ပုံမှန်မသုံးကြတဲ့အတွက် လျှပ်စစ်ယူနစ်တွေ တိုးလာရခြင်းဖြစ်သည့်ဟု လျှပ်စစ်အင်ဂျင်နီယာပြော

ယခုလ မီတာဆောင်ရာတွင် ပုံမှန်လတွေထက် ယူနစ်များလာကြောင်း ကြုံတွေ့နေရသည့်အတွက် မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးနှင့် တွေ့ဆုံမေးမြန်းရာတွင် ပုံမှန်သုံးနေပါက ယူနစ်တိုးလာစရာအ ကြောင်းမရှိဘူးဟု ဖြေကြားခဲ့ပါတယ်။

” အရင်လအတိုင်းဘဲ ပုံမှန်သုံးတာလို့ ပြောကြပေမဲ့ ဒေတာတွေ ရှိပါတယ်။ ထုတ်လုပ်ရတဲ့ ယူနစ်တွေ လက်ခံရတဲ့ ယူနစ်တွေ တိုးလာပါတယ်။ ပုံမှန်သုံးတယ်ဆိုရင် အဲဒီယူနစ်တွေ တိုးလာစရာ အကြောင်း မရှိပါဘူး။ ပုံမှန်မသုံးကြလို့ ယူနစ်တွေ တိုးလာတာပါ” ဟု မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူး ဦးထောင်းဇိုခိုင်က ပြောသည်။

ယခုလ မီတာစာရွက်များရောက်ရှိလာချိန်တွင် ၂၀၂၀ ခုနှစ် ပထမ လမှစတင်ကာ ဒုတိယ၊ တတိယလများတွင် မီတာယူနစ် ပုံမှန်ဖြစ်နေသော်လည်း ယခုလတွင် မီတာယူနစ်များ ပြီးခဲ့သည့်လများထက် ယူနစ်များ ပိုနေသည့်အတွက် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများရှိနေသည်။

Red News Agency

By Editor