ခုခံစစ်

“တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

“တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

ပြည်သူ PDF NUG လက်တွဲညီညီလှုပ်ရှားနေသည့်အတွက် တော်လှန်ရေးက အောင်ကိုယ် အောင်မည် RNA_နိုဝင်ဘာ(၅)၊၂၀၂၂ ခုနှစ်။   “ တော်လှန်ရေးက အောင်ကိုအောင်မှာပါ၊ ဘာလို့လည်းဆိုတော့ အခုချိန်ထိ ပြည်သူတွေနဲ့ PDF တွေ NUG တို့ဟာ အားလုံးက လက်တွဲညီညီ လှုပ်ရှားနေတာဖြစ်တဲ့အတွက် တနေ့တလံ ပုဂံဘယ်ရွေ့မလဲဗျာ၊ ဘယ်လိုပဲနေနေ အောင်မြင်မှုကတော့ ရကိုယ်ရမှာဖြစ်ပါတယ်၊ အဲဒီ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်မှုကြီးရသည့်တိုင်အောင် အားလုံး ယုံကြည်ချက်မပျက်ပဲနဲ့ လက်တွဲမှုဖြုတ်ဘဲနဲ့ ဆက်လက်ယုံကြည်ပြီးတော့ လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်”ဟု လူငယ်သူရဲကောင်းတပ် - YRF မှရဲဘော် ဖီးနစ်က ပြောကြားထားသည်။   စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် လူငယ်သူရဲကောင်းတပ်မှ ရဲဘော်ဖီးနစ်ကစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က တော်လှန်ရေးအခြေအနေများ၊…
Read More
စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

RNA_စက်တင်ဘာ (၂၅)၊၂၀၂၂ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာ၌ အကြမ်းဖက် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းထိပြီး စက်တင်ဘာလ (၂၄) ရက်နေ့က ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်း (၁) စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ ကျဆုံးခဲ့ရကြောင်း ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။ ကယားပြည်နယ် ( ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF)သည် အကြမ်းဖက်စစ်ကောင်စီ(စစ်အာဏာရှင်)တပ်ဖွဲ့နှင့် တိုက်ပွဲ(၁၅၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစ၍ သြဂုတ်လအထိ ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးသွားသော ရဲဘော် (၃၅)ဦးရှိကြောင်း၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရဲဘော် (၄)ဦး ထပ်မံကျဆုံးခဲ့ရသည့်အတွက် ရဲဘော် (၃၉)ဦးထိ ကျဆုံးခဲ့ရကြောင်း DMO-Local PDFက ယနေ့…
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိပြီး ကျန်တပ်သားများ ကစဉ့်ကလျား ထွက်ပြေး သွားခဲ့သည်ဟု သိရသည်။ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် (၂၂)ရက်နေ့မှစ၍ (၂၄)ရက်နေ့တွင် တစ်ကြိမ် ၊ ဇူလိုင် (၂၈)ရက်နေ့တွင်တစ်ကြိမ် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့သည်။ (more…)
Read More
လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။ ပွင့်ဖြူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပွင့်ဖြူ PDF ) က လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်သွားမည်မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ကျောင်းပိတ်ပြီး အမြန်ဆုံး ပြောင်းရွှေ့ကြရန်စသည့် သတိပေးမှုများထွက်ပေါ်နေကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စာသင်ကျောင်းများ၊ အသက်မွေး ဝမ်းကျောင်းများကို ကာကွယ်ရေးတပ်ဖွဲ့ (PDF)အမည်အသုံးပြုကာဖုန်းဆက်ခြိမ်းခြောက်သတိပေးခြင်းများပြုလုပ်လာပါက People Defence Force-Pwintbyu အနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။ (more…)
Read More
ပေါက်ရင်ယူ မပေါက်ရင်လှူ အစီအစဉ်က သေနတ်အတိုတလက် ဝယ်ယူနိုင်ခဲ့

