ကဗျာဆရာကေဇဝင်းကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနားပြုလုပ်

RNA_မတ်(၃)၊၂၀၂၃ ခုနှစ်။

ကဗျာဆရာကေဇဝင်း ရေးခဲ့သားခဲ့သည့် “ဦးခေါင်းခွံများအကြောင်း” ကဗျာထဲမှ “တော်လှန်ရေးရဲ့စနက်တံဟာ ခများမဟုက်ရင်ကျနော်ပဲ” စာသားကိုကိုင်ဆောင်ပြီး ကဗျာဆရာကေဇဝင်း ကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနား ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းနှင့် ဒေသခံပြည်သူများပူးပေါင်းကာ ယနေ့ ကဗျာဆရာကေဇဝင်းနှင့် ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခြင်းစသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ပြုလုပ်ခဲ့ကြသည်။

မုံရွာမြို့၊ဘုရားနီလမ်းမထက်မှာ စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးခဲ့ရသည့်ကဗျာ ဆရာကေဇဝင်းနှင့်အာဇာနည် (၈) ဦးအား ဂုဏ်ပြုအလေးနီပြုခဲ့ကြကြောင်း၊ ရဲဘော်များကျဆုံးခဲ့ရသည့်ဘုရားနီလမ်းကို “အာဇာနည်လမ်း” ဟု ပြည်သူများမှ ကဗ္ဗည်းတင် ပြောင်းလဲသတ်မှတ်ခေါ်ဆိုကြသည်။

#RedNewsAgency

By Editor