တိုက်ပွဲမှာ ဖမ်းမိသည့် စစ်သုံ့ပန်းများကို KNU ကောင်းမွန်စွာ ထိန်းသိမ်းထား

RNA_ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲ့ထော်သလေးတိုက်ပွဲမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း ၈ ဦးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ယနေ့ထုတ်ပြန်ထားသည်။

မဲ့ထော်သလေး တိုက်ပွဲမှာ အရှင်ဖမ်းမိထားသည့် စစ်ကောင်စီတပ်က ၈ ဦးကို ကောင်းမွန်စွာထားပြီး၊ ပြီးခဲ့သည့်နေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၁၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း၊ ဒီဇင်ဘာ ၁၅ ရက်နေ့ လေးကေ့ကော်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်တွေ အထိနာခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူအများအပြား စစ်ဘေးရှောင်နေကြရကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများရှိကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ

Red News Agency

 

 

By Editor

Leave a Reply

Your email address will not be published. Required fields are marked *