
Tag: စစ်ကောင်စီတပ်
-

လူလည်လူမိုက် ရွေးလိုက်စမ်း.. “အကြိုက်”
“တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း အချိန်မရွေး ပြန်သိမ်းလို့ရတယ်ဆိုတာ အားလုံးအသိဖြစ်သွားပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ တည်နေရာကိုထင်ထင်ရှားရှားသိလိုက်ရသလို ငွေလိမ်ဂိုဏ်းတွေကို ကာကွယ်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကိုလည်း ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်”ရန်နိုင်ကရင်ပြည်နယ်မှာ စစ်ကောင်စီကို အဓိကအထောက်အကူပေးပြီး အိမ်ကြက်ခြင်းအိုးမဲသုတ် ခွပ်ပေးနေတဲ့ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ပေးနေတာကတော့ ဗိုလ်မှူးစောချစ်သူဦးဆောင်တဲ့ BGF တပ်ရင်းတွေပဲ ဖြစ်တယ်။ အခြေအနေကို အခြေခံပြီးတော့ ဗိုလ်မှူးစောချစ်သူက မတ်လပထမအပတ်မှာ KNA အဖြစ်သီးခြားရပ်တည်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သင်္ကြန်တုန်းကတော ဖားအံမှာ BGF တွေက စစ်ကောင်စီတပ်နဲ့အတူ တွေ့ရှိကြရပါတယ်။မင်အောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်လက်အောက်က BGF (Border Guard Force) အဖြစ်ကနေ လစာမယူတော့ဘူးဆိုပြီး လက်မောင်း ဘက်တံဆိပ်တွေပြောင်းမယ်၊ ကရင်အမျိုးသားတပ်မတော် – Karen National Army -KNA အမည်ခံယူမယ်ဆိုတော့ ကရင်ချင်း သေနတ်ဖောက်စရာမလိုတော့တဲ့အတွက်နဲ့ တော်လှန်ရေး ပြည်သူတွေက အားဖြစ်ခဲ့ကြရတယ်။ မြေပြင်တော်လှန်ရေးတပ်ဖွဲ့များရဲ့ သတင်းစကားအရ ဗိုလ်ချုပ်စောချစ်သူက အရင်ကတည်းက တော်လှန်ရေးတပ်ဖွဲ့များအပေါ် အကူအညီပေးလေ့ရှိသူဖြစ်ကြောင်းသိရတယ်။စောချစ်သူက စစ်တပ်နဲ့ မပူးပေါင်းတော့ဘူးဆိုတဲ့နောက်မှာတော့ ပြည်သူတွေက ကော့ကရိတ်မြို့၊ မြဝတီမြို့တွေကို ရတော့မယ်ဆိုပြီး မျှော်လင့်မိခဲ့ကြတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ကော့ကရိတ်မြို့ကို ၆၀ ရာခိုင်နှုန်းလောက်ထိ ထိန်းချုပ်ထားနိုင်ပေမယ့် BGF အဖွဲ့တွေရှိတဲ့ မြဝတီမြို့ကတော့ တိုက်ပွဲသံသိပ်မကြားခဲ့ရပေ။ မတ်လ ၈ ရက်နေ့ မှာတော့ မြဝတီမြို့အနီးဆုံးစခန်းတွေဖြစ်တဲ့ ခမရ ၃၅၅၊ ၃၅၆ ကို သိမ်းပိုက်ထားနိုင်ပြီး သင်္ဃန်းညီနောင်ရဲစခန်းကိုလည်း သိမ်းဖို့ပြင်ဆင်လာခဲ့တယ်။ ဧပြီလ ၅ ရက်နေ့မှာတော့ သင်္ဃန်းညီနောင် ရဲစခန်းရော၊ ဗျူဟာကုန်းစခန်းရော သိမ်းပြီးတဲ့နောက်မှာတော့ မြဝတီမြို့ရဲ့ မြို့စောင့်တပ် ဖြစ်တဲ့ ခလရ ၂၇၅ ကို လက်နက်ချဖို့သတိပေးပြီး မြဝတီမြို့ကိုသိမ်းဖို့ KNU/KNLA ဦးဆောင်တဲ့ PDF မဟာမိတ်တပ်တွေက ချဉ်းကပ်လာခဲ့တယ်။
တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီ မြို့စောင့်တပ်လဲ စောချစ်သူရဲ့ အကူအညီနဲ့ ထိုင်းဘက်ကိုပြေးဖို့ ကြိုးစားပေမယ့် ထိုင်းကအဝင်မခံတဲ့အတွက် Standard Army ကြီးက တံတားအောက်က ခွေးလေးတွေလို ခိုကပ်နေရတော့တယ်။ မြို့စောင့်တပ် မရှိတော့တဲ့နောက်မှာတော့ မြဝတီမြို့ကို KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့ပတ်လည်ကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။မြဝတီမြို့ကို ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီအတွက် နိုင်ငံရဲ့ကုန်သွယ်စီးပွားရေးလုပ်ငန်းတွေ အကြီးမားဆုံး ဆုံးရှုံးလိုက်ရခြင်း ဖြစ်တယ်။ အမှတ် (၂) တံတားမှာလည်း မြဝတီမြို့ကထွက်ပြေးနေရတဲ့ စစ်ကောင်စီလက်အောက်ခံတွေ ရောက်နေလို့ တံတားကိုလည်း ထိုင်းဘက်က ပိတ်ချလိုက်ပါတယ်။ တနိုင်ငံလုံးနယ်စပ်ဂိတ်တွေ ဆုံးရှုံးထားတဲ့ စစ်ကောင်စီအတွက် မြဝတီကုန်သွယ်ရေးဇုန် ဆုံးရှုံးလိုက်ခြင်းက အကြီးမားဆုံးထိုးနှက်ချက် တခုဖြစ်လာခဲ့တယ်။ မြဝတီမြို့ပြန်ရဖို့အတွက် ဒုတိယကာကွယ်ရေးဦးစီးချုပ် စိုးဝင်းကိုယ်တိုင် မော်လမြိုင်ထိဆင်းပြီး စစ်ကောင်စီလော်ဘီတွေ ပြောပုံအရ နိုင်ငံတော်အဆင့် “အောင်ဇေယျ” စစ်ဆင်ရေးကြီးကို အနီးကပ် ကြီးကြပ်ကိုင်တွယ်ခဲ့ရတယ်။ -

မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး (၆) ဦးအရှင်ဖမ်းဆီးရမိ
RNA_ဧပြီ(၂၃)၊၂၀၂၄ ခုနှစ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖလန်ကိုင်းကျေးရွာအနီးနှင့် ကျောက်မဏ္ဍပ် (ဝါးရင်းချိုင်ကျေးရွာနှင့် ကမ်းပါးဖြူကျေးရွာကြား) တိုက်ပွဲများတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ (၅) ဦးသေပြီး ၆ ဦးအရှင်ဖမ်းဆီးရမိကြောင်း မြိုင် ပကဖ ထံမှ သိရသည်။
မြိုင်မြို့ စက်မှု (၂) မှ ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့တို့က ဖလန်းကိုင်းရွာရောက်ရှိချိန် တော်လှန်ရေးအင်အားစုများက ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံးကြောင်း၊ တိုက်ပွဲများသည် ဧပြီလ ၂၂ ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကျောက်မဏ္ဍပ်အနီးတွင်လည်း သင်္ကာမကင်းဖွယ် လက်နက်ကိုင် ၆ ဦးတွေ့ရှိသည့်အတွက် ပစ်ရာ ဖလန်ကိုင်းရေနံမြေမှ ရဲတပ်ဖွဲ့ဝင် (၆) ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
-

တော်လှန်ရေးအောင်မြင်မှုများ ထွက်ပေါ်လာမယ့် ၂၀၂၄
“၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအခြေအနေတွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်များဟာ စစ်မာန်စွယ်ကျိုးကာ ရေရှည်တိုက်ပွဲဝင်ရဲတဲ့ တပ်သားအင်အားဟာ အင်မတန်ကို ရှားပါးနေပြီဆိုတာကို အထင်းသားတွေ့မြင်ရပါတယ်။ တစ်ဖက်မှာလဲ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအားကောင်းလာမှုဟာ ၁၀၂၇ စစ်ဆင်ရေးမစတင်မှီနဲ့ စတင်ပြီး ကာလအပိုင်းအခြားလေး တစ်ခုအတွင်းမှာပဲ ကွာခြားချက် ကြီးကြီးမားမားဖြစ်ပေါ်လာခဲ့ပြီး အင်မတန်မှ အားကောင်းနေတာကို တွေ့မြင်နေကြရ”
ကေဂျီ
၂၀၂၄ ခုနှစ် ပထမ ၄ လအတွင်းမှာ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NUG လက်အောက်ခံ PDF တပ်ဖွဲ့များရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေဟာ နည်းဗျူဟာကျကျ ပြင်းထန်အားကောင်းပြီး ထိထိမိမိရှိလာတာကို တွေ့မြင်ရပါတယ်။နွေဦးတော်လှန်ရေး ၃ နှစ်တာကာလတလျှောက် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးပိုင်း တိုးတက်မှုကို အားရကျေနပ်လောက်စရာ တွေ့မြင်လာရတဲ့ နှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ်။
