Major Earthquake

စစ်ကိုင်း ဗလီ ၃ လုံးပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ၂၄၀ ခန့် သေဆုံးနိုင်

စစ်ကိုင်း ဗလီ ၃ လုံးပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ၂၄၀ ခန့် သေဆုံးနိုင်

RNA_မတ်(၃၁)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းမြို့ရှိ ဗလီ ၃ လုံး ငလျင်လှုပ်ခဲ့သည့်နေ့က ပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ၂၄၀ ခန့် သေဆုံးနိုင်ပြီး စစ်ကိုင်းမြို့တွင် အလောင်း ၃၀၀ ကျော် ရှာဖွေတွေ့ရှိထားပြီဟု ရှာဖွေကယ်ဆယ်ရေးလုပ်သူများနှင့် ဒေသခံများထံမှ သိရသည်။ အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် သောကြာ (ဂျူမူအာဟ်) စုပေါင်းဝတ်ပြုနေကြချိန် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့သည့်အတွက် စစ်ကိုင်းမြို့မှ မြို့မဗလီ၊ မြို့တော်ဗလီနှင့် မိုယ်းကျဂျာမေ့အ်ဗလီတို့ ပြိုကျခဲ့ရသည့်အတွက် ဝတ်ပြုဆုတောင်းနေကြသည့် အစ္စလာမ်ဘာသာဝင်များ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ရာသီဥတုပူပြင်းနေသည့်အတွက် စစ်ကိုင်းမြို့ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးနေသည့် အဆောက်အဦများအတွင်းမှ…
Read More
စစ်ကိုင်း ငလျင်ဘေးခံစားရသူများကို ယနေ့ညနေအထိ ကယ်ဆယ်မှု မပြုလုပ်နိုင်သေး

စစ်ကိုင်း ငလျင်ဘေးခံစားရသူများကို ယနေ့ညနေအထိ ကယ်ဆယ်မှု မပြုလုပ်နိုင်သေး

RNA_မတ်(၂၉)၊၂၀၂၅ ခုနှစ်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် စစ်ကောင်စီ၏ တပ်မ ၃၃ အထိုင်ချတပ်စွဲပြီး စိုးမိုးနယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူများကို ၂၄ နာရီအကျော်အထိ အကူအညီများပေးနိုင်ခြင်း (ကယ်ဆယ်ရေးလုပ်ငန်းများ) မရှိသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် အပျက်အစီးများသော်လည်း စက်ယန္တရားများဖြင့်သာလုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ယနေ့ညနေပိုင်းအထိ ပိတ်မိနေသူ အများအပြားကို မကယ်ထုတ်နိုင်သေးကြောင်း၊ စစ်ကိုင်းမြို့တွင် သာသနိကအဆောက်အအုံများတွင်လည်းပျက်စီးမှုရှိပြီး ဒေသခံများအကြား ပြောကြားနေမှုတွင် သေဆုံးသူ ၃၀၀ ခန့်ရှိပြီး အရေအတွက်ထပ်တိုးနေသည်ဟု သိရသည်။ (more…)
Read More
ဗလီအဆောက်အဦ ပြိုကျပြီး သေဆုံးသူ (၂)ဦးအတွက် NUG တာဝန်ရှိသူများက (၂) သိန်းကျပ်လှူဒါန်း

ဗလီအဆောက်အဦ ပြိုကျပြီး သေဆုံးသူ (၂)ဦးအတွက် NUG တာဝန်ရှိသူများက (၂) သိန်းကျပ်လှူဒါန်း

RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။စစ်ကိုင်းတိုင်းအတွင်းရှိ ဗလီတခုတွင် ဝတ်ပြုဆုတောင်းနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီအဆောက်အဦ ပြိုကျပြီး (၂) ဦးသေဆုံးခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ် ပအဖတာဝန်ခံနှင့်အတူ တာဝန်ရှိသူများက (၂) သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ (more…)
Read More
ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်း ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ထုတ်ပြန်ချက်အရ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်သည်ဟု သိရသည်။ အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ဇောက်တိမ်အမျိုးအစား ငလျင်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင်…
Read More