သတင်း

ဗလီအဆောက်အဦ ပြိုကျပြီး သေဆုံးသူ (၂)ဦးအတွက် NUG တာဝန်ရှိသူများက (၂) သိန်းကျပ်လှူဒါန်း

ဗလီအဆောက်အဦ ပြိုကျပြီး သေဆုံးသူ (၂)ဦးအတွက် NUG တာဝန်ရှိသူများက (၂) သိန်းကျပ်လှူဒါန်း

RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။စစ်ကိုင်းတိုင်းအတွင်းရှိ ဗလီတခုတွင် ဝတ်ပြုဆုတောင်းနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီအဆောက်အဦ ပြိုကျပြီး (၂) ဦးသေဆုံးခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ် ပအဖတာဝန်ခံနှင့်အတူ တာဝန်ရှိသူများက (၂) သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ (more…)
Read More
ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်း ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ထုတ်ပြန်ချက်အရ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်သည်ဟု သိရသည်။ အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ဇောက်တိမ်အမျိုးအစား ငလျင်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင်…
Read More
စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျပင်းမြောက်ရွာသား (၄) ဦးကို နှိပ်စက်သတ်ဖြတ်

စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျပင်းမြောက်ရွာသား (၄) ဦးကို နှိပ်စက်သတ်ဖြတ်

RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျပင်းအုပ်စု၊ ကျပင်းမြောက်ရွာမှ ကျေးရွာသား (၄) ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ ၁၀ ရက်နေ့က ကျပင်းမြောက်ရွာသို့ ဝင်ရောက်လာပြီး အရပ်သား (၇) ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများထဲမှ အသက် ၇၀ ဝန်းကျင်ရှိ ဦးဗိုလ်ရွှေနှင့် ဦးမြင့်ဆွေကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ကျပင်းတောင်ရွာမှ ကိုသန်းမြတ်စိုးသည် ထွက်ပြေးလွှတ်မြောက်ခဲ့သော်လည်း ကျန် (၄) ဦးသည် ရက်ရက် စက်စက် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။ (more…)
Read More
စစ်ရာဇဝတ်မှု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း

စစ်ရာဇဝတ်မှု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း

RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းအတွင်းမှ ဆေးရုံတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ရာဇဝတ်မှု မှတ်တမ်း မြင်ကွင်းကို CDM ကထိက ဆရာမဒေါ်ရတီအုန်းက ပြောပြထားသည်။ #RedNewsAgency #RedNews #RNA
Read More
ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့အား CDM အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြု

ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့အား CDM အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြု

RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်း၌ ဆေးကုသနေစဉ် မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက လေကြောင်းဗုံးကြဲခံရမှုအတွင်း သေဆုံးသွားခဲ့ရသော ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့အား CDM အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုသည်ဟု NUG ကျန်းမာရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ထားသည်။ ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့သည်၂၀၂၁ ခုနှစ်၊ စစ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်နှင့် အထက်တန်းသူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ပြုလုပ်ကာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများအတွင်း လိုက်လံဆေးကုသမှုပေးနေသူဖြစ်သည်။ (more…)
Read More
ထိုင်းလွှတ်တော်တွင် စစ်ဘေးရှောင်အရေးအပါအဝင် မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနေ

ထိုင်းလွှတ်တော်တွင် စစ်ဘေးရှောင်အရေးအပါအဝင် မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနေ

RNA_မတ်(၂၃)၊၂၀၂၅ခုနှစ်။ ထိုင်နိုင်ငံ၊ ဘန်ကောက်မြိို့၊ ထိုင်းလွှတ်တော်တွင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ လုံခြုံရေးအခြေအနေ၊ စစ်ဘေးရှောင်အခြေအနေများနှင့် မြန်မာ့နိုင်ငံရေးအခြေအနေများကို ထိုင်းအစိုးရတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်တို့ တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။ ယနေ့ (မတ်လ ၂၃ ရက်) ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး(Tom Andrews) က ပါဝင်ဆွေးနွေးကြောင်း၊ ဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့ (၂ရက်တာ) ကျင်းပမည်ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေများကို ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)မှ မော်သဲမြာ၊ Human Right Advocate မှ ဒေါ်ခင်ဥမ္မာ၊ The Salween institute for public policy…
Read More
ရန်ကုန်-ပြည် ကားလမ်းမဘေးရှိ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး (၇) ဦးသေဆုံး

