စစ်ကောင်စီတပ်သားများ သေဆုံး‌၊ အရှင်ဖမ်းခံနေရသည့် လေးကေ့ကော်မှာ တိုက်ပွဲထပ်ဖြစ်

Written by

in

RNA_ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် (၁၀) မိုင် ဝန်းကျင်က လေးကေ့ကော်နယ်တဝိုက် ယနေ့ နံနက်မှစတင်ကာ ဖြစ်ပွားနေသည့်တိုက်ပွဲများမှာ ယနေ့ ညနေ ညနေ (၆) နာရီဝန်းကျင်မှာ တိုက်ပွဲများထပ်မံ ဖြစ်ပွားနေသည်။

နံနက်ပိုင်း စစ်ကောင်စီတပ်ဘက်က စတင်ပစ်ခတ်မှု စတင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်( KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)စသည့် မဟာမိတ်တို့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်က တပ်သား အရာရှိအပါအဝင် အနည်းဆုံး (၆) ဦးသေပြီး၊ (၈) ဦးဝန်းကျင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

” တိုက်ပွဲက ‌မနက်ကဖြစ်တယ် နေ့လည်ပိုင်းခဏရပ်သွား အခုညနေတခါ ပြန်ချနေတယ်၊ ဖြစ်ကြပြီဆိုတော့ ညတွေလဲ ဖြစ်လာနိုင်တယ်၊ ‌အချိန်ပြည့်သတိနဲ့နေရတယ်၊ စခတွေဘက်က လက်နက်ကြီး ပစ်ကူယူတယ်၊ အခုက နယ်မြေစိုးမိုးရေး အချိန်ပြည့်အသင့်အနေအထားနဲ့ ပစ်လိုက် ရပ်လိုက်ဖြစ်တော့မှာ ညှိလို့ရတဲ့အနေအထားက ကုန်သွားပြီတယ်” ဟု လေးကေ့ကော်အနီးတဝိုက် ရောက်နေသူ တဦးက ပြောသည်။

စစ်ကောင်စီတပ်အထိနာပြီး ဒဏ်ရာရရှိသူများများကြောင်း၊ စစ်ကူများ ထပ်ရောင်လာနိုင်ကြောင်း၊ လေးကေ့ကော်အပါအဝင် ဖလူး၊ထီးမယ်ဝါးခီး စသည့်ကျေးရွာများက ပြည်သူ ၁၀၀၀ ဝန်းကျင်စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *