မန္တလေးတိုင်း

ဝမ်းတွင်းမြို့နယ်တွင် မှတ်ပုံတင်လုပ်ရာ၌ လဝက ဝန်ထမ်းများ ငွေပိုတောင်းနေ

ဝမ်းတွင်းမြို့နယ်တွင် မှတ်ပုံတင်လုပ်ရာ၌ လဝက ဝန်ထမ်းများ ငွေပိုတောင်းနေ

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၄ခုနှစ်။ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် မှတ်ပုံတင်ပြုလုပ်ရာတွင် စစ်ကောင်စီလက်အောက်ခံ လဝက ဝန်ထမ်းများက ငွေပိုတောင်းမှုများရှိကြောင်း အကျိုးဆောင် (ပွဲစား) နှင့် ဒေသခံများထံမှ သိရသည်။ "ရုံးမှာရှိတဲ့ စစ်ကောင်စီဘက်က ၁၀၀၀၀ တိုးတောင်းနေတာ ကျနော်တို့က တိုးတောင်းရင် မကောင်းတော့ဘူးလေ လုပ်တဲ့လူတွေဘက်လဲပြန်ကြည့်ရမယ်လေ ကျနော်တို့ကစာရွက်စာတမ်းကြေးနဲ့ ဘာမှမကျန်ပါဘူး" ဟု မှတ်ပုံတင်လိုက်လံလုပ်ဆောင်ပေးသည့် အကျိုးဆောင် တစ်ဦးက ပြောသည်။ (more…)
Read More
ပြည်သူ့အားကိုးဖြင့် မိုက်နေသော ဗိုလ်မိုက်ခဲ

ပြည်သူ့အားကိုးဖြင့် မိုက်နေသော ဗိုလ်မိုက်ခဲ

RNA_ဒီဇင်ဘာ(၁)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်နယ်နှင့် မန္တလေးတိုင်း မြင်းခြံမြို့နယ် အခြေစိုက် NUG/MOD PDF မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ပြည်သူ့အားကိုးဖြင့် မိုက်နေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ ဗိုလ်မိုက်ခဲဦးဆောင်သော တပ်ဖွဲ့အနေဖြင့် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် အသင့်ဖြစ်နေသည့်အတွက် မြို့သိမ်းတိုက်ပွဲအတွက် လိုအပ်နေသော "End Point" ကမ်ပိန်းကို ပြည်သူများအနေဖြင့် ကူညီထောက်ပံ့ရန် မိဘပြည်သူများအား ဗိုလ်မိုက်ခဲက အထူးမေတ္တာရပ်ခံထားသည်။ #RedNewsAgency #RNA #RedNews #Ahnyar
Read More
5.56mm ကျည်သုံး ကာဘိုင်သေနတ် ဗိုလ်မိုက်ခဲအဖွဲ့ ထုတ်လုပ်အောင်မြင်

5.56mm ကျည်သုံး ကာဘိုင်သေနတ် ဗိုလ်မိုက်ခဲအဖွဲ့ ထုတ်လုပ်အောင်မြင်

RNA_နိုဝင်ဘာ(၈)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုဒေသနှင့်မြင်းခြံဒေသအခြေစိုက် Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် 5.56mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်အား နိုဝင်ဘာ ၇ ရက်နေ့က ထုတ်လုပ်အောင်မြင်ခဲ့ပြီဖြစ်သည့်အတွက် ရှေ့တန်းစစ်မျက်နှာပြင်မှ ကျားမဲလေးများ ကိုင်ဆောင်ထားသော ကိုးလုံး (ရှော့ဂမ်း) နေရာတွင် 5.56mm ကျည်သုံး ကာဘိုင်သေနတ်များကို အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar
Read More
အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များ လူထုအပေါ် ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် ရိုင်းပြစွာ စော်ကားပါက တိုင်ကြားနိုင်

အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များ လူထုအပေါ် ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် ရိုင်းပြစွာ စော်ကားပါက တိုင်ကြားနိုင်

RNA_အောက်တိုဘာ(၃၁)၊၂၀၂၄ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူနှင့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအများပြင် အခြားသော ဒေသတွင်းတိုက်ပွဲများ ဆင်နွှဲနေသော NUG/MOD-PDF အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များအနေဖြင့် လူထုအပေါ် ကိုယ်အမူအရာဖြင့် ဖြစ်စေ၊ နှုတ်အမူအရာအဖြင့်ဖြစ်စေ ရိုင်းပြစော်ကားမှုများရှိပါက တပ်ရင်း Page နှင့် တပ်ရင်းခေါင်းဆောင်များထံ တိုင်ကြားနိုင်ကြောင်း သိရသည်။ (more…)
Read More
စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတော်များနှင့် ကလေးငယ်များအပါအဝင် ၁၂ ဦးသေဆုံး

စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတော်များနှင့် ကလေးငယ်များအပါအဝင် ၁၂ ဦးသေဆုံး

RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ ခုနှစ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းအား ယနေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် သံဃာတော်များ၊ ကလေးငယ်များအပါအဝင် (၁၂) ဦးခန့် သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားသည်။ (more…)
Read More
ကျန်းမာရေးဆိုးဝါးပြီး နောက်ဆုံးအချိန်ရောက်မှသာ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို လွှတ်ပေး

ကျန်းမာရေးဆိုးဝါးပြီး နောက်ဆုံးအချိန်ရောက်မှသာ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို လွှတ်ပေး