ရန်ကုန်-ပြည် ကားလမ်းမဘေးရှိ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး (၇) ဦးသေဆုံး

RNA_မတ်(၂၁)၊၂၀၂၅ခုနှစ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်းဘေး၌ အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီ၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ (၇) ဦးသေဆုံးခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ကထုတ်ပြန်ထားသည်။ (more…)
Read More
အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၃) ဦးသေဆုံးကာ (၃၁) ဦးဖမ်းဆီးခံရ

အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၃) ဦးသေဆုံးကာ (၃၁) ဦးဖမ်းဆီးခံရ

RNA_မတ်(၂၁)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်းလေးတောင်၌ ဗိုလ်မှူး လင်းထက် ဦးစီးလာသော အင်အား (၂၀၀) ကျော်ဖြင့် စစ်ကြောင်း (၂) ကြောင်းခွဲကာ ချီတက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ (၃၃) ဦးသေဆုံးကာ (၃၁) ဦးဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ ကသာမြို့ ခမရ-၃၀၉ မှထွက်လာသော ဗိုလ်မှူး လင်းထက် ဦးစီးပြီး ခမရ (၁၀၆၊ ၃၀၉)၊ ခလရ-၆ ပူးပေါင်းစစ်ကြောင်းအား EAOs(KIA)၊ KPDF၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖ နှင့် ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ မတ်လ (၁၅) ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများကို…
Read More
ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်းရှိ ရဲဘော်များအားလုံးပါဝင်သော တပ်ရင်းစုဖွဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲကျင်းပ

ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်းရှိ ရဲဘော်များအားလုံးပါဝင်သော တပ်ရင်းစုဖွဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲကျင်းပ

RNA_မတ်(၁၈)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အခြေစိုက်၊ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံး ပါဝင်သော တပ်ရင်းစုဖွဲ့မှုနှင့် လေ့ကျင့်မှု သင်တန်းဆင်းပွဲကျင်းပနိုင်ခဲ့သည်။ ပခုက္ကူခရိုင် အမှတ် -၆ တပ်ရင်း- Myaing Villages Revolution Front (MVRF) အနေဖြင့် ဒေသတွင်းမဟာမိတ်များဖြင့် တိုက်ပွဲဝင်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သား (၁၆၆) ဦးသေဆုံးခဲ့ပြီး အရှင်ဖမ်းဆီးရမိသူ (၆) ဦးရှိကြောင်း၊ တိုက်ပွဲများအတွင်းမှ G3 ၅ လက်၊ G4 ၁ လက်၊ Ma4 ၃ လက်၊ Ma 1 ၇ လက်၊ Ma5 ၁ လက်၊…
Read More
လက်ပံလှကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု (၃) ကြိမ်အတွင်း ပြည်သူ (၄၀) သေဆုံး

လက်ပံလှကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု (၃) ကြိမ်အတွင်း ပြည်သူ (၄၀) သေဆုံး

RNA_မတ်(၁၈)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်မှ မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့ရာတွင် ဒေသခံပြည်သူ (၄၀) ဦး​သေဆုံးခဲ့ရရကြောင်း သိရသည်။ အကြမ်းဖက်စစ်ကောင်စီက လက်ပံလှကျေးရွာကို မတ်လ ၁၇ ရက်နေ့လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ (၃) ဦး၊ မတ်လ ၁၄ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ (၃၁) ဦး၊ မတ်လ ၄ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ (၆) ဦး သေဆုံးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ (more…)
Read More