မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ရဲ ၁၀ ယောက်ဝန်းကျင်က ထမင်းဆိုင်ထဲဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့

ရိုက်ကူး၊ ဒီလှိုင်း ၊ မကွေး၊ ဇွန် ၁၇ ရက်။

မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရွှေလမင်း ထမင်းဆိုင်ထဲဝင်ကာ မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ယူနီဖောင်းဝတ် ရဲ ၁ ဦးအပါအဝင် ယူနီဖောင်း မဝတ်သည့် ရဲ ၁၀ ဦးဝန်းကျင်က ဆိုင်ရှင်အပါအဝင် တွေ့ရှိသူများကို အသင့်ပါလာသည့် တုတ်များဖြင့် ရိုက်နှက်ပြီးကြောင်း၊ သေနတ်နှင့် ချိန်ကာ သတ်ပစ်လိုက်မည်ဟု ခြိမ်းခြောက်မှုများ ဇွန်လ ၁၄ ရက်နေ့ ည ၁ နာရီဝန်းကျင်က ပြုလုပ်သွားကြောင်း ထမင်းဆိုင်ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုးက ဇွန်လ ၁၇ ရက်နေ့တွင် ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ၊ ရိုက်နှက်မှုများ ပြုလုပ်သွားသူများကို အရေးယူနိုင်ရေး နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် ဝန်ကြီးချုပ်၊ ရဲချုပ် စသည်တို့ကို CCTV မှတ်တမ်းနှင့်တကွ တိုင်စာပေးပို့ထားသည်။

Red News Agency

By Editor