PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိ

PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိဟု NUG ကာကွယ်ရေးဝန်ကြီးပြော

RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်ဖွဲ့ဝင်များ မဟာမိတ်များရဲဘော်များနှင့်အတူ စစ်မြေပြင်တိုက်ပွဲဝင်နေကြပြီး၊ တိုက်ပွဲဝင်ရန် အသင့်အနေအထား PDF တပ်ရင်းတပ်ဖွဲ့မြောက်များစွာ ရှိနေပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ‌ပြည်သူများကို အသိပေးထားသည်။

NUG/MODဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဥ်ရှိရှိ ဆင်နွှဲ​နေကြောင်း၊ ပြည်သူ့​တော်လှန်​ရေးတစ်စုံလုံး၏ Chain Of Command ဟာ NUG/MODနှင့် မဟာမိတ်များ ပူး​ပေါင်း​ဖော်​ဆောင်ထားသည့် ကွပ်ကဲမှုစနစ်ဖြစ်ပြီးတိုက်ပွဲ​တွေကို Chain Of Command​အောက်ကသွား​နေကြောင်း၊ အရပ်ဖက်ကွပ်ကဲမှုကို NUG/MODက တာဝန်ယူပြီး စစ်​ရေးဦး​ဆောင်မှုကို မဟာမိတ် စစ်​ရေးကျွမ်းကျင်သူများက တာဝန်ယူထားကြောင်း ဦးရည်မွန်က ဒီဇင်ဘာလ ၂၅ ရက်နေ့ညက ပြည်သူ့ခုခံတွန်းလှန်စစ် အစီအစဉ်များနှင့်ပတ်သက်ပြီး ရှင်းပြထားသည်။

ဖဲကြိုးဖြူလှုပ်ရှားမှု ပါဝင်သည့် PDF များကို NUG/MOD- FB Page တွင် တွေ့ရစဉ်

” အခုဆိုရင် Regular PDF တပ်ရင်းများ ရာနဲ့ချီပြီး စနစ်ကျတဲ့ Chain Of Command ​အောက်မှာ ဖွဲ့စည်းထူ​ထောင်ပြီး ဖြစ်သလို လက်နက်တပ်ဆင်မှုကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မျှမျှတတဖြစ်​အောင် စီမံ​ဆောင်ရွက်​နေပါတယ်။တချိန်တည်းမှာပဲ စစ်မဟာ ဗျူဟာအရ စစ်​ရေးစီမံချက်အရ ဦးစား​ပေးတပ်ဆင်ရတဲ့ ​ဒေသ​တွေ ရှိဆိုတာလည်း အစီရင်ခံလိုပါတယ်။ စစ်တိုက်တဲ့အခါ လက်နက်ဟာ မရှိမဖြစ် လိုအပ်​ပေမယ့် လက်နက်ရှိတိုင်း စစ်တိုက်လို့ ရတာ​တော့ မဟုတ်ပါဘူး။အမိန့်​ပေး ကွပ်ကဲမှုစနစ် Chain Of Commandတည်​ဆောက်မှု ၊မဟာမိတ်​တွေရဲ့ နားလည်ယုံကြည်မှုနဲ့ ပူးပေါင်း​ဆောက်ရွက်မှု၊​ထောက်ပို့နဲ့ ဆက်သွယ်​ရေးယန္တရား တည်​ဆောက်မှု၊ ဗျူဟာ​မြောက် ဟန်ချက်ညီ ​ဆောင်ရွက်နိုင်မှု​တွေဟာ အလွန်အ​ရေးကြီးပါတယ်” ဟု ဦးရည်မွန်က ပြောထားသည်။

ဖဲကြိုးဖြူလှုပ်ရှားမှု ပါဝင်သည့် PDF များကို NUG/MOD- FB Page တွင် တွေ့ရစဉ်

စစ်မြေပြင်က ပြည်သူ့ရဲဘော်များ ကျဆုံးသတင်း ကြားရတိုင်း NUG အပေါ် အားမလို အားမရဖြစ်သည့်အပေါ် နားလည်ကြောင်း၊ NUG ဘာလုပ်နေလဲဟု ပြစ်တင်​မမောင်းမဲတာ (အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ)ကို အ​လေးအနက်ထားကြောင်း၊ စစ်မဟာဗျူဟာနှင့် စီမံချက်များဟာ စစ်​ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ဖြစ်သည့်အတွက် အားလုံး အသိ​ပေး ရှင်းပြခြင်း မပြုနိုင်သည့်အ​ပေါ် နားလည်​ပေးဖို့ ​ဦးရည်မွန်က ပြည်သူများနှင့်အတူ ရဲ​ဘော်များ မိတ်​ဆွေများကို ပန်ကြားထားသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *