RNA_ဇန်နဝါရီ(၆)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ကျေးရွာကို စီးနင်းဝင်ရောက်ပြီး တပ်စွဲထားသော အင်အား (၇၀) ခန့်ရှိစစ်ကောင်စီတပ် ယမန်နေ့ (ဇန်နဝါရီ ၅ ရက်) နေ့က တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံးကာ ၃ ဦးအရှင်ဖမ်းခံရသည်ဟု ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစုက ယနေ့ ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ သေဆုံးအရှင်ဖမ်းမိခဲ့ပြီးနောက် MA 1 (၅)လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ မြင်းခွာနင်းမိုင်း ၄ လုံး၊ ဒရုန်းဖြတ်စက် ၁ ခု၊ ၆၀ မမ ဗုံးသီး ၃ လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားချိန် (၅) နာရီခန့်အတွင်း စစ်ကောင်စီဘက်မှ ဂျက်ဖိုင်တာလေးစင်းဖြင့် အကြိမ် ၂၀ ကျော် လေကြောင်းပစ်ကူယူခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အုန္နဲဘုတ်ရွာကျေးရွာ တိုက်ပွဲတွင် ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း၊ ရွှေဘိုခရိင်အမှတ်(၂၃)တပ်ရင်း ကြောင်လက်သည်း တပ်ဖွဲ့၊ တပ်ရင်း ၁၈ တပ်ခွဲ (၁) ဝက်လက်မင်းသားကြီးအဖွဲ့၊ တပ်ခွဲ (၂) ProLife အဖွဲ့ တပ်ခွဲ(၃)ဗိုလ်သင်္ချိုင်းအဖွဲ့၊ တပ်ခွဲ (၄ )ဗိုလ်ကျားကြီးအဖွဲ့၊ ဝက်လက်ဒေါင်းနီအဖွဲ့၊
ဒေါင်းစစ်သည်အဖွဲ့များ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။
#RedNewsAgency #REDNEWS #RNA