ကျောက်ပန်းတောင်းမြို့နယ် ပန်းကြိုင်ရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ဓာတ်ပုံ : ပစ်ခတ်ရှင်းလင်းခံရသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မြသိန်း

Written by

in

RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၂ ခုနှစ်။
 
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ တလင်းကုန်းအုပ်စု၊ ပန်းကြိုင်ရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မြသိန်း သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
 
စစ်ကောင်စီခန်ပ ပန်းကြိုင်ရွာ အုပ်ချုပ်ရေးမှူးကို နတ်မောက် ဒေါင်းစစ်သည်ပြောက်ကျားတပ်နှင့် Magway Guerrilla Warfare တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့က နေအိမ်ဝန်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့နယ်မှာ အကောင်ကြီးထဲမှာပါတယ်၊ အတင်းအဓမ္မမီတာခကောက်ပြီးပေးပေးတယ်၊ ယာဥ်တွေမတရားဖမ်းစီးပြီး လုပ်ဆောင်ပေးတယ်၊ စကစ တွေအတွက် သတင်းပေးတယ်၊ စကစ ခန့်အုပ်ကြီးလည်း ဖြစ်တယ်၊ စကစ ကို အခွန်ကောက်ပေးပြီး သတင်းပေးနေတာတွေက တော်လှန်ရေးအင်အားစုတွေအတွက်က တော်တော်ဆိုးတဲ့အနေအထားဖြစ်နေလို့ နေအိမ် ဝန်းထဲမှာ လေးချက်ပစ် ရှင်းလင်းခဲ့ရတာပါ” ဟု Magway Guerrilla Warfare မှ ပြောရေးဆိုခွင့်ရှိသူ ကိုနေဟမိ ကပြောသည်။
 
နတ်မောက် ဒေါင်းစစ်သည်ပြောက်ကျားတပ်နှင့် Magway Guerrilla Warfare တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်လက်အောက်ခံ ဒေါက်တိုင်များဖြစ်သည့် မည်သည့်ဌာနမှဖြစ်စေ သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီလက်ပါးစေများနှင့် နီးနီးကပ်ကပ်မနေကြရန် ယနေ့ ထုတ်ပြန်ချက်တွင် မေတ္တာရပ်ခံထားသည်။
 
နတ်မောက် ဒေါင်းစစ်သည်ပြောက်ကျားတပ်နှင့် Magway Guerrilla Warfare တို့ပူးပေါင်းပြီး မကွေးမြို့ပေါ်တွင်လည်း စစ်ကောင်စီလက်အောက်ခံများကို ပူးပေါင်းတိုက်ခိုက်မှုများပြု လုပ်ခဲ့ကြောင်း သိရသည်။
 
#RedNewsAgency