ပေါက်ရင်ယူ မပေါက်ရင်လှူ အစီအစဉ်က သေနတ်အတိုတလက် ဝယ်ယူနိုင်ခဲ့

RNA_ဇူလိုင် ၇၊၂၀၂၂ ခုနှစ်။ နွေဦးတော်လှန်ရေး ကြာလာသည်နှင့်အမျှ ပြည်သူများ၏ လှူဒါန်းမှုများနည်းပါးလာသည့်အတွက် ကံစမ်းမဲများရောင်းချကာ " ပေါက်ရင်ယူ မပေါက်ရင်လှူ" အစီအစဉ်အတိုင်း အမျိုးသားကာကွယ်ရေးကွန်ယက်မှ သေနတ်အတိုတလက်စသည်တို့ကို ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထပ်မံပြီး မဲများဝယ်ယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ကို လှူဒါန်းကြရန် ရဲဘော် ကိုလင်းသူရထွန်းက တိုက်တွန်းထားသည်။ Red News Agency  
Read More
လူငယ်တော်လှန်ရေးတပ်ဦး၏ အခြေခံစစ်သင်တန်း အောင်မြင် 

လူငယ်တော်လှန်ရေးတပ်ဦး၏ အခြေခံစစ်သင်တန်း အောင်မြင် 

RNA_ဇူလိုင် ၆၊၂၀၂၂ခုနှစ်။ စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံနေသည့် လူငယ်တော်လှန်ရေးတပ်ဦး-YRF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၂) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကို ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ RedNewsAgency
Read More
စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများတွင် ခံစစ်ပြုလုပ်ရာတွင် မိုင်းထောင်ကြရန် ညွှန်ကြား

စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများတွင် ခံစစ်ပြုလုပ်ရာတွင် မိုင်းထောင်ကြရန် ညွှန်ကြား

RNA_ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ်စခန်းများနှင့် ရဲစခန်းများတွင် ခံစစ်ပြင်ဆင်ရာတွင် ရှေ့ထွက်မိုင်းနှင့် စွန့်လွှတ်မိုင်းများ ထောင်ထားကြရန် ညွှန်ကြားထားကြောင်း သိရသည်။ ရန်သူဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများတွင် မိုင်းထောင်ကြရန်၊ လိုအပ်သည့် မိုင်းများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြမယန်လည်တင်ပြကြရန် စစ်ကောင်စီတပ်က ညွှန်ကြားစာတစောင်တွင် တွေ့ရှိရသည်။ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့များ၊ ဌာနချုပ်များ၊ ရဲစခန်း၊ ရဲကင်းစခန်းများ၏ ခုခံစစ် လုပ်ငန်းများတွင် ဘန်ကာများ၊ ခေါင်ကတုတ်ပါ ပစ်ကျင်းများ၊ ခြံစည်းရိုးများ၊ ဆက်သွယ်ရေးမြောင်းများ၊ ရင်တားများ၊ ငြှောင့်ကျင်းများနှင့် မိုင်းထောင်ထားမှုများ ရှိ မရှိ စစ်ဆေးကြရန် တိုင်းစစ်ဌာနချုပ်များက ညွှန်ကြားထားသည်။ Red News Agency…
Read More
“မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ”

“မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ”

"မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ"ဟုဆိုကာ ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ ဓာတ်ပုံများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ RNA_ဇန်နဝါရီ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွင် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီ "မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ" “ငါတို့အားလုံးသည် ကိုဂျင်မီ ငါတို့အားလုံးသည် ဇေယျာသော်" ဟု ဆိုကာ ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ " ကျွန်တော်တို့ပြည်သူလူထုအားလုံးဟာ ကိုဂျင်မီလိုစိတ်ဓာတ် ကိုဇယျာသော်လိုစိတ်ဓာတ် မျိုးကိုကိုင်စွဲပြီးရဲရဲဝံ့ဝံ့နဲ့ မတရားတဲ့အမိန့်ဟူသမျှကိုဖီဆန် ဆန့်ကျင်ပြီးစစ်အာဏာရှင်အမြစ်ပျက်ဖို့အရေးကိုဦးတည်၍ လူထုအားလုံးညီညာစွာ စစ်အာဏာရှင်ရဲ့လက်အောက်ခံထောက်တိုင်များကိုဖြိုဖျက်ဖို့အတွက် မတရားတဲ့အမိန်ဟူသမျှဖီဆန်ကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်" ဟု သပိတ်တွင် ပါဝင်သူတဦးက ပြည်သူများကို ပြောကြားခဲ့သည်။ ဓာတ်ပုံ : ပေးပို့ CJ Red News…
Read More
စစ်ကိုင်းတိုင်းမှာ Mytel တာဝါတိုင်တွေ လက်နက်ထုတ်လုပ်ရာတွင် အသုံးပြု

စစ်ကိုင်းတိုင်းမှာ Mytel တာဝါတိုင်တွေ လက်နက်ထုတ်လုပ်ရာတွင် အသုံးပြု

RNA_ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ်၏ ပိတ်ပင်တားမြစ် ဖမ်းဆီးမှုများနှင့် လက်နက်မပြည့်စုံသည့် စစ်ကိုင်းတိုင်းအတွင်ူက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည့် Mytel တာဝါတိုင်များကို အသုံးပြုပြီး လက်နက်ထုတ်လုပ်ရေးများတွင် အသုံးချနေကြောင်း သိရသည်။ " မိုင်တဲ မိုက်တယ်မိုက်တယ်ဆိုတာ တကယ်မှန်သွားပါပြီ။ ဖောက်ခွဲပြီး ဖျက်ဆီးပစ်တာကို ရိုးမဖိုက်တာအားမပေးပါဘူး။ အသာယာလဲချပြီ လိုသလို တပ်ရင်းများအတွက် အသုံးချနိုင်ဖို့စမ်းသပ်နေပါတယ်" ဟု YOMA Fighter အဖွဲ့က ပြောကြားထားသည်။ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်း၊ လက်နက်ကြီး စသည်တို့ကို ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်သည့် အနေအထားရောက်နေသည့် စစ်ကိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြောင့် စစ်ကောင်စီတပ် အထိနာနေပြီး လေကြောင်းပစ်ခတ်မှုများ၊ လက်နက်ကြီး ပစ်ကူနှင့် လေကြောင်းမှတပ်သားများကို သယ်ယူအသုံးပြနေကြရကြောင်း၊ ပြည်သူ့ကာကွယ်ရေး…
Read More
MDF Special Forces နှင့် မင်းကင်း PDF တပ်ခွဲ (၂) ခု စစ်ကောင်စီတပ် တိုက်စစ်ကြောင့် စခန်းစွန့်ခွါ

MDF Special Forces နှင့် မင်းကင်း PDF တပ်ခွဲ (၂) ခု စစ်ကောင်စီတပ် တိုက်စစ်ကြောင့် စခန်းစွန့်ခွါ

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်တိုင်း၊ မင်းကင်း မြစ်ရိုးအောက် မင်းကင်း PDF တပ်ခွဲ (၁)၊ တပ်ခွဲ (၂) နှင့် MDF Special Forces စခန်း နေရာအား ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် အင်အားအလွန်အကျွံဖြင့် တိုက်စစ်ဆင်လာသည့်အတွက် စခန်းစွန့်ခွါခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ရဖြင့် PDF ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ် မှ စခန်းပတ်လည်ထောင်ထားသည့်မိုင်းများ နင်းမိကြကြောင်း၊ နယ်မြေကျွမ်းကျင်မှုကြောင်း PDF ရဲဘော်များ စခန်းထားခဲ့ကာ လွတ်မြောက်လာပြီဖြစ်ကြောင်း MDF ကထုတ်ပြန်ထားသည်။ Photo: MDF Special Force…
Read More