ဗိုလ်ချုပ်ပုံပါ တထောင်ကျပ်တန် ငွေစက္ကူနှင့်ပတ်သက်ပြီး သူတို့အမြင်

ရိုက်ကူး၊ ဒီလှိုင်းမကွေး၊ ဒီဇင်ဘာ ၃၀ ရက်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ တထောင်တန်ငွေစက္ကူတွေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက် ( ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့) နေ့တွင့် စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည့်အတွက် မကွေးမြို့က ဒေသခံ ပြည်သူတချို့ရဲ့ သဘောထားများကို မေးမြန်းတင်ဆက်လိုက်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် တထောင်ကျပ်တန်ငွေစက္ကူကို အလျား ၁၅၀မီလီမီတာ၊ အနံ၇၀မီလီမီတာရှိကာ ရှိပြီး၊ ငွေစက္ကူအပေါ်ဘက်မျက်နှာစာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာသားပါရှိပြီး ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားကြောင်း ၊ ဗိုလ်ချုပ်ပုံ ရေစာပါရှိမည်ဖြစ်ပြီး၊ နောက်ကြောဘက်တွင် လွှတ်တော်အဆောက်အဦပုံ ပါရှိမည်ဖြစ်ကြောင်းသိရသည်။

Red News Agency

By Editor