Tag: မကွေးတိုင်

  • သေနတ်လည်းကိုင် အပ်လည်းကိုင်နေရသည့် သူနာပြုတပ်

    RNA_ဇွန်(၁၈)၊၂၀၂၅ခုနှစ်။
     
    “သေနတ်ကိုင်ဖို့လာတဲ့သူက အပ်ကိုင်ဖြစ်သွားတာပေါ့” ဟု ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့ – NUG တာဝန်ခံ ရဲဘော်မင်းခေါင်က တပ်ဖွဲ့ပေါ်ပေါက်လာသည့် အခြေအနေ တစ်ချို့ကို ပြောပြထားသည်။
    #RedNewsAgency #RNA #RedNews
  • ဗမာ့တပ်တော်က ဘာတွေလုပ်နေပြီး ဘာတွေပြောထားလဲ / Red News Agency

    ဗမာ့တပ်တော်က ဘာတွေလုပ်နေပြီး ဘာတွေပြောထားလဲ / Red News Agency

    ဗမာ့တပ်တော်က ဘာတွေလုပ်နေပြီး ဘာတွေပြောထားလဲ RNA_ဇွန်(၇)၊၂၀၂၅ခုနှစ်။ ဗမာ့တပ်တော်အနေဖြင့် စစ်ရေး ရည်မှန်းချက်များ၊ လုပ်ဆောင်ချက်များ၊ ဆက်လက်လုပ်ဆောင်မည့် အခြေအနေများနှင့် ပတ်သက်ပြီး Red News Agency နှင့်အင်တာဗျူးတွင် ပြည့်ပြည့်စုံစုံပြောပြထားသည်။

    [embedyt] https://www.youtube.com/watch?v=vWxIBTmmoIo[/embedyt]

    #RedNewsAgency #RedNews #RNA

  • ၁၆ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှ (၃၀) ခန့်ကျဆုံး

    ၁၆ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှ (၃၀) ခန့်ကျဆုံး

    RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် (၁၆) ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းမှ (၃၀) ခန့်ကျဆုံးပြီး မ​ကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Columnမှ ရဲဘော် တစ်ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

    စလင်းမြို့နယ် ဝမ်းပြည့်ကျေးရွာတွင် ခေတ္တအခြေချနေသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများကို စစ်ကြောင်းထိုးခဲ့သည့်အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဗမာ့တပ်တော်(BA)ထံမှ သိရသည်။

    (more…)

  • KTV သွားသည့် စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးကို PDF ဖမ်းဆီး

    KTV သွားသည့် စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးကို PDF ဖမ်းဆီး

    RNA_မေ(၂၄)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ရဲဒုတပ်ကြပ်သီဟအောင်၊ ရဲတပ်သားလှဘုန်း၊ ရဲတပ်သားတို့သည် ပခုက္ကူမြို့ရှိ KTV သို့ မေလ ၁၈ ရက်နေ့က သွားရောက်စဉ် လမ်း၌ Southern Local PDF နှင့်မဟာမိတ်များက ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

    စစ်ကောင်စီလက်အောက်ခံ ရဲ (၃) ဦးကိုဖမ်းဆီးရမိစဉ်အတွင်း လက်ပစ်ဗုံး (၂) လုံး၊ ဖုန်း (၃) လုံး၊ ငွေကျပ် ၂ ကျပ်နီးပါးတို့ကို သိမ်းဆည်းရမိကြောင်း၊ ဖမ်းဆီးရမိသော ရဲ (၃) ဦးအား စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု Southern Local PDF ကထုတ်ပြန်ထားသည်။

    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

    #RedNewsAgency

  • စိုးမိုးနယ်မြေအတွင်းမှ ကျောင်းဆရာ/ဆရာမများအား နှောက်ယှက်သူများကို အရေးယူမည်

    စိုးမိုးနယ်မြေအတွင်းမှ ကျောင်းဆရာ/ဆရာမများအား နှောက်ယှက်သူများကို အရေးယူမည်

    RNA_မေ(၁၉)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနှင့် မြေပြန်ဒေသ စစ်ဆင်ရေးလှုပ်ရှားနယ်မြေနှင့် ထိစပ်သောနယ်မြေများနှင့် စိုးမိုးဒေသအတွင်း ကျောင်းနေအရွယ်ကလေးသူငယ်များ ပညာသင်ကြားရန်လိုအပ်သည့်အတွက် တာဝန်ထမ်းဆောင်နေသော ကျောင်း ဆရာ/ဆရာမများအား နှောက်ယှက်ဟန့်တားခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းစသည့်တို့ကို ပြုလုပ်သူများအား အရေးယူမည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုမှ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်

    စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်

    RNA_မေ(၁၃)၊၂၀၂၅ခုနှစ်။
     
    မကွေးတိုင်း၊ ရေစကြိုမြို့၊ စစ်ကောင်စီ၏ ခလရ ၂၅၆၊၂၅၇၊ ၂၅၈ တပ်မှ အင်အား (၁၀၀) နီးပါးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ဆန်းသစ်ကျေးရွာ မြောက်ဘက်တွင် မေလ (၉) ရက်နေ့ နက်နံ (၇) နာရီကျော်က (၁) နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
     