စစ်အာဏာရှင်လက်ကိုင်တုတ် ကမ္ဘာ့အဆင့် ၃၈ တပ်မတော်ကြီးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးနိမ့်ပါးနေမှု၊ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ညံဖျင်းမှုတွေနဲ့ အထက်ပိုင်း စစ်ခေါင်းဆောင်တွေရဲ့ အသုံးမကျတဲ့ ကွတ်ကဲမှုကြောင့် မြေပြင်ကျဆုံးမှုတွေ ဆက်တိုက်ကြုံလာကြရပြီး အထက်အောက် မကျေနပ်မှုတွေ၊ တပ်တွင်းအကွဲအပြဲတွေ ဖြစ်ပေါ်နေတာကို သိသာထင်ရှားစွာ တွေ့မြင်လာရတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ လက်နက်မဲ့ ပြည်သူလူထုကိုသာ “သေရဲတဲ့ကောင်ထွက်ခဲ့“ တို့ “ခေါတ်ကိုပြောင်းအောင် ခေါင်းကိုပစ်” တို့နဲ့ ဟိတ်ဟန်ကြီးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့နီးပါးမှာ ရင်ဆိုင်လာရတဲ့ တိုက်ပွဲတွေကြောင့် တပ်အင်အားပြုန်းတီးမှုနဲ့အတူ အင်အားသစ်ထပ်မံ မဖြည့်တင်းနိုင်တော့တဲ့အတွက် စစ်ကောင်စီဟာ အင်အားဆုတ်ယုတ်နေတယ်ဆိုတာ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီး စစ်တပ်ထဲသွင်းနေတာတွေက သက်သေပဲဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားစစ်ဆင်ရေးတွေ၊ ၁၀၂၇ ကစလိုက်တဲ့ တိုင်ရင်းသားနယ်မြေတွေမှာ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ထိခိုက်ကျဆုံးမှုတွေများလာခဲ့ပြီး အလံဖြူထောင် လက်နက်ချမှုတွေ၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုတွေဟာ ဆက်တိုက်ဆိုသလို တဖြည်းဖြည်းပိုမို များပြားလာတာကြောင့် စိတ်ဓာတ်နဲ့ စွမ်းရည်ပိုင်းပါ ဘက်ပေါင်းစုံ ယိုင်နဲ့နေပြီး တပ်ပျက်သလောက် အနေအထားအထိ ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာရှိတဲ့ စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို ခုခံရှင်းလင်းနိုင်ဖို့အတွက် နှစ်နှစ်ကျော်ကြာတဲ့အထိ ရှိသမျှ အင်အားတွေကိုပဲ နယ်မြေဒေသအနှံ့ ဟိုရွေ့ဒီရွေ့နဲ့ ရွေ့ပြောင်းပြီး နေရာယူဖြန့်ကျက် နေရတာဖြစ်ပါတယ်။
-

အာဏာသိမ်းပြီး ဘုရင်လုပ်ချင်တဲ့ လောဂျစ်အမှားနဲ့ မင်းအောင်လှိုင်
“ပြည်သူ့စစ်အင်အားထဲက ၅၀ ရာခိုင်နှုန်းလောက်ပဲ စစ်တပ်ကို ဆန့်ကျင်ခဲ့ရင်တောင် စစ်တပ်အတွက်နောက်ကျောမလုံရတဲ့ အခြေနေဖြစ်စေလိမ့်မယ်။ တကယ်တော့ ပြည်သူ့စစ်ဆိုတာ စစ်ကောင်စီအတွက် ခါးပိုက်ထဲက မြွေပွေးဖြစ်တယ်။ အချိန်မရွေး စစ်ကောင်စီကို ဒုက္ခပေးနိုင်တဲ့သူတွေဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားရင်လည်း စစ်သင်တန်းပေးလိုက်တဲ့ စစ်တပ်က မိအေး နှစ်ခါနာ ဖြစ်အုံးမယ်”
