MDF Special Forces နှင့် မင်းကင်း PDF တပ်ခွဲ (၂) ခု စစ်ကောင်စီတပ် တိုက်စစ်ကြောင့် စခန်းစွန့်ခွါ

Written by

in

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

စစ်ကိုင်တိုင်း၊ မင်းကင်း မြစ်ရိုးအောက် မင်းကင်း PDF တပ်ခွဲ (၁)၊ တပ်ခွဲ (၂) နှင့် MDF Special Forces စခန်း နေရာအား ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် အင်အားအလွန်အကျွံဖြင့် တိုက်စစ်ဆင်လာသည့်အတွက် စခန်းစွန့်ခွါခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ရဖြင့် PDF ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ် မှ စခန်းပတ်လည်ထောင်ထားသည့်မိုင်းများ နင်းမိကြကြောင်း၊ နယ်မြေကျွမ်းကျင်မှုကြောင်း PDF ရဲဘော်များ စခန်းထားခဲ့ကာ လွတ်မြောက်လာပြီဖြစ်ကြောင်း MDF ကထုတ်ပြန်ထားသည်။

Photo: MDF Special Force

Red News Agency

 

Comments

Leave a Reply

Your email address will not be published. Required fields are marked *