ကရင်နီတပ်ပေါင်းစု

လွိုင်ကော်စစ်ကူလာနေသော စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များ လွိုင်လင်းလေးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

လွိုင်ကော်စစ်ကူလာနေသော စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များ လွိုင်လင်းလေးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

RNA_ဇွန် (၁)၊၂၀၂၄ ခုနှစ်။   ကရင်နီပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ စစ်ကူလာနေသော စစ်ကြောင်းများနှင့်လည်း လွိုင်လင်လေးမြို့နယ်အတွင်း လွန်ခဲ့သည့်တပတ်ကျော်ကတည်းမှ ယနေ့ (ဇွန်လ ၁ ရက်) အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။   “စစ်ကောင်စီက အင်အားဖြည့်တာမျိုးတွေ တလျှောက်လုံးလုပ်နေတယ်။ အစောက ပြောသလို လွိုင်လင်းလေးနဲ့ လွိုင်ကော်ကြား တိုက်ပွဲဖြစ်တာက ဆီဆိုင်ဘက်ကနေလာနေတဲ့ စစ်ကြောင်းတွေပေါ့နော်။ အဓိက​တော့ လွိုင်ကော်မြို့ထဲကို အင်အားဖြည့်ချင်တဲ့ ပုံစံမျိုးပေါ့နော် အဲဒီစစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်နေတာပေါ့။ လွိုင်လင်လေးဘက်က စစ်ကြောင်းတွေက လွိုင်ကော်မြို့ထဲ ဝင်ချင်နေတာပေါ့” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက Red News Agecny…
Read More
ကရင်နီပြည်အတွင်း တပ်ရင်းအလိုက် ဘက်ပြောင်းမှုများ မကြာမီအကောင်အထည်ဖော်မည်

ကရင်နီပြည်အတွင်း တပ်ရင်းအလိုက် ဘက်ပြောင်းမှုများ မကြာမီအကောင်အထည်ဖော်မည်

RNA_ဇန်နဝါရီ(၂၄)၊၂၀၂၄ခုနှစ်။ ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးအစီအစဉ်နှင့်ပတ်သက်ပြီး သဘောတူညီမှုများရရှိထားသည့်အတွက် မကြာမီ တပ်ရင်းအလိုက်ဘက်ပြောင်းမှုများကို အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။ “ကရင်နီပြည်နယ်အတွင်း တစ်ပြိုင်တည်း စုပေါင်းဘက်ပြောင်းမှု အစီအစဥ်တစ်ရပ်အား အကောင်အထည်ဖော်ဆောင်လျက် ရှိရာ ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်း အချို့မှတာဝန်ရှိသူများ နှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူမှု များ ရရှိထားပြီးဖြစ်ပါသည်။ သို့ဖြင့်၍ မကြာမီတွင် တပ်ရင်းအလိုက်ဘက်ပြောင်းမှုများကို ကရင်နီပြည် မြို့နယ်အချို့တွင် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့တို့တွင် တော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီလေကြောင်းက ရိက္ခာပို့နေရ

လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့တို့တွင် တော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီလေကြောင်းက ရိက္ခာပို့နေရ

RNA_ဇန်နဝါရီ(၁၀)၊၂၀၂၄ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ဒီးမော့ဆိုမြို့ အဝင်အထွက်များတွင် KNDF နှင့် တော်လှန်ရေးတပ်ပေါင်စုရဲဘော်များ ပိတ်ဆို့ထားသည့်အတွက် မြို့တွင်းမှ စစ်ကောင်စီလက်အောက်ခံများ စခန်းအတွင်းနေထိုင်ကာ လေကြောင်းမှ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်နေရကြောင်း သိရသည်။ “လွိုင်ကော်မြို့ရဲ့အဝင်အထွက်တွေ ပြီးရင်မြိုထဲထိပါ တော်လှန်ရေးတပ်ပေါင်းစုက နေရာယူထားပါတယ်။ အဲဒီအနေအထားကြောင့် စစ်ကောင်စီတပ်တွေအနေနဲ့ မြေပြင်က ရိက္ခာပို့မရတော့ဘူး အခုစစ်ကောင်စီက လေကြောင်းကနေပဲ ရိက္ခာပို့နေတယ်။ လေထီးနဲ့ ပစ္စည်းတွေ ပစ်ချရတဲ့ အနေအထားဖြစ်နေပြီ။ ရဟတ်ယာဉ်ဆိုရင်တော့ ကျနော်တို့ ပစ်တာတွေရှိတယ်။ ဒီးမော့ဆိုမှာဆိုရင်လည်း ဒီအတိုင်းပဲ ကျနော်တို့ ပိတ်ဆို့ထားပါတယ်” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက Red News Agency ကိုပြောသည်။ ကရင်နီပြည်တွင်း စစ်ကောင်စီလက်အောက်ခံများအနေဖြင့်…
Read More
ဖမ်းဆီးရမိသည့် လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူမည်

