စစ်ကောင်စီ လက်နက်ကြီး ထိမှန်ပြီး ကလေး ပ.က.ဖ မှ ရဲဘော် (၂) ဦးကျဆုံး

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ နတ်ချောင်း ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီး ထိမှန်ကာ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ) က ရဲဘော် (၂) ဦးကျဆုံးခဲ့ရပြီး PDF ( Kalay) မှ (၁) ဦး၊ CNDF မှ (၁) ဦး၊ ပ.က.ဖ မှ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ် တောင်ပိုင်း၊ နတ်ချောင်း ကျေးရွာ အထက်တန်းကျောင်းနှင့် အောင်ဆုပန် ဘုန်းကြီး ကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၂၆ ရက် ညနေ့ ၆ နာရီမှစတင်ကာ PDF (Kalay) ၊ CNDF၊ ပ.က.ဖ၊ RKDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ( ဒီဇင်ဘာလ ၂၇ ရက်) နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်အထိ ဝိုင်းညှပ်ပိတ်ဆို့ တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ် အကျအဆုံး များနိုင်ပေမဲ့ အတည်မပြုနိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်အထိနာနေသည့်အတွက် ကလေးတက္ကသိုလ်ဘက်မှ စစ်ကောင်စီတပ်က မြှောက်များဖြင့် နတ်ချောင်းကျေးရွာဦးတည်ကာ ပစ်ခတ်ခဲ့သည့်အတွက် ပ.က.ဖ ရဲဘော် (၂) ဦး ကျဆုံးခဲ့ကြောင်း PDF ( Kalay)က ထုတ်ပြန်ထားသည်။

ယနေ့ နံနက် (၃) နာရီ ၃၀ မိနစ်ဝန်းကျင်က PDF ( Kalay) နှင့် CNDF ပူးပေါင်းတပ်က ကလေးမြို့၊ ဗိုလ်ချုပ်လမ်း၊ ဝယ်စလီလမ်းထောင့်ရှိ စစ်ကောင်စီတပ်ကင်းစခန်းနှင့် စမ်းမြို့မူးယစ်ရဲတပ်ဖွဲ့စခန်းတို့ကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အတွက် စစ်ကောင်စီတပ်သားများ အသေအဆုံးရှိနိုင်ကြောင်း သိရသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *