နိုင်ငံတော်အကျိုးစီးပွား ကွာကွယ်ရန် ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တစ်မျိုးသားလုံး ထောက်ခံဖို့ လိုဟုဆို

ဇော်ကြီး (ကုန်းဇောင်း)၊ ပွင့်ဖြူ ၊ ဒီဇင်ဘာ ၁၀ ရက်။

မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့တွင် မြန်မာနိုင်ငံ၏အကျိုးစီးပွားကာကွယ်ရန်အတွက်နယ်သာလန်နိုင်ငံ(အပြည်ပြည်ဆိုင်ရာတရားရုံးICJ)သို့ရောက်ရှိနေသောနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်အဖွဲ့အား မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ပြည်သူများက ဒီဇင်ဘာလ ၁၀ရက်နံနက်၈နာရီတွင်ပြည် ပွင့်ဖြူမြို့ လုံချမ်းသာဘုရားကွင်းပြင်၌စုရပ်လုပ်၍မြို့တွင်းလှည့်လည်ကာ ဝန်းရံထောက်ခံပွဲ ပြုလုပ်ခဲ့သည်။

” ဒီလိုခေါင်းဆောင်မျိုးဟာတိုင်းပြည်မှာနှစ်တစ်ရာမှာတစ်ယောက်ပေါ်ခဲ့တဲ့ခေါင်းဆောင်မျိုးဖြစ်တဲ့အတွက်တိုင်းပြည်ကိုကိုယ်စားပြုပြီးတော့ICJသွားပြီးအမှုရင်ဆိုင်သွားမှာဟာ သူတစ်ဦးတစ်ယောက်အတွက်အမှုရင်ဆိုင်သွားမှာမဟုတ်ပါဘူး၊ တိုင်းပြည်အတွက်သွားတာမလို့တစ်နိုင်ငံလုံး တစ်မျိုးသားလုံးဝန်ရံဖို့ လိုအပ်ပါတယ် ” ဟုကုန်းဇောင်းမြို့အုပ်ချုပ်ရေးမှူးဦးမြင့်ကျော်ကပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်‌ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်အဖွဲ့အားမြန်မာနိုင်ငံသူနိုင်ငံသားများမှ‌ထောက်ခံဝန်းရံပွဲအားလူမှုရေးအသင်းအဖွဲ့အစည်းများ၊ပညာရေးဝန်ထမ်းများ၊စိုက်ပျိုးရေးဝန်ထမ်းများ၊လျှပ်စစ်ဝန်ထမ်းများ၊ပြည်သူအင်းအား၃၀၀၀၀ခန့်တက်ရောက်ခဲ့ကြသည်။

Red News Agency

By Editor