ရုပ်သံ

မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

မြို့သိမ်းပြန် Myingyan Black Tiger ရဲဘော်များကို အညာပြည်သူများဂုဏ်ပြုကြိုဆို

RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။   ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် Myingyan Black Tiger (MBT) ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို အညာဒေသ စိုးမိုးနယ်မြေအတွင်းမှ ကျေးရွာနေ ပြည်သူများနှင့် ရဲဘော်များက ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။   ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ကွန်မန်ဒိုစစ်ကြောင်းနှင့် အထူးစစ်ကြောင်းမှ ရဲဘော်များကို ရွေးချယ်စေလွှတ်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း MBT ရဲဘော် (၇) ဦးအပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၈၉)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း MBT ကထုတ်ပြန်ထားသည်။ (more…)
Read More
အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

RNA_ဧပြီ(၂၃)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများမှ အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု ယနေ့ အသိပေးထားသည်။ (more…)
Read More
စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

RNA_ဧပြီ(၂၂)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ဆင်ဖြူကျွန်းမြို့နယ်၊ နွယ်တမယ်ကျေးရွာမှ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက အင်အား ၁၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ကျီးသိုက်ကျေးရွာဝန်းကျင်နှင့် မြောင်းခွကျေးရွာအနီးတို့တွင် နံနက် (၈) နာရီ၊ နံနက် ၁၀ နာရီ ၃၀ မိနစ်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီတပ် အသေအဆုံးများ အထိနာသည့်အတွက် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၇)…
Read More
“တော်လှန်ရေးအောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ”

“တော်လှန်ရေးအောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ”

RNA_ဧပြီ(၂၁)၊၂၀၂၅ခုနှစ်။   "ရခိုင်ပြည်နယ်အတွင်းက အောင်မြင်မှုတွေ၊ ကချင်ပြည်နယ်အတွင်းက အောင်မြင်မှုတွေ၊ ကိုးကန့်ဒေသအတွင်းက အောင်မြင်မှုတွေ၊ တအာင်းဒေသတွင်းက အောင်မြင်မှုတွေဟာ မျက်ဝါးထင်ထင်မြင်တွေ့နေရတာဖြစ်ပါတယ်။ ဒီအပြင် NUG အစိုးရရဲ့လက်အောက်ခံ PDF တွေရဲ့ အောင်မြင်မှုတွေဟာလည်း ထင်ထင်ရှားရှားရှိနေတာဖြစ်ပါတယ်။ စစ်ရေးအရ၊ လူထုယုံကြည်မှုအရ စနစ်တကျတွက်ကြည့်ရင်တော့ စစ်ကောင်စီက စစ်ရှုံးနေပြီဆိုတာ သေချာပါတယ်" #RedNewsAgency #REDNEWS #RNA #revolution #Myanmar #China #Burma
Read More
လေကြောင်းတိုက်ခိုက်ခံရပြီး အသားစများ ကောက်ယူနေသည့် မြင်ကွင်း

လေကြောင်းတိုက်ခိုက်ခံရပြီး အသားစများ ကောက်ယူနေသည့် မြင်ကွင်း

RNA_ဧပြီ(၂၀)၊၂၀၂၅ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ဧပြီလ ၁၀ ရက်နေ့ နေ့လယ် (၁) နာရီခန့်က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ကလေးငယ်များ အနည်းဆုံး (၈)ဦးအပါအဝင် ပြည်သူ (၁၅) ဦးအထက် သေဆုံးခဲ့ရပြီး သေဆုံးသွားသူများ၏ အရိုးစ အသားစများကို လိုက်လံကောက်ယူနေသည့် မြကွင်းတချို့ဖြစ်သည့် ရုပ်သံကို သပိတ်ကျင်းမြို့နယ် ပကဖကယနေ့ ရေထွက်ကျေးရွာပြည်သူများ၏ အသံနှင့်အတူ အသိပေးထားသည်။ #RedNewsAgency #REDNEWS #RNA
Read More
ကျိုက်ထီးရိုးတောင်ခြေတွင် ဖမ်းဆီးရမိသည့် ပျူများ ပြစ်မှုများစွာ ကျူးလွန်ထား

