စစ်ကောင်စီတပ်

အာဏာသိမ်းပြီး ဘုရင်လုပ်ချင်တဲ့ လောဂျစ်အမှားနဲ့ မင်းအောင်လှိုင်

အာဏာသိမ်းပြီး ဘုရင်လုပ်ချင်တဲ့ လောဂျစ်အမှားနဲ့ မင်းအောင်လှိုင်

"ပြည်သူ့စစ်အင်အားထဲက ၅၀ ရာခိုင်နှုန်းလောက်ပဲ စစ်တပ်ကို ဆန့်ကျင်ခဲ့ရင်တောင် စစ်တပ်အတွက်နောက်ကျောမလုံရတဲ့ အခြေနေဖြစ်စေလိမ့်မယ်။ တကယ်တော့ ပြည်သူ့စစ်ဆိုတာ စစ်ကောင်စီအတွက် ခါးပိုက်ထဲက မြွေပွေးဖြစ်တယ်။ အချိန်မရွေး စစ်ကောင်စီကို ဒုက္ခပေးနိုင်တဲ့သူတွေဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားရင်လည်း စစ်သင်တန်းပေးလိုက်တဲ့ စစ်တပ်က မိအေး နှစ်ခါနာ ဖြစ်အုံးမယ်" ********************************* ရန်နိုင် စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီဖက်က ရလိုက်တာက စစ်မှုထမ်းဖို့စိတ်မပါတဲ့ သူတွေကို Brainwash လုပ်လို့ မရတော့တဲ့ အသက်အရွယ်ရောက်နေတဲ့သူတွေပဲ ဖြစ်တယ်။ အဲ့ဒီ အဓမ္မစုဆောင်းထားတဲ့ တပ်သားသစ်တွေကို စစ်ကောင်စီက ရလိုက်တဲ့အချိန်မှာပဲ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က ရလိုက်တာက စစ်ကောင်စီရဲ့ ဗျူဟာမှူးတွေ၊ အရာရှိတွေ သေဆိုသေ၊ ရှင်ဆိုရှင်မယ့် အမိန့်ကျပြီးသား စစ်ခွေးပေါင်းများစွာနဲ့ တပ်စခန်း…
Read More
အမ်းမြို့နယ်အတွင်းရှိ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို AA ထိုးစစ်ဆင်နေ

အမ်းမြို့နယ်အတွင်းရှိ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို AA ထိုးစစ်ဆင်နေ

RNA_ဧပြီ(၄)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်အတွင်းမှ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့ကို ရက္ခိုင့်တပ်တော် - AA မှထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ ရက္ခိုင့်တပ်တော် အနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ မြို့များကို သိမ်းပိုက်ထားနိုင်သော်လည်း ရခိုင်တပြည်နယ်လုံး စစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရေးအတွက် ကျန်ရှိနေသော ဘူးသီတောင် စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ကို အဓိကထား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AA ကထုတ်ပြန်ထားသည်။ (more…)
Read More
သတင်းသမား ဖိုးသီဟအပါအဝင် ပြည်သူ (၇) ဦးကို သတ်ထားသူများအား စစ်သုံ့ပန်းအဖြစ် AA ဖမ်းဆီးထား

သတင်းသမား ဖိုးသီဟအပါအဝင် ပြည်သူ (၇) ဦးကို သတ်ထားသူများအား စစ်သုံ့ပန်းအဖြစ် AA ဖမ်းဆီးထား

RNA_ဖေဖော်ဝါရီ(၂၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ခမရ (၃၇၈) ဗဟိုကင်းအချုပ်တွင် ဖမ်းဆီးခံထားရသည့် သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ အပါအဝင် ပြည်သူ (၇) ဦးကို သတ်မိန့်တိုက်ရိုက်ပေးခဲ့သည့် ဗိုလ်မှူးသိန်းထိုက်စိုး၊ ခွင့်ပြုချက်ပေးသူ ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ သတ်ဖြတ်သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးအာကာမြင့် တို့ကို ရက္ခိုင့်တပ်တော်-AAက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသည်။ မြောက်ဦး ခမရ ၃၇၈ ဌာနချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားသည့် သတင်းသမား တဦးအပါအဝင် ပြည်သူ (၇) ဦးကို ခမရ ၃၇၈ တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုးက ပစ်သတ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး၊ မြောက်ဦးခရိုင် ဒုတိယရဲမှူးကြီး ခင်မောင်စိုးက ခွင့်ပြုခဲ့သည့်အတွက်၊ ခမရ ၃၇၈ မှ…
Read More
သတင်းသမားအပါအဝင် (၇) ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ရာဇဝတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ ဝန်ခံ

သတင်းသမားအပါအဝင် (၇) ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ရာဇဝတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ ဝန်ခံ

RNA_ဖေဖော်ဝါရီ(၂၉)၊၂၀၂၄ခုနှစ်။   ရခိုင်ပြည်နယ်၊ မြောက်ဦး ခမရ (၃၇၈) ဗဟိုကင်း အချုပ်တွင် ဖမ်းဆီးခံထားရသည့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် မတရားဖမ်းဆီးခံထားရသူ (၇) ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ရာဇဝတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးအာကာထွန်း၏ ဝန်ခံထွက်ဆိုချက်ကို ရက္ခိုင့်တပ်တော် -AAက ယနေ့ ထုတ်ပြန်လိုက်သည်။   #RedNewsAgency
Read More
ဖားကန့်လာသည့် လမ်းတလျှောက် စကစနှင့်ရှမ်းနီတပ်က အဓမ္မဖမ်းဆီး (ပေါ်တာဆွဲ) မှုများ ပြုလုပ်နေ

ဖားကန့်လာသည့် လမ်းတလျှောက် စကစနှင့်ရှမ်းနီတပ်က အဓမ္မဖမ်းဆီး (ပေါ်တာဆွဲ) မှုများ ပြုလုပ်နေ

RNA_ဖားကန့် ဖေဖော်ဝါရီ(၁၈)၊၂၀၂၄ ခုနှစ်။ ပြည်သူ့စစ်မှုထမ်းဥပဒေအား စစ်ကောင်စီက အတည်ပြုပြီးနောက် ဖားကန့်မြို့သို့ မြစ်ကြီးနား၊ မိုးကောင်း၊ ဟိုပင်နှင့် မိုးညှင်းမြို့များမှ တက်လာသည့် ခရီးသွားပြည်သူများအား လမ်းခရီးတလျှောက်ရှိ စစ်ကောင်စီတပ်ဂိတ်များ၊ SNA ရှမ်းနီလက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့စစ်များက ပေါ်ပေါ်တင်တင် စုဆောင်းရေး (ပေါ်တာ) ဆွဲနေသည့်အတွက် သတိထား သွားလာကြရန် လိုအပ်ကြောင်း ဖားကန့် KPDF ထောက်ပို့ တစ်ဦးက ပြောသည်။ "ကျနော်တို့ ပြည်သူတွေ ခုကာလမှာ အရေးမကြီးပဲ ခရီးမသွားဖို့၊ မပေါ့ဆဖို့၊ လမ်းခရီးကို သေချာစုံစမ်းပြီးမှသွားဖို့ ပြောချင်ပါတယ်၊ ဖားကန့်က မဆွဲဘူးဆိုတာ ဟုတ်ပါတယ်၊ ခုထိတော့မဆွဲကြဘူး၊ ဒါပေမယ့် မြို့ဧရိယာပဲမဆွဲသေးတာ၊ ဖားကန့်ကိုလာရတဲ့ လမ်းခရီးအရှည်ကြီးက စစ်ကောင်စီနဲ့ ရှမ်းနီလက်နက်ကိုင်၊ ပြည်သူ့စစ်တွေ…
Read More
ကလေးငယ် ၃ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၈) ဦးကို သတ်ဖြတ်သည့် သုံးပွင့်ဗိုလ်ကြီးနှင့်တပ်သားကို KNDF ဖမ်းဆီးရမိ

ကလေးငယ် ၃ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၈) ဦးကို သတ်ဖြတ်သည့် သုံးပွင့်ဗိုလ်ကြီးနှင့်တပ်သားကို KNDF ဖမ်းဆီးရမိ

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။ ကရင်နီပြည်၊ ရှားတောမြို့နယ်၊ တောင်ယာခင်းတစ်ခုတွင် စစ်ရှောင်နေကြသည့် အရပ်သားပြည်သူ မိသားစု (၃) စု အား ဖမ်းဆီးခဲ့၍ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ကလေးငယ် (၃) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးအပါအဝင် (၈) ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံများထဲက သုံးပွင့်ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦးအား KNDF က ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီထံမှ သိရသည်။ ရှားတောမြို့နယ်မတွင်း စစ်ရာဇတ်မှု ကျူးလွန်ထားသည့် စသ်ကောင်စီလက်အောက်ခံများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ရှားတောမြို့သိမ်းတို့က်ပွဲကို KA၊ KNDF၊ Loikaw PDF ပူးပေါင်းတပ်ဖွဲ့က…
Read More
ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ဆက်လက်ကျဆုံးနေ

ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ဆက်လက်ကျဆုံးနေ

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်- AA တို့ ယမန်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ စခန်းသိမ်းခံရမှုနှင့် သေဆုံးမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။ ရက္ခိုင့်တပ်တော်ထိုးစစ်ဆင်တိုက်နေသည့် မောင်တောဒေသရှိ ဗောဓိကုန်းစခန်းကိုလည်း ယမန်နေ့က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ (၁၄) လောင်းတွေ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် တောင်ကြောတွင်လည်း ခမရ (၅၃၆) တပ်ရင်း နှစ်ဖက်ရင်ဆိုင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၄)…
Read More
နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီလက်အောက်ခံများက ပစ်သတ်ဟု မိသားစုဝင်တဦးက အတည်ပြု

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီလက်အောက်ခံများက ပစ်သတ်ဟု မိသားစုဝင်တဦးက အတည်ပြု

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီလက်အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ဝေါတရားရုံးမှ ရုံးထုတ်အပြန်တွင် စစ်ကောင်စီလက်အောက်ခံများက ထွက်ပြေးရန်ကြိုးစားသည့်အတွက်ဟု အကြောင်းပြကာ ပစ်သတ်ခဲ့သည်ဟု သိရသည်။ “ကျွန်တော့်အမ၊ အတူတူအဖမ်းခံရတဲ့ အမျိုးသားလေး ၂ယောက်ကို ဝေါမြို့နယ် တရားရုံးမှာ ရမန်ယူတယ်။ အဲဒီကအပြန်မှာ သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအ‌‌ရောက် လေးခွင်းကို ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ခဲ့တယ်။ ပြီးတော့ဝေါဆေးရုံးကို ပို့လိုက်တယ်။ အဲဒီအချက်အလက်ကို ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် မင်းထက်သာက မိသားစုထံ အတည်ပြုပေးပါတယ်။ သူတို့ ၂ ယောက်ကို လူမသိ၊ သူမသိ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သင်္ဂြိုလ်ခဲ့တယ်။ ဘယ်နေရာမှာ သဂြိုလ်တယ်ဆိုတာကိုတော့…
Read More
AA ၏ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃)စင်း အပါအဝင် ၉ စင်းကို ချေမှုန်းနိုင်ခဲ့

AA ၏ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃)စင်း အပါအဝင် ၉ စင်းကို ချေမှုန်းနိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်နှင့်ကျောက်တော်မြို့နယ်တို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရက္ခိုင့်တပ်တော် AA ၏ တိုက်ခိုက်ချေမှုန်းမှုအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စင်းနှင့် ဇက်သင်္ဘော (၂) စင်းတို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး အခြားသော ၄ စီးမှာလည်း ရေချမရနိုင်အောင် ပျက်စီးသွားသည်ဟု AA ကထုတ်ပြန်ထားသည်။ ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၁) စင်းကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ စစ်သင်္ဘော…
Read More
ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်သည့်အတွက် PDF တပ်ဖွဲ့များထံ ဝင်ရောက်ရန် ဆက်သွယ်မှုများလာ

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်သည့်အတွက် PDF တပ်ဖွဲ့များထံ ဝင်ရောက်ရန် ဆက်သွယ်မှုများလာ

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၄ခုနှစ်။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက တပ်တွင်း အင်အားရှားပါးမှုကြုံနေရသည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်း အတည်ပြုလိုက်သည့်အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ပြီး ဝင်ရောက်လိုသူ များပြားလာကြောင်း သိရသည်။ “ အခု ကျနော်တို့ကိုဆက်သွယ်လာတာတွေ တော်တော်ကိုများပါတယ်။ မိဘတွေလည်းအကုန်စိတ်ပူနေကြပြီလေ ထွက်ပေါက်ကလည်း ရှားပါးနေတယ်လေ။ စခတွေလက်ထဲရောက်သွားရင်တော့ ပြန်လမ်းကမရှိဖြစ်ပြီ။ အဖွဲ့အစည်းတွေလည်းခေါ်တာတွေ များလာပါပြီ အခုတော့ အခြေအနေက မြို့ပြပြည်သူတွေအတွက် ဆိုးနေပြီ” ဟု မကွေးတိုင်းအတွင်းမှ PDF ရဲဘော်တဦးကပြောသည်။ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့မှုထမ်းဥပဒေအသက်သွင်းပြီး လက်တွေ့လုပ်ဆောင်တော့မည်ဖြစ်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တရားဝင် သဘောထားမှတ်ချက်နှင့် လုပ်ဆောင်ရမည့် ညွှန်ကြားချက်များ ယနေ့ နံနက်ပိုင်းအထိ ထွက်မလာသေးသည့်အတွက် ဒေသတွင်း PDF တပ်ဖွဲ့များနေဖြင့် လူသစ်လက်ခံဖို့ အခက်အခဲများရှိနေကြောင်း၊ အခြားသော NUG MOD…
Read More