ဍRNA_အောက်တိုဘာ(၆)၊၂၀၂၄ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က အာဏာသိမ်းသည့် နေ့မှစပြီး ဖမ်းဆီး အကျဉ်းချထားသည့် မန္တလေး တိုင်း၀န်ကြီးချုပ်၊ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်သည် ကျန်းမာရေးဆိုးဝါးပြီး နောက်ဆုံးအချိန်ရောက်မှ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။ "ICU ထဲရောက်နေတဲ့ အခုအခြေအနေက နောက်ဆုံးအခြေအနေလို့ ပြောလို့ရတယ်။ ရှင်သန်ဖို့ နည်းပါးသွားပြီ။ ဒီလို အခြေအနေမှာ ရှင်သန်တဲ့သူတော့ မရှိဘူး။ ဒီနေ့မဟုတ် မနက်ဖန် ဆိုတာမျိုးပဲ။ ရှင်သန်ဖို့အခွင့်အရေးနည်းပါးပြီး နောက်ဆုံးအခြေအနေလို့ ပြောလို့ရတယ်” ဟု CDM ဆရာဝန်တဦးက ပြောပြသည်။ (more…)
Read More
သတိလစ်မော့မြောနေသော ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက လွတ်ငြိမ်းအမိန့်ဖတ်ပြ

သတိလစ်မော့မြောနေသော ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက လွတ်ငြိမ်းအမိန့်ဖတ်ပြ

RNA_အောက်တိုဘာ(၆)၊၂၀၂၄ခုနှစ်။ အာဏာသိမ်းစစ်ကောက်စီက အဓမ္မဖမ်းဆီးထားသော မန္တလေး တိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီးတွင် သတိလစ်မေ့မြောနေသည့်အနေအထားတွင် စစ်ကောင်စီလက်အောက်ခံများက ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဖတ်ပြသွားသည်ဟု သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ (၅) ရက်နေ့က ကျန်းမာရေးဆိုးရွားလာသည့်အတွက် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရာ ယနေ့ ညနေပိုင်းအထိ သတိလစ်မြောနေချိန် စစ်ကောင်စီလက်အောက်ခံများက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်လာဖတ်ပြခဲ့သည်ဟု NLD ပါတီဝင် တချို့ထံမှ သိရသည်။ #RedNewsAgency #RNA
Read More
စခန်းစီးနင်းတိုက်ခိုက်သော စစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့

စခန်းစီးနင်းတိုက်ခိုက်သော စစ်ကောင်စီတပ်ကို မဟာမိတ်များဖြင့် ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့

RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ ခုနှစ်။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger (MBT) တပ်ဖွဲ့ စစ်ကြောင်း -၃ အခြေချ တပ်စခန်းများအား အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီလက်အောက်ခံများက ယနေ့ နံနက် ၅ နာရီခန့်က စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ခဲ့ရန် ကြိုးပမ်းခဲ့သော်လည်း မဟာမိတ်များဖြင့် ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ် လေကြောင်းပစ်ကူပါ ယူခဲ့ရသည်ဟု သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းအား ခုခံတိုက်ခိုက်မှုကြောင့် နောက်ဆုတ်သွားချိန် နံနက် (၇) နာရီခန့်၌ မြင်းခြံခရိုင် အမှတ် (၁၊၂၊၃၊၇၊၈)တပ်ရင်းများ၊ မြင်းခြံခရိုင်ပကဖ၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့၊ အမှတ် ၈၁၅ တပ်ရင်း (PLA)…
Read More
ရေကြီးရေလျှံမှုအတွင်း လူသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလိမ်ညာထုတ်ပြန်

ရေကြီးရေလျှံမှုအတွင်း လူသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလိမ်ညာထုတ်ပြန်

RNA_စက်တင်ဘာ(၁၈)၊၂၀၂၄ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ရေဘေးအတွင်း ပြည်သူများသေဆုံးမှု စာရင်းများကို စစ်ကောင်စီက ဖုံးကွယ်ထားပြီီးလိမ်လည်ထုတ်ပြန်နေကြောင်း တွေ့ရှိရသည်။ ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာတွင် ပျက်စီးဆုံးရှုံးမှုများခဲ့သော်လည်း စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်း၏ ပြောကြားချက်ကို စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီသတင်းစာ၌ ထည့်သွင်းဖော်ပြရာတွင် သပြေပင်ကျေးရွာ၌ ပြည်သူ (၈) ဦးသာသေဆုံးခဲ့သည်ဟု လိမ်လည်ပြောကြားထားသည်။ (more…)
Read More
စစ်ကောင်စီလက်အောက်မှ ဆင် ၁၃၈ ကောင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ ထိမ်းသိမ်းစောင့်ရှောက်ထား

စစ်ကောင်စီလက်အောက်မှ ဆင် ၁၃၈ ကောင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ ထိမ်းသိမ်းစောင့်ရှောက်ထား

RNA_စက်တင်ဘာ(၃)၊၂၀၂၄ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီ၏ သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်များနှင့် ဆင်အုပ်၊ ဆင်ထိန်း မိသစုများ ပြည်သူ့လွတ်မြောက်ရေးတပ်တော် - PLA စိုးမိုးနယ်မြေအတွင်း ရှောင်တိမ်းလာသူများအပါအဝင် စုစုပေါင်း ဆင် ၁၃၈ ကောင်ပါဝင်သော ဆင်ဝိုင်း ၂၁ ဝိုင်းကို PLA ၂၂၂ တပ်ရင်းမှ ထိမ်းသိမ်းကာကွယ်ထားသည်ဟု သိရသည်။ PLA အနေဖြင့် ပြည်သူ့ဒီမိုကရေစီ အစိုးရသစ် လက်ထက်တွင် ပြန်လည် ၍ သက်ဆိုင်ရာဌာနများသို့ အပ်နှံသွားမည်ဖြစ်ကြောင်း၊ ဆင်များကို ပြည်သူပိုင်ရတနာအဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာအသိပေး အကြောင်းကြားထားသည်။ (more…)
Read More