*********************************
ရန်နိုင်စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီဖက်က ရလိုက်တာက စစ်မှုထမ်းဖို့စိတ်မပါတဲ့ သူတွေကို Brainwash လုပ်လို့ မရတော့တဲ့ အသက်အရွယ်ရောက်နေတဲ့သူတွေပဲ ဖြစ်တယ်။ အဲ့ဒီ အဓမ္မစုဆောင်းထားတဲ့ တပ်သားသစ်တွေကို စစ်ကောင်စီက ရလိုက်တဲ့အချိန်မှာပဲ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က ရလိုက်တာက စစ်ကောင်စီရဲ့ ဗျူဟာမှူးတွေ၊ အရာရှိတွေ သေဆိုသေ၊ ရှင်ဆိုရှင်မယ့် အမိန့်ကျပြီးသား စစ်ခွေးပေါင်းများစွာနဲ့ တပ်စခန်း ပေါင်းများစွာပဲဖြစ်တယ်။
အဖက်ဖက်က စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆေးမြီးတိုနည်းတွေဖြစ်တဲ့ ပျူစောထီးလို၊ ပြည်သူ့စစ်လို လက်ကိုင်တုတ်တွေကို မွေးထုတ်ပေးခဲ့တယ်။ စစ်မှုထမ်း ဉပဒေကို အတည်ပြုပြီးလည်း စစ်မတိုက်ချင်တဲ့သူတွေကို စစ်ပွဲထဲအတင်းအကျပ် ပါဝင်စေခဲ့တယ်။ အောက်ဆုံး အဆင့်မှ ဝင်လာရတဲ့ ရဲဘော်တွေကို ဘင်ခရာတပ်တွေနဲ့ ကြိုဆိုပြနေသလို ပန်းကုံးစွပ် ကြိုဆိုပွဲတွေနဲ့ အကြီးအကျယ် အောင်ပွဲခံပြနေခဲ့တယ်။
အတင်းအကျပ် စုဆောင်းခံထားရတဲ့ ပြည်သူ့စစ်ဆိုတဲ့သူတွေက စစ်ကောင်စီကို အချိန်မရွေး သေနတ်ပြောင်းလှည့်ဖို့ အကြံထုတ်နေသူတွေဖြစ်တယ်။ ပြည်သူ့စစ်အင်အားထဲက ၅၀ ရာခိုင်နှုန်းလောက်ပဲ စစ်တပ်ကို ဆန့်ကျင်ခဲ့ရင်တောင် စစ်တပ်အတွက်နောက်ကျောမလုံရတဲ့ အခြေနေဖြစ်စေလိမ့်မယ်။ တကယ်တော့ ပြည်သူ့စစ်ဆိုတာ စစ်ကောင်စီအတွက် ခါးပိုက်ထဲက မြွေပွေးဖြစ်တယ်။ အချိန်မရွေး စစ်ကောင်စီကို ဒုက္ခပေးနိုင်တဲ့သူတွေဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားရင်လည်း စစ်သင်တန်းပေးလိုက်တဲ့ စစ်တပ်က မိအေး နှစ်ခါနာ ဖြစ်အုံးမယ်။
-

အမ်းမြို့နယ်အတွင်းရှိ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို AA ထိုးစစ်ဆင်နေ
RNA_ဧပြီ(၄)၊၂၀၂၄ခုနှစ်။
ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်အတွင်းမှ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့ကို ရက္ခိုင့်တပ်တော် – AA မှထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် အနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ မြို့များကို သိမ်းပိုက်ထားနိုင်သော်လည်း ရခိုင်တပြည်နယ်လုံး စစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရေးအတွက် ကျန်ရှိနေသော ဘူးသီတောင် စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ကို အဓိကထား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AA ကထုတ်ပြန်ထားသည်။
-

သတင်းသမား ဖိုးသီဟအပါအဝင် ပြည်သူ (၇) ဦးကို သတ်ထားသူများအား စစ်သုံ့ပန်းအဖြစ် AA ဖမ်းဆီးထား
RNA_ဖေဖော်ဝါရီ(၂၉)၊၂၀၂၄ခုနှစ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ခမရ (၃၇၈) ဗဟိုကင်းအချုပ်တွင် ဖမ်းဆီးခံထားရသည့် သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ အပါအဝင် ပြည်သူ (၇) ဦးကို သတ်မိန့်တိုက်ရိုက်ပေးခဲ့သည့် ဗိုလ်မှူးသိန်းထိုက်စိုး၊ ခွင့်ပြုချက်ပေးသူ ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ သတ်ဖြတ်သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးအာကာမြင့် တို့ကို ရက္ခိုင့်တပ်တော်-AAက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသည်။
