များအပါအဝင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၇ ဦးကို အကြမ်းဖက် ပစ်ခတ်ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။   ဖမ်းဆီးခံရသည့် ၂၇ ဦးကို အမှတ် ၁၃၉ ခြေလျင်တပ်ရင်း တည်ရှိသည့် ကြည့်မြင်တိုင်မြို့နယ် သာဓုအနောက်ရပ်ကွက်၊…
Read More
ကြည့်မြင်တိုင်မှာ မြို့ပြဆန္ဒပြလူငယ် (၂၀) ဝန်းကျင် ဖမ်းဆီးခံရ 

ကြည့်မြင်တိုင်မှာ မြို့ပြဆန္ဒပြလူငယ် (၂၀) ဝန်းကျင် ဖမ်းဆီးခံရ 

RNA_စက်တင်ဘာ( ၁၃)၊၂၀၂၂ခုနှစ်။ ရန်ကုန်မြို့ပြတွင် နေ့စဉ်နီးပါး လမ်းပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူငယ် (၂၀) ဝန်းကျင်ကို ယနေ့ ညနေပိုင်းက ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီး ( ပန်းပင်နီလမ်း ) လမ်းမှာ စစ်ကောင်စီတပ် လက်အောက်ခံများက ဖမ်းဆီးသွားကြောင်း သိရသည်။ " အခုညနေက အတော်များများပါသွားတယ်၊ သပိတ်ထွက်ဖို့စတဲ့အချိန်မှာ ဖမ်းခံလိုက်ရတာ အတိအကျတော့ မသိရသေးဘူး ၂၀ ဝန်းကျင်ရှိလိမ့်မယ်၊ ပထမ ကြားတာက ၁၀ ယောက်ကျော်ပေါ့ နောက်တော့ ဗလကတင် လေးယောက်၊ တကသကလည်း ပါသွားတယ်၊ နောက်ပြီး အခြား အဖွဲ့တွေကလည်း ပါသွားသေးတယ်၊ ကျား ၁၈၊ မ ၉ လို့ထိ စာရင်းထွက်လာတယ် အတိအကျတော့…
Read More
ဆူးလေခုံးကျော်တံတားအောက်မှ ဖြတ်သန်းသွားလာသူများကို ဖမ်းဆီးအရေးယူမည် 

ဆူးလေခုံးကျော်တံတားအောက်မှ ဖြတ်သန်းသွားလာသူများကို ဖမ်းဆီးအရေးယူမည် 

RNA_ဩဂုတ်၂၆၊၂၀၂၂ခုနှစ်။ ရန်ကုန်မြို့ ဆူးလေခုံးကျော်တံတားမီးပွိုင့်မှာ ယာဥ်ထိန်းရဲ၊ စခန်းရဲ၊ စည်ပင်နှင့် အရပ်ဝတ်တို့အပါအဝင် (၁၀) ဦးကျော်တို့က ခုံးကျော်တံတားအောက်မှ ဖြတ်သန်းသွားလာသူများကို ဖမ်းဆီးအရေးယူမှု ဩဂုတ် ၂၅ ရက်နေ့က ပြုလုပ်နေကြောင်း သိရသည်။ "တံတားပေါ်က ဖြတ်ဖို့ အခုလို အင်အားတွေသုံးပြီး လုပ်နေတာကတော့ ထူးဆန်းတယ်။ တံတားအောက်က ဖြတ်မယ့်  ခရီးသွား ပြည်သူတွေကို ဖမ်းဆီးဖို့ ကိစ္စတစ်ခုတည်းက မဖြစ်နိုင်ဘူးလေ။ အကြောင်းတစ်ခုခုရှိလို့ ဖြစ်မယ်" ဟု ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။ (more…)
Read More
ရန်ကုန်မြို့ပေါ်က ကြောက်လန့်နေသည့် စစ်ကောင်စီလုံခြုံရေးများ

ရန်ကုန်မြို့ပေါ်က ကြောက်လန့်နေသည့် စစ်ကောင်စီလုံခြုံရေးများ

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ မြန်မာနိုင်ငံ၏ လူဦးရေထူထပ်သည့် ရန်ကုန်မြို့ မြို့လည်တဝိုက်မှာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ သေနတ်ကိုင်လုံခြုံရေးများ ကြောက်လန့်နေသည့်အတွက် လုံခြုံရေးရယူစဉ် အခိုင်အမာအဆောက်အဦ ( ဘန်ကာ) များတည်ဆောက်ထားမှုကို ဩဂုတ်လအတွင်း Red News Agency က မှတ်တမ်း ရယူခဲ့သည်။ (more…)
Read More
၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံ အလုပ်သမများအတွက် ဆန္ဒပြ

၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံ အလုပ်သမများအတွက် ဆန္ဒပြ

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်နှင့် လက်အောက်ခံ လက်ပါးစေလုပ်ငန်းရှင်တို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်ကြသည့် စစ်ကိုင်းတိုင်း (၅/)၊မကွေးတိုင်း(၈/) ၊ မန္တလေးတိုင်းဒေသကြီး(၉/) စသည်တို့မှ လုပ်သားတို့အား ဖိနှိပ်မှုများပြုလုပ်နေသည့်အတွက် ယနေ့နံနက်က ၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံနေရသူများအတွက် ဆန္ဒပြခဲ့ကြသည်။ ၅/ ၊ ၈/ ကိုင်ဆောင်သူ လုပ်သားများအား ခြိမ်းခြောက်အလုပ်ထုတ်လျှက်ရှိနေသော ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ တရုတ် နိုင်ငံသားပိုင် နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်သော စက်ရုံအရှေ့တွင် ဖိနှိပ်ခံ လုပ်သားများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်းသိစေရန် လူငယ်များသမဂ္ဂ _ ဗဟို (Youths Union Centre) နှင့် Labour…
Read More
ကျဆုံးခဲ့ရသည့် သူရဲကောင်းများကို ရည်မှန်းပြီး စစ်ကောင်စီတပ်သားတွေကို သာကေတမှာ မိုင်းခွဲတိုက်ခိုက် 

ကျဆုံးခဲ့ရသည့် သူရဲကောင်းများကို ရည်မှန်းပြီး စစ်ကောင်စီတပ်သားတွေကို သာကေတမှာ မိုင်းခွဲတိုက်ခိုက် 

RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီး၊ ဆောက်လုပ်ရေးမှတ်တိုင်အနီးတွင် ယနေ့ နံနက်ပိုင်းက ရှစ်လေးလုံး သူရဲကောင်းများကို ရည်မှန်းပြီး အာဏာသိမ်း စစ်ကောင်စီတပ်သားများကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ " ရှစ်လေးလုံးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်သူရဲကောင်းတွေကို သူတို့ရဲ့ကျေးဇူးတွေ သူတို့ရဲ့ဂုဏ်သိက္ခာတွေကို ရည်မှန်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်ကားဖြတ်သွားတဲ့အချိန်မှာ ကျနော်တို့ ရှေ့ထွက်မိုင်းလို့ပြောလို့ရတဲ့ မိုင်းတလုံးနဲ့ခွဲတယ်၊ အဲချိန်မိုင်းကွဲလို့ကားပေါ်က လာဆင်းကြည့်တဲ့အချိန်မှာ နောက်တလုံးထပ်ခွဲပါတယ်။ ဒါဟာ စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်တာပါ။ ရှစ်လေးလုံး သူရဲကောင်းတွေကို အလေးပြုရင်း တိုက်ခိုက်ခဲ့တာပါ" ဟု မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ အဖွဲ့ဝင်တဦးက Red News Agency သို့ ပြောကြားသည်။ (more…)
Read More