Tag: ၃၄နှစ်မြောက်ရှစ်လေးလုံးနေ့

  • ဖားကန့်မြို့နယ် လုံးခင်းအုပ်စုသပိတ်စစ်ကြောင်းက ကြွေးကြော်သံများဖြင့်ဆန္ဒပြ 

    ဖားကန့်မြို့နယ် လုံးခင်းအုပ်စုသပိတ်စစ်ကြောင်းက ကြွေးကြော်သံများဖြင့်ဆန္ဒပြ 

    RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။

    ယနေ့ကျရောက်သည့် ရှစ်လေးလုံး (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းက ကျေးရွာအတွင်းလှည့်လည်ကာ ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=VDUv7PEHMU0[/embedyt]

    Red News Agency

  • ကျဆုံးခဲ့ရသည့် သူရဲကောင်းများကို ရည်မှန်းပြီး စစ်ကောင်စီတပ်သားတွေကို သာကေတမှာ မိုင်းခွဲတိုက်ခိုက် 

    ကျဆုံးခဲ့ရသည့် သူရဲကောင်းများကို ရည်မှန်းပြီး စစ်ကောင်စီတပ်သားတွေကို သာကေတမှာ မိုင်းခွဲတိုက်ခိုက် 

    RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။

    ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီး၊ ဆောက်လုပ်ရေးမှတ်တိုင်အနီးတွင် ယနေ့ နံနက်ပိုင်းက ရှစ်လေးလုံး သူရဲကောင်းများကို ရည်မှန်းပြီး အာဏာသိမ်း စစ်ကောင်စီတပ်သားများကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ : သာကေတမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ မတ်လ (၇) ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီတပ်သားများက ဖြိုခွင်းနေစဉ်။ 

    ” ရှစ်လေးလုံးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်သူရဲကောင်းတွေကို သူတို့ရဲ့ကျေးဇူးတွေ သူတို့ရဲ့ဂုဏ်သိက္ခာတွေကို ရည်မှန်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်ကားဖြတ်သွားတဲ့အချိန်မှာ ကျနော်တို့ ရှေ့ထွက်မိုင်းလို့ပြောလို့ရတဲ့ မိုင်းတလုံးနဲ့ခွဲတယ်၊ အဲချိန်မိုင်းကွဲလို့ကားပေါ်က လာဆင်းကြည့်တဲ့အချိန်မှာ နောက်တလုံးထပ်ခွဲပါတယ်။ ဒါဟာ စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်တာပါ။ ရှစ်လေးလုံး သူရဲကောင်းတွေကို အလေးပြုရင်း တိုက်ခိုက်ခဲ့တာပါ” ဟု မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ အဖွဲ့ဝင်တဦးက Red News Agency သို့ ပြောကြားသည်။

    (more…)