[embedyt] https://www.youtube.com/watch?v=DlzezKS-Ed8[/embedyt]
မြောက်ဦး ခမရ ၃၇၈ ဌာနချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားသည့် သတင်းသမား တဦးအပါအဝင် ပြည်သူ (၇) ဦးကို ခမရ ၃၇၈ တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုးက ပစ်သတ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး၊ မြောက်ဦးခရိုင် ဒုတိယရဲမှူးကြီး ခင်မောင်စိုးက ခွင့်ပြုခဲ့သည့်အတွက်၊ ခမရ ၃၇၈ မှ ဗိုလ်ကြီး အာကာမြင့်က ဒုတပ်ကြပ် သန်းအောင်နှင့်အဖွဲ့ကို သတ်ခိုင်းခဲ့သည်ဟု စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် စစ်ရာဇဝတ်မှု ကျူးလွန်သူ (၃) ဦးလုံးက ဝန်ခံထွက်ဆိုထားသည့်ရုပ်သံ ယနေ့ AA ကထုတ်ပြန်ထားသည်။
ခမရ ၃၇၈ တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုး ခမရ ၃၇၈ မှ ဗိုလ်ကြီး အာကာမြင့် မြောက်ဦးခရိုင် ဒုတိယရဲမှူးကြီး ခင်မောင်စိုး Red News Agency
-

သတင်းသမားအပါအဝင် (၇) ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ရာဇဝတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ ဝန်ခံ
RNA_ဖေဖော်ဝါရီ(၂၉)၊၂၀၂၄ခုနှစ်။ရခိုင်ပြည်နယ်၊ မြောက်ဦး ခမရ (၃၇၈) ဗဟိုကင်း အချုပ်တွင် ဖမ်းဆီးခံထားရသည့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် မတရားဖမ်းဆီးခံထားရသူ (၇) ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ရာဇဝတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးအာကာထွန်း၏ ဝန်ခံထွက်ဆိုချက်ကို ရက္ခိုင့်တပ်တော် -AAက ယနေ့ ထုတ်ပြန်လိုက်သည်။[embedyt] https://www.youtube.com/watch?v=S86N8PNzFFQ[/embedyt]#RedNewsAgency -

ဖားကန့်လာသည့် လမ်းတလျှောက် စကစနှင့်ရှမ်းနီတပ်က အဓမ္မဖမ်းဆီး (ပေါ်တာဆွဲ) မှုများ ပြုလုပ်နေ
RNA_ဖားကန့် ဖေဖော်ဝါရီ(၁၈)၊၂၀၂၄ ခုနှစ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအား စစ်ကောင်စီက အတည်ပြုပြီးနောက် ဖားကန့်မြို့သို့ မြစ်ကြီးနား၊ မိုးကောင်း၊ ဟိုပင်နှင့် မိုးညှင်းမြို့များမှ တက်လာသည့် ခရီးသွားပြည်သူများအား လမ်းခရီးတလျှောက်ရှိ စစ်ကောင်စီတပ်ဂိတ်များ၊ SNA ရှမ်းနီလက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့စစ်များက ပေါ်ပေါ်တင်တင် စုဆောင်းရေး (ပေါ်တာ) ဆွဲနေသည့်အတွက် သတိထား သွားလာကြရန် လိုအပ်ကြောင်း ဖားကန့် KPDF ထောက်ပို့ တစ်ဦးက ပြောသည်။
“ကျနော်တို့ ပြည်သူတွေ ခုကာလမှာ အရေးမကြီးပဲ ခရီးမသွားဖို့၊ မပေါ့ဆဖို့၊ လမ်းခရီးကို သေချာစုံစမ်းပြီးမှသွားဖို့ ပြောချင်ပါတယ်၊ ဖားကန့်က မဆွဲဘူးဆိုတာ ဟုတ်ပါတယ်၊ ခုထိတော့မဆွဲကြဘူး၊ ဒါပေမယ့် မြို့ဧရိယာပဲမဆွဲသေးတာ၊ ဖားကန့်ကိုလာရတဲ့ လမ်းခရီးအရှည်ကြီးက စစ်ကောင်စီနဲ့ ရှမ်းနီလက်နက်ကိုင်၊ ပြည်သူ့စစ်တွေ အားကောင်းတဲ့ဘက်က ဆွဲနေပါတယ်ဆိုတာ ပြည်သူတွေကို သိစေချင်တယ်”ဟု သူက ပြောသည်။
