10
Feb
RNA – ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရဟန်းရှင်လူ ကျောင်းသားပြည်သူများက အာဏာသိမ်း စစ်အစိုးရအား ဆန္ဒပြခဲဲ့ကြသည်။ ပြည်သူ့အစိုးရဆီမှ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက အဓမ္မအာဏာသိမ်းခဲ့သည့်အတွက် ယခုဆိုလျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြသည်။ Red News Agency