ဖမ်းဆီးရမိသည့် လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူမည်

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်တော်လှန်ရေး တပ်ပေါင်းစု၏ ပစ်ခတ်မှုကြောင့် ပျက်ကျသွားသည့် လေယာဉ်မှ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ယနေ့ သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ K-8W အမျိုးအစား တိုက်လေယာဉ်ကို ကရင်နီပြည်အတွင်း ၁၁၁၁ ( တစ်လေးလုံး) စစ်ဆင်ရေးစတင်သည့်နေ့က ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုက ပစ်ချခဲ့သည့်အတွက် လေယာဉ်မှာ ပျက်စီးပြီး လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ချ ပုန်းအောင်းနေစဉ် နိုင်ဘာလ ၁၉ ရက်နေ့က လေယာဉ်မှူးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။ (more…)
Read More
လွိုင်ကော်တက္ကသိုလ်ရှိ ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီး ပါးသေဆုံး

လွိုင်ကော်တက္ကသိုလ်ရှိ ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီး ပါးသေဆုံး

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်ထဲ၌ တပ်စွဲထားသော တပ်မ (၆၆) လက်အောက်ခံ ခမရ (၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး ( ၁၁၀ ကျော်) သေဆုံးခဲ့ပြီး၊ ခမရ (၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု KNDF ကထုတ်ပြန်သည်။ “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်း၏ တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေး နိုဝင်ဘာလ (၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ (၄၂၅) တပ်ရင်းမှူး နှင့်…
Read More
လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးရဲဘော်များ ကယ်ထုတ်

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးရဲဘော်များ ကယ်ထုတ်

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။   ၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လျစ်လျူရှုစွန့်ပစ်ခြင်းခံခဲ့ရသည့် ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း (၁၃၄) ဦးနှင့် ယင်းတို့၏ မိသားစုဝင် (၆၄) ဦးကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုမှ ဘေးလွတ်ရာသို့ ကယ်တင်ခေါ်ထုတ်ပေးခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ပြည်ထဲရေးဌာနမှ ယမန်နေ့က ထုတ်ပြန်ထားသည်။   လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် ယင်းမိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲရေးဌာန၏ စီမံကြီးကြပ်မှုအောက်တွင် ဘေးကင်းလုံခြုံစွာဖြင့် စောင့်ရှောက်ထားသည်ဟု သိရသည်။ (more…)
Read More
၁၁၀၇ စစ်ဆင်ရေး ပထမနေ့တွင် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်

၁၁၀၇ စစ်ဆင်ရေး ပထမနေ့တွင် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ တော်လှန်ရေးအင်အားစု ကရင်နီပူးပေါင်းတပ်ဖွဲ့က ၁၁၀၇ စစ်ဆင်ရေးကို ယမန်နေ့က စတင်ခဲ့ပြီး ပထမနေ့အတွင်း မယ်စဲ့မြို့နယ်၊ ပန်တိန်းကျးရွာအနီးက တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများထံမှ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီတပ်မှလည်း သေဆုံးမှုရှိကြောင်း၊ အဆိုပါ တိုက်ပွဲကို ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစု နှင့် KNPLF (ကလလတ) ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီသတင်းအချက်အလက်စင်တာက ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More