ဖေဖော်ဝါရီ (၁၆)ရက်နေ့ နံနက် (၁၀)နာရီခန့်က မိုးကောင်းမှ ဖားကန့်/တနိုင်းသွားလမ်း လီဒိုလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ မရမ်ကထောင်ဂိတ်မှ အသက်(၃၀)အရွယ် အမျိုးသားနှစ်ဦးနှင့် အသက်(၃၆)နှစ် အမျိုးသားတစ်ဦးအား ကားပေါ်မှ ဆွဲချထားခဲ့ကြောင်း သိရသည်။
-

ကလေးငယ် ၃ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၈) ဦးကို သတ်ဖြတ်သည့် သုံးပွင့်ဗိုလ်ကြီးနှင့်တပ်သားကို KNDF ဖမ်းဆီးရမိ
RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။
ကရင်နီပြည်၊ ရှားတောမြို့နယ်၊ တောင်ယာခင်းတစ်ခုတွင် စစ်ရှောင်နေကြသည့် အရပ်သားပြည်သူ မိသားစု (၃) စု အား ဖမ်းဆီးခဲ့၍ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ကလေးငယ် (၃) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးအပါအဝင် (၈) ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံများထဲက သုံးပွင့်ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦးအား KNDF က ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီထံမှ သိရသည်။
ရှားတောမြို့နယ်မတွင်း စစ်ရာဇတ်မှု ကျူးလွန်ထားသည့် စသ်ကောင်စီလက်အောက်ခံများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ရှားတောမြို့သိမ်းတို့က်ပွဲကို KA၊ KNDF၊ Loikaw PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား မှောက်လျက်အနေအထားဖြင့် တွေ့ရစဉ်။ “ရှားတောမှာ ကလေးငယ်လေးတွေကို ပစ်သတ်သွားတဲ့ ကောင်တွေကို သေသွားတဲ့ကလေးတွေရဲ့ မျက်နှာကို ကြည့်ခိုင်းတော့ မကြည့်ရဲဘူးတဲ့ အဲ့တော့ကျနော်တို့ပြည်သူတွေလည်း အဲ့လိုကောင်တွေဟာ ဘယ်လိုကောင်တွေလည်းဆိုတာ မြင်ရအောင်ပြပေးလိုက်ပါတယ် သူတို့ မိသားစုတွေမြင်ပါစေ အနီနဲ့က တပ်သား ကွက်ကျားနဲ့က သုံးပွင့်ဗိုလ်ကြီး” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက တင်ပြထားသည်။
-

ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ဆက်လက်ကျဆုံးနေ
RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။
ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်- AA တို့ ယမန်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ စခန်းသိမ်းခံရမှုနှင့် သေဆုံးမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။
ရက္ခိုင့်တပ်တော်ထိုးစစ်ဆင်တိုက်နေသည့် မောင်တောဒေသရှိ ဗောဓိကုန်းစခန်းကိုလည်း ယမန်နေ့က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ (၁၄) လောင်းတွေ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် တောင်ကြောတွင်လည်း ခမရ (၅၃၆) တပ်ရင်း နှစ်ဖက်ရင်ဆိုင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၄) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၁၀) ဦးခန့်အထိရှိသည်ဟု AA ကထုတ်ပြန်ထားသည်။