ကျိုက်ထီးရိုးတောင်ခြေတွင် ဖမ်းဆီးရမိသည့် ပျူများ ပြစ်မှုများစွာ ကျူးလွန်ထား

RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်းရေတံခွန်မှာ ဧပြီလ ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သော ပျူများသည် ရက်ရက်စက်စက်ကျူးလွန်သော ပြစ်မှုများစွာ ပြုလုပ်ထားသည့်အတွက် အရေးယူမည်ဟု အမှတ် (၂၇) စစ်ဗျူဟာ တာဝန်ခံက ပြည့်ပြည့်စုံစုံပြောပြထားသည်။ #RedNewsAgency #REDNEWS #REDNEWS
Read More
စခန်းသိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များကို အောင်သပြေများဖြင့် ပြည်သူများကြိုဆို

စခန်းသိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များကို အောင်သပြေများဖြင့် ပြည်သူများကြိုဆို

RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်တွင် စစ်ဆင်ရေးများအတွင်း စခန်းများသိမ်းနိုင်ခဲ့ပြီး မိခင်တပ်ရင်းထံ ဧပြီလ (၁၅) ရက်နေ့က ပြန်ရောက်လာသော ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များကို အောင်သပြေများဖြင့် ဒေသခံပြည်သူများက ဝမ်းသာအားရ ကြိုဆိုခဲ့ကြသည်။ (more…)
Read More
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့

RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ ချင်းညီနောင် Operation CB ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်ပါဝင်ခဲ့သော ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်များရိုက်ကူးထားသော မြို့သိမ်းတိုက်ပွဲအတွင်းမှ မြင်ကွင်းတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ #RedNewsAgency #REDNEWS #RNA
Read More
ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာဆင်နွှဲပြီး အောင်မြင်ခဲ့သော မြို့သိမ်းတိုက်ပွဲတွင် ပခုက္ကူခရိုင်အမှတ် (၁၀) တပ်ရင်းရဲဘော်များ၏ အညာမြေအိမ်ပြန်ခရီးတွင် ရဲဘော် (၄) ဦးကျဆုံးနေခဲ့သည့်အတွက် အိမ်ပြန်ခရီးဟာ လူမစုံတော့ပေမဲ့ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သိရသည်။ "တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသော အာဇာနည်ရဲဘော် (၄) ဦးအား အလေးပြုအပ်ပါသည်။ အမြဲအောက်မေ့တမ်းတ၍လည်းရှိနေပါ့မည်။ အိမ်ပြန်ခရီးတွေဟာလူမစုံတော့ပေမယ့် ဆက်လက်ပြီး စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးတရပ်ပေါ်ထွန်းပြီးသည်အထိ ပခုက္ကူခရိုင်အမှတ်(၁၀)တပ်ရင်းအနေဖြင့် နိုင်ငံ့တာဝန်များကို ပခုံးပေါ်အမြဲထမ်းတင်ထားပါ့မည်" ဟု ယနေ့ ထုတ်ပြန် ပြောကြားထားသည်။ (more…)
Read More
ပေးဆပ်စရာ အသက်ပဲရှိတော့ဟု ကျဆုံးသူများနှင့်ပတ်သက်ပြီး ဗိုလ်မိုက်ခဲပြော

ပေးဆပ်စရာ အသက်ပဲရှိတော့ဟု ကျဆုံးသူများနှင့်ပတ်သက်ပြီး ဗိုလ်မိုက်ခဲပြော

RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။   ဖလမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော် (၇) ဦးနှင့် ပတ်သက်ပြီး Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရဲဘော်များအနေဖြင့် ပေးဆပ်စရာ အသက်ပဲ ရှိတော့သည်ဟု ပြောသည်။   "ကျွန်တော်တို့မှာ ဆုံးရှုံးစရာလည်း ဘာမှမရှိတော့ဘူး ပေးဆပ်စရာလဲ ဘာမှမရှိတော့ဘူး ကျွန်တော်တို့အသက်ပဲ နောက်ဆုံးမှာရှိတော့တာပေါ့။ ကျွန်တော်တို့ အသက်ရှိစဉ်ကာလအတွင်း အသက်မသေမချင်း ခံယူချက်အတိုင်းကျွန်တော်တို့ပြည်သူ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့နောင်လာမဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂါတ်အတွက် အကောင်းဆုံးလုပ်သွားမှာပါ။ အခုလည်း ရဲဘော်တွေ အကောင်းဆုံး မြင့်မြတ်စွာ ကျဆုံးခြင်းပါ။ သူတို့တာဝန်ကျေခဲ့ပါပြီ ကျန်ရှိနေတဲ့ တာဝန်ကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ ထမ်းဆောင်သွားမှာပါ" ဟု ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ (more…)
Read More