ပန်းပင်နီ ( ပန်းပင်ကြီး) လမ်းမှာ လူငယ် ၂၇ ဦးကို ဒုတိယဗိုလ်မှူးကြီးရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူးတို့ ဦးဆောင်အကြမ်းဖက် ဖမ်းဆီးခဲ့

RNA_စက်တင်ဘာ ၁၄၊ ၂၀၂၂ ခုနှစ်။
 
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိိ စစ်ကောင်စီတပ် အမှတ် ၁၃၉ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းအောင်တို့ ဦးစီးပြီး ယမန်နေ့ ( စက်တင်ဘာလ ၁၃ ရက်) ညနေ ၆ နာရီဝန်းကျင်က ငြိမ်းချမ်းစွာဆန္ဒပြကြမည့် လူငယ်များအပါအဝင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၇ ဦးကို အကြမ်းဖက် ပစ်ခတ်ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
 
ဖမ်းဆီးခံရသည့် ၂၇ ဦးကို အမှတ် ၁၃၉ ခြေလျင်တပ်ရင်း တည်ရှိသည့် ကြည့်မြင်တိုင်မြို့နယ် သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အမှတ် ၁ သစ်စက်ဝန်းအတွင်း စစ်ကြောရေးဝင်နေကြောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းမြောက်အရှေ့ရပ်ကွက်၊ ပန်းပင်နီ ( ပန်းပင်ကြီး) လမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြရန် ပြင်ဆင်နေစဉ် အကြမ်းဖက် ပစ်ခတ်ရိုက်နှက် ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

 
ဖမ်းဆီးခံရသည့် (၂၇) ဦးတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-ဗဟို)၊ Myanmar Labour Alliance၊ ဗမာ့လူငယ်ကွန်ရက်၊ ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များ အပါအဝင် သတင်းယူနေသည့် သတင်းထောက်တချို့ ပါရှိနိုင်ကြောင်း သိရသည်။
 
Red News Agency
By Editor