    စစ်ကောင်စီတပ်စစ်ကြောင်းကို Southern YSO PDF “နတ်မိကျောင်း စစ်ဆင်ရေး”မှ ဦးစီးပြီး Southern Local တပ်ပေါင်းစု၊ Yesagyo Revolution Group (YRG)၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန်PDF၊ King Cobra၊ ဒေါင်းစစ်သည်နှင့် BNRA အဖွဲ့တို့မှ ကြားဖြတ်တိုက်ခဲ့ခြင်းဖြစ်သည်ဟု Southern YSO PDFထံမှ သိရသည်။

    (more…)

  • စစ်ကောင်စီ၏ ခလရ ၅၀ မှစစ်ကြောင်းထိုးပြီး ကလေးငယ် (၄)ဦး အပါအဝင် (၁၁) ဦးကို သတ်ဖြတ်ပြီး (၂၃) ဦးကို ဖမ်းဆီးသွား

    စစ်ကောင်စီ၏ ခလရ ၅၀ မှစစ်ကြောင်းထိုးပြီး ကလေးငယ် (၄)ဦး အပါအဝင် (၁၁) ဦးကို သတ်ဖြတ်ပြီး (၂၃) ဦးကို ဖမ်းဆီးသွား

    RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၅၀) နှင့် အမြှောက်တပ်မှ ပူးပေါင်းအင်အား ၁၀၀ ခန့်သည် ဂန့်ဂေါမြို့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ လယ်မကျေးရွာသို့ ယနေ့ (မေလ ၁၂ ရက်) နံနက်စောစော ၁ နာရီခန့်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကလေးငယ် (၄) ဦးအပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ဖြတ်ပြီး (၂၃) ဦးကိုဖမ်းဆီးသွားကြောင်း သိရသည်။

    လယ်မကျေးရွာ မြောက်ပိုင်းသို့ ဝင်ရောက်လာပြီးနောက် သေနတ်များပစ်ဖောက် ဖမ်းဆီးပြီးနှိပ်စက်ကာ မှိုင်းဝေ ၁၃ နှစ်၊ သျှန်ထွန်း ၁၂ နှစ် ( ၇ တန်းကျောင်းသား)၊ သီဟလင်း ၁၅ နှစ် (၉ တန်းကျောင်းသား)၊ မျိုးသီဟ ၁၅ နှစ် (၉ တန်းကျောင်းသား)၊ ကျော်စန်းခိုင် ၂၄ နှစ်၊ သက်ပိုင်ဦး ၂၃ နှစ်၊ အောင်ကြည်မင်း ၃၉ နှစ်၊ နေလင်းဦး ၂၅ နှစ်၊ ညီလေး ၂၇ နှစ်၊ ဂျွန်ဂိုဝင်း ၁၉ နှစ်၊ ကျော်မြတ်သူ ၁၉ နှစ်တို့ကို ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်ဟု ယောအလင်းတန်းအဖွဲ့ ကိုဘကောင်းထံမှ သိရသည်။

    (more…)

  • တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၃) ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် (၁) ဦးကျဆုံး

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၃) ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် (၁) ဦးကျဆုံး

    RNA_မေ(၁)၊၂၀၂၅ခုနှစ်။
     
    မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ခလရ ၂၅၈ မှထွက်လာသော အင်အား (၁၅၀) ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ရေစကြိုမြို့နယ် ပ.က.ဖ နှင့် ပခုက္ကူခရိုင် တပ်ရင်း အမှတ် (၉) ရဲဘော်များက ဧပြီလ ၂၉ ရက်နေ့က တစ်ရက်လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၃) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ဒဏ်ရရာရှိခဲ့ပြီး ရေစကြို ပ.က.ဖ ခွဲမှူးရဲဘော် (၁) ဦးကျဆုံးခဲ့ရသည်ဟု သိရသည်။

    (more…)

  • စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

    စလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

    RNA_ဧပြီ(၂၂)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    ဆင်ဖြူကျွန်းမြို့နယ်၊ နွယ်တမယ်ကျေးရွာမှ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက အင်အား ၁၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ကျီးသိုက်ကျေးရွာဝန်းကျင်နှင့် မြောင်းခွကျေးရွာအနီးတို့တွင် နံနက် (၈) နာရီ၊ နံနက် ၁၀ နာရီ ၃၀ မိနစ်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်ကောင်စီတပ် အသေအဆုံးများ အထိနာသည့်အတွက် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်အထိ လာရောက်ပစ်ကူပေးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ -စလင်း (စလင်း-ပကဖ) ကအသိပေးထားသည်။

    (more…)

  • တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၈) ဦးအရှင်ဖမ်းဆီးရမိ

    တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၈) ဦးအရှင်ဖမ်းဆီးရမိ

    RNA_ဧပြီ(၂၁)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ပဒါန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ရဲဘော်များပါဝင်သော မဟာမိတ်များနှင့် တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး၊ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် (၁၈) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


    ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၂၃) ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီး၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ (၆၃) ဦးသေဆုံးပြီး အရှင် (၁၈) ဦးဖမ်းဆီးရမိခဲ့သည်ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ကယနေ့ ထုတ်ပြန်ထားသည်။
    (more…)